Skip to main content

ကျော့်သိသမျှ Zabbix အကြောင်း -၃ (How to install Zabbix using Zabbix Appliance)

အခမဲ့ အသုံးပြုလို့ရတဲ့ VirtualBox ပေါ်မှာ မှာ ကျော့် Zabbix Appliance iso ဖိုင်ကို install လုပ်ပြမှာပါ...
အရင်ဆုံး https://www.zabbix.com/download ကိုသွားပြီး Zabbix Appliance အောက်က Installation CD/DVD (.iso) ကို download လုပ်ထားပါ...

VirtualBox ကိုဖွင့်ပါ...




New ကို နှိပ်ပါ...




ကျော့်ကတော့ ဒီလို ပေးပါတယ်...
Name မှာ Zabbix, Type: Linux, Version: Ubuntu (64-bit) လို့ပေးပါတယ်... Type နဲ့ Version ကတော့ မှားပေးလို့ မရပါဘူး... ဘာလို့လဲဆိုတော့ Zabbix Appliance က Ubuntu 64-bit သုံးထားလို့ပါ... ကျန်တဲ့ အဆင်တွေကိုတော့ ဆက်မပြောတော့ပါဘူး...




Zabbix ကို Install မလုပ်ခင် iso ဖိုင်ကနေ boot တက်ဖို့ ပြင်ရအောင်ပါ...
Zabbix VM ရဲ့ Setings > Storage > Controller IDE: Empty ရဲ့ ညာဘက်မှာရှိတဲ့ Attributes > Optical Drive: IDE Secondary Master ရဲ့ ညာဘက်က CD icon ကို click လုပ်ပြီး Choose a disk file ကနေ download လုပ်ထားတဲ့ Zabbix Appliance iso ဖိုင်ကို ရွေးပြီး OK နှိပ်ပါ...




Zabbix installation စဖို့အတွက် Zabbix VM ကိုရွေးပြီး Start ကို နှိပ်ပါ...




ကျော့်က MySQL နဲ့ နည်းနည်းတီးမီးခေါက်မိရှိတော့ Install Ubuntu Server with Zabbix server (MySQL)ကို ရွေးပြီး Enter နှိပ်ပါတယ်... ဘာမှ မနှိပ် မိရင်လည်း အဲဒါကိုပဲ သူ့ဘာသာ ရွေးသွားပါတယ်...




Zabbix Server ကို Installation လုပ်နေတာဖြစ်တဲ့ အတွက် IP address ကို static ပေးသင့်ပါတယ်... အဲဒါကြောင့် ပုံထဲကလို Configure the newtwork လို့ diaglog box ပေါ်လာရင် ရွေးပြီး ပြန်သွားပါ...
အကယ်၍သာ ဒီလို diaglog box မပေါ်လာရင်တော့ network ထဲက DHCP ချပေးတဲ့ device/server ကနေ IP address ရရှိသွားတာကြောင့် မမေးတာမျိုး ဖြစ်တတ်ပါတယ်... DHCP ကနေ Static IP address ပြန်ပြောင်းမယ် ဆိုရင်တော့ Zabbix Server တက်လာတဲ့ အချိန်ကျမှ terminal ထဲဝင်လို့ ရပါတော့မယ်...




ပုံထဲကလို မြင်ရပြီဆိုရင် Configure network manually ကိုရွေးပြီး enter နှိပ်ပါ...




IP address: မှာ Zabbix server ကိုပေးမယ့် IP address ထည့်ပါ... ကျော့်က 192.168.88.254 လို့ထည့်ပါတယ်... ဒီ IP လိပ်စာဟာ အင်တာနက်သုံးလို့ရဖို့ လိုအပ်ပါတယ်...
<ကိုတင်ညွန့်> ကို နှိပ်ပါ...




Netmask (sub netmask) ပေးပါ... မသိရင်ရင် install ဆက်လုပ်ဖို့ မကြိုးစားပါနဲ့...
<ကိုတင်ညွန့်> ကိုနှိပ်ပါ...




Gateway IP address ထည့်ပါ... အင်တာနက်ကို တကယ်သွားတဲ့ Gateway ဖြစ်ရပါမယ်...
<ကိုတင်ညွန့်> ကို နှိပ်ပါ...



