ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...
MgHla's ဒိုင်ယာရီ
Comments
အလွန်ကြိုက်..အလွန်မိုက်..
ဟိဟိ ထပ်လုပ်ပေးဦးနော်..
အပေါ်က အိပ်မက် အမြဲမက်နေတဲ့ကောင်လေး ပြောတာမျိုးတွေ
:D
Gtalk user လေးတွေနဲ့ Q နေပါတယ်...
အဲဒီဟာလေးပါ လုပ်ပေးပါဦး...
အချိန်ရတယ်ဆိုရင်ပေါ့နော်..
ကျေးဇူးတင်ပါတယ်...
လေးပြုတယ်ဗျာ....
မိသားစုဘ၀ပျော်ရွှင်ပါစေ
အမေအကြောင်းဖတ်ချင်တယ်ရေးပေးပါဗျာ
ဦးလေးမောင်လှ...အာဘော်ပေါ့
Messi
ကူညီပါ