Skip to main content

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်...
ကျတော့်ဆီကို The Voice က တောင်းပန်e-mail ပို့ပါတယ်... ကျတော်မထင်ထားတဲ့ Living Color ရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်နေတယ်... ကျတော် ပိုက်ဆံမက်လို့၊ ငွေမက်လို့ ကန့်ကွက်ခဲ့တာ မဟုတ်ရပါဘူး... ယူသုံးမယ်ဆိုရင် အသိပေးမှုလေးပဲ လိုချင်တာပါ... အသိပေးမှုလေး လုပ်ခဲ့မယ်ဆိုရင် ကျတော့်အတွက် အပန်းမကြီးဘူး၊ ကူညီသင့်တယ် ထင်ရင် ထပ်ပြီးတော့ကို ဓာတ်ပုံရိုက်ပြီး ပုံကြီးကြီးတွေ ထပ်ပို့ဦးမှာ...

ဒါနဲ့စကားမစပ်...
ကျတော်ဘာဖြစ်လို့ ဘလော့တွေ ရေးနေမိတာလဲ... ပိုက်ဆံရလို့လား... ငွေကြေးလိုချင်လို့လား... ဟုတ်ရပါဘူး... ဝါသနာအရ ရေးနေတာပါ... စိတ်ထွက်ပေါက်ရဖို့ ကျတော် ဘလော့ရေးတယ်... ဖိုရမ်ရေးတယ်... လုပ်ငန်းခွင်မှာဖြစ်နေတဲ့ stress ကို ဘလော့မှာ ပြန်လာဖွင့်ထုတ်တယ်... ကျတော့် ဘလော့ရဲ့ အစပိုင်းတွေကို ပြန်ကြည့်ပါ... ညည်းညူမှုတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရလိမ့်မယ်...
ဘယ်သူ့ကို အားကျပြီး ဘလော့ရေးခဲ့လဲဆိုတော့ ကိုarloo ကို အားကျပြီးရေးခဲ့တယ်... အဲဒီတုန်းက သူက english လိုရေးတယ်... ကျတော်က english လို မရေးတတ်တော့ မြန်မာလို ရေးတယ်... HTML code တွေ တီးမိခေါက်မိ အနည်းငယ်သိတဲ့ ကျတော် စမ်းသပ်ရင်းနဲ့ ဘလော့မှာ မြန်မာလိုရေးလို့ ရသွားတယ်... ကျတော်သိတဲ့ ဘလော့ရေးသူတွေထဲမှာ ကျတော့်ထက် မြန်မာလို စောပြီးရေးတဲ့သူက မောင်ဇန် နဲ့ ငွေနှင်းမြူပါ...
ခုပြန်ကြည့်တော့ ကျတော်က မေလ ၁၀-ရက်နေ့မှာ ဘလော့စရေးခဲ့တယ်... စရေးတုန်းက -Win---Innwa &
-Win---Kalaw font သုံးခဲ့တယ်... ရကောက်တွေ ပါလာရင် အဆင်မပြေလို့ ပုည ယူနီကုဒ်သုံးခဲ့တယ်... ပုညမှာ အချို့အထပ်တွေ ရိုက်လို့ မရလို့ Zawgyi-One ထွက်လာတော့ ဒီဖောင့်ကို ခုအချိန်ထိ သုံးနေတယ်... ပထမစစချင်း Alpha Mandalay က ဇော်ဂျီကို develop လုပ်မှန်းမသိပါဘူး... www.planet.com.mm က သုံးလို့ ကျတော် လိုက်သုံးခဲ့တယ်... တစ်ခုခု ဖြစ်ရင် planet ကြီးရှိတာပဲဆိုပြီး ကျတော် သုံးခဲ့တာပဲ...

သြော်... ဒါနဲ့စကားမစပ်.... ဘာလိုလိုနဲ့ ဘလော့ရေးလာတာ ၃-နှစ်တောင် ပြည့်တော့မှာပဲ...

ဒါနဲ့စကားမစပ်...
အရင်က ဖိုရမ်ရေးတယ်... ပုဂံမှာရေးတယ်... ရေးတယ် ဆိုတာထက် ဖတ်တာပိုများတယ်... အဲဒီကနေ သူငယ်ချင်းတွေ အများကြီးရခဲ့တယ်... ဘလော့ရေးလို့လည်း သူငယ်ချင်းတွေ အများကြီးရခဲ့တယ်...