Name server (DNS) addresses ထည့်ပါ... <ကိုတင်ညွန့်> ကိုနှိပ်ပါ...




VitrualBox ပေါ်က Zabbix VM ပေါ်မှာ ပုံထဲကလို ပေါ်လာရင် Zabbix Server စပြီး အလုပ်လုပ်နေပါပြီ...
တကယ် အလုပ် မလုပ်စစ်ဖို့နောက်ပုံကို ဆက်ကြည့်ရအောင်...




Browser တစ်ခုခုဖွင့်ပြီး address bar မှာ http://ကိုယ်ပေးခဲ့တဲ့IPaddress/zabbix/ ဆိုပြီး ရိုက်ထည့်ပြီး ဝင်ကြည့်ပါ.. ကျော့်က 192.168.88.254 ပေးခဲ့လို့ http://192.168.88.254/zabbix/ ဆိုပြီး ရိုက်ဝင်ပါတယ်... အခုလိုပေါ်လာရင်တော့ Zabbix server စပြီး အမှန်တကယ် အလုပ်လုပ်နေပါပြီ...

ကျော့်သိသမျှ Zabbix အကြောင်း - ၃ ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်..
နောက်အပိုင်းမှာ ဆိုရင်တော့ Zabbix Server ထဲမှာ monitor အလုပ်ခံမယ့် device တွေ ဘယ်လိုထည့်ရလဲ ဆိုတဲ့ လုပ်နည်းရေးပါ့မယ်... ဒါပေမယ့် . နောက်ထပ် အပိုင်းတွေကတော့ လာရင်လည်း လာမယ်/လာချင်မှလည်း လာမယ်... မျှော်နေရင် စိတ်မောရပါလိမ့်မယ်... ကျော့်ရဲ့ fb ဒါမှမဟုတ် blog ကို သတိရတိုင်း အသစ်ရေးပြီလားဆိုတာ ဝင်ကြည့်ပေးပါ...

Comments

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...


fb Security Features and Tips အပိုင်း-၂ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Never Share Your Login Information • ကိုယ့်ရဲ့ password ကို ခိုးချင်တဲ့ Scammer တွေဟာ facebook နဲ့ အလားသဏ္ဍာန်တူတဲ့ website အတုတွေ ဖန်တီးပြီး ကိုယ့်ရဲ့ email နဲ့ password ထည့်သွင်းပြီး login လုပ်ခိုင်းတတ်ပါတယ်။ (Scammer အသုံးအနှုန်းကို ဘန်းကျော်မှာ လူသုံးနည်းပြီး hacker လို့ အသုံးများကြတယ်။ scammer နဲ့ hacker ဘာကွာလဲ ကျော့်လည်း မသိဘူး။ လိုက်ရှာလည်း မဖတ်ချင်ဘူး။ ဘာသာဆက်ပြန်မယ်။ ဆက်ရွှီးမယ်။) • ကိုယ့်ရဲ့ username, password တွေ အသုံးပြုပြီး facebook ကို login ဝင်မယ်ဆိုရင် facebook ရဲ့ login screen design နဲ့တူတယ် ဆိုပြီး username နဲ့ password တွေ အလောတကြီး မရိုက်ထည့်လိုက်ပါနဲ့။ • URL bar မှာ facebook.com ဟုတ်ရဲ့လား ပြန်စစ်ပါ။ ဒါက browser ကနေ အသုံးပြုတာကို အဓိကရည်ရွယ်ပ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်... ဒါနဲ့စကားမစပ်... (Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်... ဒါနဲ့စကားမစပ်...  အောက်က ပေးထားတဲ့ link လေးတွေလည်း သွား ကြည့်ပါဦး... http://www.microsoft.com/athome/setup/wirelesstips.aspx Ydnb FC နဲ့ YgnUtd ပွဲအပြီးမှာ ရန်ကုန်ပရိတ်သတ်တွေကို ခဲနဲ့ပေါက်သူတွေကို ဖမ်းမိတဲ့ သတင်း... http://yanikphotoschool.com/tips/using-your-monitor-as-a-light-source-part-1/   http://lifehacker.com/5360150/install