Skip to main content

ကျော့်သိသမျှ Zabbix အကြောင်း - ၂ (Zabbix Installation)


https://www.zabbix.com/download ကိုဝင်ကြည့်မယ်ဆိုရင် Zabbix Installation နည်းလမ်းတွေကို မြင်ရပါတယ်... ကျော့်ကတော့ ကျော့်အတွက် အလွယ်ဆုံးဖြစ်တဲ့ Appliance နည်းနဲ့ပဲ Install လုပ်ခဲ့ပါတယ်... Installation လုပ်နည်း မပြောခင် Zabbix Installation နည်းလမ်းတွေ ကြည့်ကြည့်ရအောင်...


Install from Packages 



Install from Packages နည်းလမ်းကတော့ သက်ဆိုင်ရာ Linux OS တွေပေါ်မှာ Zabbix Installation လုပ်နည်းတွေပါ... သက်ဆိုင်ရာ OS ကို အရင် install လုပ်ထားရမှာ ဖြစ်ပါတယ်...
ဥပမာ - ကိုယ်က Raspberry Pi ပေါ်မှာ Zabbix ကို Install လုပ်မယ်ဆိုပါတော့... Pi ပေါ်မှာ Raspbian OS ကို အရင် တင်ထားရမှာပါ... ပြီးရင် ကိုယ်တင်မယ့် Zabbix version ကို ရွေး >  Raspbian ကိုရွေး > OS Version ကိုရွေး > ကိုယ်သုံးမယ့် Database အမျိုးအစား ကိုရွေး > ကိုယ်သုံးချင်တဲ့ Web Server အမျိုးအစားကို ရွေးလိုက်မယ်ဆိုရင် 2 Install and configure Zabbix server for your platform အောက်မှာ Terminal မှာ Zabbix Install လုပ်ရမယ့် အဆင့်တွေကို ပြပေးထားပါတယ်... အဲဒီ အဆင့်တွေ အတိုင်း လိုက်လုပ်ပေးရမှာပါ...


Zabbix Cloud Images


Zabbix ကို AWS, Microsoft Azure, Google Cloud, DigitalOcean cloud service တွေပေါ်မှာ install လုပ်နိုင်ပါတယ်... Install လုပ်နည်းကတော့ သက်ဆိုင်ရာ ကိုယ်သုံးမယ့် Cloud Service ပေါ်မူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ်... ဒီ Cloud Service တွေပေါ် Zabbix ကို Install လုပ်မယ်ဆိုရင်တော့ လစဉ်ကြေးနဲ့ဖြစ်ဖြစ်၊ အသုံးပြုမှုပေါ် နာရီ/usage နဲ့ဖြစ်ဖြစ် တွက်ချက်ပြီး ပေးချေရမယ့် ကုန်ကျမှုတွေ ရှိနိုင်ပါတယ်... Cloud ပေါ်တင်ပြီးသုံးမယ် ဆိုရင်တော့ Monitoring အလုပ်ခံမယ့် Device တွေ Serivce တွေဟာ Internet Access ရှိစရာ လိုပါတယ်... ကျတော်တော့ မစမ်းဖူးသေးပါဘူး...
တကယ် Installation လုပ်နည်းပြောရင် ပိုက်ဆံအကုန်ခံပြီး စမ်းကြည့်ရင်ကောင်းမလားတောင် မသိဘူး...


Zabbix Container Images



ကျော့်က container ဆိုရင် ပစ္စည်းသယ်တဲ့ Container ပဲ သိပါတယ်... Container အပိုင်း သိရင်တော့ Zabbix Installation from Containers Manual ဖတ်ပြီးလုပ်လို့ရပါတယ်...


Zabbix Appliance



ကိုယ့် Hardware ကိုယ့် VM ပေါ်မှာပဲ run မယ်ဆိုရင်တော့ Zabbix Appliance က အလွယ်ကူဆုံးနည်းလို့ ကျော့်ထင်ပါတယ်... ကျော့်အတွက်ကတော့ လွယ်လို့ပါ... ကျော့်စသုံးမယ်ဆိုတော့ Install from Packages နည်းနဲ့တင်တော့ ဘာတွေလိုလို့လည်း မသိပါဘူး... Zabbix server ကြီးက မတက်လာဘဲ ပြလိုက်တဲ့ error တွေ...
ကျော့်ကတော့ Installation CD/DVD (.iso) ကိုပဲ download လုပ်ပြီး Install လုပ်ပါတယ်... ဒီဖိုင်က Hardware ပေါ်တင် run လည်း အဆင်ပြေသလို VM ပေါ်တင် run မယ်ဆိုလည်း အဆင်ပြေတယ်လေ...


Zabbix Sources



ဒါကတော့ Zabbix ကို Customization လုပ်ချင်တဲ့သူတွေ အတွက်ပါ... ကျော့်တော့ မလုပ်တတ်ပါဘူး... သူပေးတဲ့ feature တွေနဲ့ကို အဆင်ပြေနေပါပြီ...


Zabbix Agents


Zabbix Agents ကတော့ monitoring အလုပ်ခံမယ့် device တွေမှာ ထည့်ရမယ့် agent တွေပါ... ဒီ agent တွေမထည့်လည်း snmp သုံးပြီး zabbix နဲ့ ချိတ်ဆက်ပြီး monitoring လုပ်လို့ရပါတယ်...
ကျော့်သိသမျှ Zabbix အကြောင်း -၂ ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်...

နောက်အပိုင်းမှာ ဆိုရင်တော့ Zabbix Server Installation လုပ်နည်းရေးပါ့မယ်... ဒါပေမယ့် . နောက်ထပ် အပိုင်းတွေကတော့ လာရင်လည်း လာမယ်/လာချင်မှလည်း လာမယ်... မျှော်နေရင် စိတ်မောရပါလိမ့်မယ်... ကျော့်ရဲ့ fb ဒါမှမဟုတ် blog ကို သတိရတိုင်း အသစ်ရေးပြီလားဆိုတာ ဝင်ကြည့်ပေးပါ...

Comments

Zaw JI said…
This comment has been removed by the author.

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...