ဒါနဲ့စကားမစပ်...
မောင်ဇန်ဆိုတာ ပုဂံဖိုရမ်ကနေ စခင်ခဲ့တဲ့ သူငယ်ချင်း... ကျတော့်ထက် ငါးနှစ်ကျော် ငယ်မယ် ထင်တယ်... ဆေးကျောင်းသား... မြိတ် ဇာတိ... ရန်ကုန်မှာနေတယ်... သူ့တိုက်ခန်းမှာ တီဗီမရှိဘူး... သတင်းစာမယူဘူး... broadband internet တပ်ထားတယ်... ကွန်ပျူတာကို ရူးသွပ်တဲ့ လူငယ်တစ်ယောက်... ခုတော့ သူ့အိမ်က ဆေးကျောင်းတက် ကွန်ပျူတာ မကိုင်ရဘူးဆိုလို့ ကျောင်းပြန်တက်နေရတယ်... ကျောင်းတော့ မှန်မှန်သွားတယ်... ဒါပေမယ့် ကန်တန်းမှာချည်းပဲလို့ သတင်းကြားတယ်...
မောင်ဇန်ကို ကျတော် လေးစားတယ်... ကျတော် ကြည်ညိုတယ်... ကျတော့်ထက် အသက်ငယ်ပေမယ့်လည်း ကျတော် လေးစားရင်... ကြည်ညိုတဲ့သူဆို ကို... ၊ မ... တပ်ခေါ်တယ်... အရမ်းခင်သွားပြီး ပြောမနာ ဆိုမနာဆိုရင်တော့ ကို ၊ မ တပ်မခေါ်တော့ဘူး... မောင်ဇန် နဲ့ကျတော် ပုံဂံဖိုရမ် ပျက်ခါနီး... မောင်ဇန်က သူ့မှာ ဒိုမိန်းဝယ် ထားတာရှိတယ်... ဟိုစတင်လည်းရှိတယ်... ကျတော်တို့ ၂-ယောက်ပေါင်းပြီး လျှောက်ရေးရအောင် ဆိုလို့ ရေးခဲ့ကြသေးတယ်... အဲဒီတုန်းက ဘလော့ဆိုတာ ဘာမှန်း ကောင်းကောင်း မသိသေးတာလည်း ပါတယ်... Mambo CMS သုံးပြီး “sms ပို့ရအောင်တို့...”၊ “ဒ ဒွေး ရိုက်လို့ မရရင် ဘယ်လို လုပ်မလဲ” တို့... အဲဒီလို ကွန်ပျူတာ နည်းပညာ အထောက်အကူပြုလေးတွေ ရေးခဲ့ကြတယ်... web site လိပ်စာက http://www.NativeMyanmar.com ... နောက်ပိုင်း ပုဂံဖိုရမ်မှာ ဒီနေ့တင်ရင် နောက် ၃-၄-ရက်နေမှ တက်လာလို့ မောင်ဇန်လည်း ဖိုရမ် အသစ်ထောင်ဖို့ အိုင်ဒီယာရပြီး ခုတော့ NativeMyanmar Forum ဆိုပြီး ဖြစ်သွားခဲ့တယ်...

ဒါနဲ့စကားမစပ်...
သင်္ကြန် ကျတော် မန္တလေးမှာ ရှိမှာ မဟုတ်ပါဘူး... ခရီးတစ်ခု ထွက်ဖြစ်လိမ့်မယ်ဗျ... sponsor ပေးချင်တယ်ဆို ပေးလို့ရတယ်... ခုရက်ပိုင်း သင်္ကြန်အတွက် ဒီဇိုင်းတွေ လုပ်ပေးနေရလို့ အလုပ်တွေတော့များနေတယ်... ကျတော့်ကို မေးထားတာတွေကို ကျတော် ပြန်မဖြေနိုင်ရင်တော့ ကြိုတင် တောင်းပန်ပါရစေ...

ဒါနဲ့စကားမစပ်...
အချို့ shopping mall တွေမှာ လုပ်တဲ့ပွဲတွေဆို ