gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ကျော့်သိသမျှ Zabbix အကြောင်း - ၂ (Zabbix Installation)


https://www.zabbix.com/download ကိုဝင်ကြည့်မယ်ဆိုရင် Zabbix Installation နည်းလမ်းတွေကို မြင်ရပါတယ်... ကျော့်ကတော့ ကျော့်အတွက် အလွယ်ဆုံးဖြစ်တဲ့ Appliance နည်းနဲ့ပဲ Install လုပ်ခဲ့ပါတယ်... Installation လုပ်နည်း မပြောခင် Zabbix Installation နည်းလမ်းတွေ ကြည့်ကြည့်ရအောင်...


Install from Packages 



Install from Packages နည်းလမ်းကတော့ သက်ဆိုင်ရာ Linux OS တွေပေါ်မှာ Zabbix Installation လုပ်နည်းတွေပါ... သက်ဆိုင်ရာ OS ကို အရင် install လုပ်ထားရမှာ ဖြစ်ပါတယ်...
ဥပမာ - ကိုယ်က Raspberry Pi ပေါ်မှာ Zabbix ကို Install လုပ်မယ်ဆိုပါတော့... Pi ပေါ်မှာ Raspbian OS ကို အရင် တင်ထားရမှာပါ... ပြီးရင် ကိုယ်တင်မယ့် Zabbix version ကို ရွေး >  Raspbian ကိုရွေး > OS Version ကိုရွေး > ကိုယ်သုံးမယ့် Database အမျိုးအစား ကိုရွေး > ကိုယ်သုံးချင်တဲ့ Web Server အမျိုးအစားကို ရွေးလိုက်မယ်ဆိုရင် 2 Install and configure Zabbix server for your platform အောက်မှာ Terminal မှာ Zabbix Install လုပ်ရမယ့် အဆင့်တွေကို ပြပေးထားပါတယ်... အဲဒီ အဆင့်တွေ အတိုင်း လိုက်လုပ်ပေးရမှာပါ...


Zabbix Cloud Images


Zabbix ကို AWS, Microsoft Azure, Google Cloud, DigitalOcean cloud service တွေပေါ်မှာ install လုပ်နိုင်ပါတယ်... Install လုပ်နည်းကတော့ သက်ဆိုင်ရာ ကိုယ်သုံးမယ့် Cloud Service ပေါ်မူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ်... ဒီ Cloud Service တွေပေါ် Zabbix ကို Install လုပ်မယ်ဆိုရင်တော့ လစဉ်ကြေးနဲ့ဖြစ်ဖြစ်၊ အသုံးပြုမှုပေါ် နာရီ/usage နဲ့ဖြစ်ဖြစ် တွက်ချက်ပြီး ပေးချေရမယ့် ကုန်ကျမှုတွေ ရှိနိုင်ပါတယ်... Cloud ပေါ်တင်ပြီးသုံးမယ် ဆိုရင်တော့ Monitoring အလုပ်ခံမယ့် Device တွေ Serivce တွေဟာ Internet Access ရှိစရာ လိုပါတယ်... ကျတော်တော့ မစမ်းဖူးသေးပါဘူး...
တကယ် Installation လုပ်နည်းပြောရင် ပိုက်ဆံအကုန်ခံပြီး စမ်းကြည့်ရင်ကောင်းမလားတောင် မသိဘူး...


Zabbix Container Images



ကျော့်က container ဆိုရင် ပစ္စည်းသယ်တဲ့ Container ပဲ သိပါတယ်... Container အပိုင်း သိရင်တော့ Zabbix Installation from Containers Manual ဖတ်ပြီးလုပ်လို့ရပါတယ်...


Zabbix Appliance



ကိုယ့် Hardware ကိုယ့် VM ပေါ်မှာပဲ run မယ်ဆိုရင်တော့ Zabbix Appliance က အလွယ်ကူဆုံးနည်းလို့ ကျော့်ထင်ပါတယ်... ကျော့်အတွက်ကတော့ လွယ်လို့ပါ... ကျော့်စသုံးမယ်ဆိုတော့ Install from Packages နည်းနဲ့တင်တော့ ဘာတွေလိုလို့လည်း မသိပါဘူး... Zabbix server ကြီးက မတက်လာဘဲ ပြလိုက်တဲ့ error တွေ...
ကျော့်ကတော့ Installation CD/DVD (.iso) ကိုပဲ download လုပ်ပြီး Install လုပ်ပါတယ်... ဒီဖိုင်က Hardware ပေါ်တင် run လည်း အဆင်ပြေသလို VM ပေါ်တင် run မယ်ဆိုလည်း အဆင်ပြေတယ်လေ...


Zabbix Sources



ဒါကတော့ Zabbix ကို Customization လုပ်ချင်တဲ့သူတွေ အတွက်ပါ... ကျော့်တော့ မလုပ်တတ်ပါဘူး... သူပေးတဲ့ feature တွေနဲ့ကို အဆင်ပြေနေပါပြီ...


Zabbix Agents


Zabbix Agents ကတော့ monitoring အလုပ်ခံမယ့် device တွေမှာ ထည့်ရမယ့် agent တွေပါ... ဒီ agent တွေမထည့်လည်း snmp သုံးပြီး zabbix နဲ့ ချိတ်ဆက်ပြီး monitoring လုပ်လို့ရပါတယ်...
ကျော့်သိသမျှ Zabbix အကြောင်း -၂ ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်...

နောက်အပိုင်းမှာ ဆိုရင်တော့ Zabbix Server Installation လုပ်နည်းရေးပါ့မယ်... ဒါပေမယ့် . နောက်ထပ် အပိုင်းတွေကတော့ လာရင်လည်း လာမယ်/လာချင်မှလည်း လာမယ်... မျှော်နေရင် စိတ်မောရပါလိမ့်မယ်... ကျော့်ရဲ့ fb ဒါမှမဟုတ် blog ကို သတိရတိုင်း အသစ်ရေးပြီလားဆိုတာ ဝင်ကြည့်ပေးပါ...

Comments

Zaw JI said…
This comment has been removed by the author.

Ad