Skip to main content

Windows XP သုံးတဲ့ ကွန်ပျူတာ နှစ်လုံးကို ဘယ်လို Network ချိတ်မလဲ...

ဘာတွေလိုမလဲ ဆိုတော့ Network card တပ်ဆင်ထားတဲ့ ကွန်ပျူတာ ၂-လုံး၊ ယင်း ကွန်ပျူတာ ၂-လုံးတည်းကိုပဲ အပြန်အလှန် ချိတ်ဆက်ချင်တယ် ဆိုရင်တော့ ကွန်ပျူတာဆိုင်ကနေ crossover network cable တစ်ချောင်း ဝယ်ပါ... ၂-လုံးထက် ပိုမယ် ဆိုရင်တော့ switch/hub ပါ ဝယ်စရာ လိုအပ်ပါတယ်...
ကွန်ပျူတာမှာ Network card သို့မဟုတ် Network cable ကြိုးထိုးမယ့် အပေါက် မပါသေးဘူး ဆိုရင် Network Card (NIC - Network Interface Card) ဝယ်ပြီး ကွန်ပျူတာမှာ တပ်ဆင်ပါ... ယင်း NIC နဲ့ပါလာတဲ့ Driver Disk ကို အသုံးပြုပြီး Windows မှ NIC card ကို သိရှိစေရန် Install လုပ်ပေးပါ...
Network card ကို သင့် windows က သိပြီလား... သိပြီ ဆိုရင်တော့...

၁. Start » Control Panel ထဲဝင်ပါ...

၂. Network Connections ဆိုတာ တွေ့အောင်ရှာပြီး double-click ခေါက်ပြီး ဖွင့်ပါ...




၃. Local Area Connection ဆိုတာ တွေ့ရင် ထပ်ပြီး double-click ခေါက်ပြီး ဖွင့်ပေးပါဦး...
၎. Properties button ကို ကလစ်နှိပ်ပေးပါ...
၅. Internet Protocol (TCP/IP) ဆိုတာကို click ခေါက်ပြီး select လုပ်ပါ... ပြီးရင် Properties button ကို click ခေါက်ပါ...











၆. Internet Protocol (TCP/IP) Properties ဆိုပြီး နောက်ထပ် dialog box ထပ်ပေါ်လာပါလိမ့်မယ်... အဲဒီထဲက Use the following IP address ကို click ခေါက်ရွေးပြီး...
၇. IP Address မှာ 192.168.0.1 ရိုက်ထည့်ပြီး Tab ခလုတ်နှိပ်လိုက်ပါ... အောက်မှာ ရှိတဲ့ subnet mask ထဲမှာ သူ့ဘာသာသူ 255.255.255.0 ဆိုပြီး ပေါ်လာပါလိမ့်မယ်... မပြင်ဘဲ ဒီအတိုင်း ထားလိုက်ပါ...
၈. ပြီးရင် OK button တွေကို click နှိပ်ပြီး ထွက်ပါ...

နောက်ထပ် ကွန်ပျူတာ ၁-လုံးအတွက်ကတော့ အပေါ်က အဆင့်တွေ အတိုင်း အဆင့်-၁ ကနေ အဆင့်-၆ အတိုင်း ပြန်သွားပါ... အဆင့်-၇ ရောက်ပြီဆိုရင်တော့ IP address မှာ 192.168.0.2 လို့ ရိုက်ထည့်ပေးပါ... 192.168.0.1 လို့တော့ ထပ်မထည့်ပါနဲ့... အဲဒါဆို ဒီ ကွန်ပျူတာ ၂-လုံး အပြန်အလှန် ဆက်သွယ်လို့ရမှာ မဟုတ်ပါဘူး...
ဒီလိုဗျ... network ၁-ခုတည်းမှာ ကွန်ပျူတာတွေ အတူတူ အပြန်အလှန် ဆက်သွယ်လို့ ရစေချင်တယ်ဆိုရင် IP address မှာ “.” လေးတွေနဲ့ ခြားထားတဲ့ ဂဏန်း ထည့်လို့ရတဲ့ နေရာ ၄-ခု ရှိတယ် မဟုတ်လား... အဲဒီလိုပဲ Subnet mask မှာလည်း ၄-ခု ရှိတယ်...

IP Address : 192 . 168 . 0 . 1
Subnet Mask : 255 . 255 . 255 . 0
အပေါ်က စာကြောင်း ၂-ကြောင်းမှာ subnet mask ရဲ့ ပထမ ရှေ့ ၃-နေရာမှာ 255.255.255 ရှိပြီး နောက်ဆုံးနေရာမှာ 0 ဆိုပြီး ရှိနေတယ်နော်... IP address ရဲ့ ပထမ ရှေ့ ၃-နေရာမှာ 192.168.0 ဆိုပြီး ရှိနေတယ် မဟုတ်လား... ကွန်ပျူတာတွေကို network တစ်ခုတည်းမှာပဲ ရှိနေချင်တယ်ဆိုရင် (တစ်နည်းအားဖြင့် အပြန်အလှန် ဆက်သွယ်လို့ ရချင်တယ်ဆိုရင်) ကွန်ပျူတာတိုင်းရဲ့ IP address ပထမရှေ့ ၃-နေရာဟာ 192.168.0 ဖြစ်စရာလိုအပ်ပါတယ်... နောက်ဆုံး ၄-နေရာကတော့ မတူညီတဲ့ ဂဏန်းတန်းဖိုး တစ်ခုစီ ထားပေးရပါမယ်... ဒီမှာ အကွက် တစ်ခုချင်းစီ ထဲမှာ 1 ကနေ 254 အထိ ထည့်လို့ရတယ်ဆိုတော့ ကျတော့်တို့ ကွန်ပျူတာ ၂၅၄-လုံးအထိ ပါဝင်တဲ့ network တစ်ခု တည်ဆောက်နိုင်ပါတယ်...

IP Address : 192 . 168 . 222 . 1
Subnet Mask : 255 . 255 . 255 . 0
ဒီမှာ ကျတော် IP address ရဲ့ တတိယ နေရာကို 222 ပြောင်းလိုက်တယ်ဆို ကျတော်တို့ ကွန်ပျူတာတိုင်းရဲ့ IP address တတိယ နေရာတိုင်းကို 222 လိုက်ပြောင်းစရာ လိုပါတယ်... ပထမ ကွန်ပျူတာရဲ့ IP address က 192.168.222.1 ဆိုရင် ဒုတိယတစ်လုံးက 192.168.222.2 ၊ တတိယ တစ်လုံးက 192.168.222.3 ..... နောက်ဆုံး ၂၅၄-လုံး မြောက်အလုံးက 192.168.222.254 ဆိုပြီး ပေးရပါမယ်...
တစ်ခု မှတ်ထားဖို့က 192.168.222.1 ကို ကွန်ပျူတာ ၁-လုံးမှာ အသုံးပြုပြီးသားဆိုရင် နောက် ကွန်ပျူတာတွေမှာ ထပ်ပေးလို့ မရပါဘူး... ထပ်ပေးမိတယ်ဆိုရင် IP conflict ဖြစ်ပြီး သက်ဆိုင်ရာ ကွန်ပျူတာတွေ network အသုံးပြုလို့ မရတော့ပါဘူး...

ကိုယ်တိုင် network တစ်ခု တည်ဆောက်နိုင်ကြပါစေ....

မှတ်ချက် - ကျတော် network ဆရာကြီး မဟုတ်ပါ... မသိသေး မတတ်သေးသူများ အတွက်ပါ...

Comments

MgHla said…
အားပေးတာ ကျေးဇူးပါပဲ ကိုချိုရေ...
MYO HAN HTUN said…
ပညာကတော့ လိုချင်တဲ့လူဆိုရင် ရမှာပဲ ဗျာ။ မသိတဲ့ လူတွေ လိုချင်တဲ့ လူတွေ အတွက်ကတော့ ကိုမောင်လှ အချိန်တွေ အကုန်ခံပြီး ရေးခဲ့တဲ့ Photoshop သင်ခန်းစာတွေနဲ့ နောက်ရေးမည့် သင်ခန်းစာတွေကတော့ ယူသွားတဲ့ လူတွေ အတွက်တော့ အများကြီး အကျိုးရှိပါတယ်။
Maung Maung Oo said…
ကျေးဇူးပါဗျာ။
Talay Seefar said…
udkarmifvSa&rwwfao;wJ@usefrwdk@udk&Sif;jywJ@twGufaus;Zl;trsm;=uD;oifygw,f&Sif
udkarmifvSwdk@vdkynm&SifawGArmjynfrSmrsm;rsm;ay:aygufygap
Anonymous said…
10.0.0.1 10.0.0.2 10.0.0.3 စသဖြင့်လည်း သုံးနိုင်ကြောင်းပါ။ ကျနော်လည်း ဆရာကြီး မဟုတ်ရပါ၊ မှတ်ရပိုလွယ် မည်ထင်၍ ပြောမိခြင်းဖြစ်ပါသည်။

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

WinKalaw NativeMyanmar Keyboard Layout BETA version

WinKalaw နှင့် အခြား Win Font များကို စာရိုက်ရာတွင် Alt နှင့် နံပါတ်များကို တွဲနှိပ်နေရ၍ စိတ်ညစ်နေရသူများ၊ Laptop ကို အသုံးပြုတဲ့အခါမှာ ပါဌ်ဆင့်တွေကို ရိုက်တဲ့အခါမှာ မရိုက်တတ်ဖြစ်နေသူ များအတွက် WinKalaw NativeMyanmar Keyboard Layout BETA version ပါ။ WinKalaw NativeMyanmar Keyboard Layout BETA version နဲ့ စာရိုက်ရာမှာ အဆင်ပြေနိုင်ပါပြီ။ WinKalaw NativeMyanmar Keyboard Layout BETA version ကို ဒီနေရာမှာ ဒေါင်းလုတ်ဒ် ရယူနိုင်ပါသည်။ WinKalaw NativeMyanmar Keyboard Layout သည် Zawgyi လက်ကွက်ကို အခြေခံထားသည်။ (ယခင် စထွက်ဖူးသော Win Myanmar လက်ကွက်များ အတိုင်းဖြစ်သည်။) Win Myanmar (-Win---Innwa ၊ WinKalaw ၊ Win စသော မြန်မာစလုံးများ)၊ Metrix-1 (Metrix မြန်မာစာလုံးများ) ၊ W01Art House (အနုပညာအိမ် မြန်မာစလုံးများ) ရိုက်ရာတွင် အသုံးပြုနိုင်သည်။ အင်္ဂလိပ်စာလုံးများနှင့် အခြား မြန်မာယူနီကုဒ်များစာလုံးများတွင် အသုံးပြုပါက အင်္ဂလိပ်စာလုံးများသာ ထွက်မည် ဖြစ်သည်။ ပါဠိ ပါဌ်ဆင့် အထပ်များကို သက်ဆိုင်ရာ စကာလုံးတည်ရှိရာ key ကို Ctrl+Alt သို့ Ctrl+Alt+Shift များ တွဲနှိပ်ပြီး ရိုက်နိုင်သည်။ ဥပမာ - ဓမ္မ ရို...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...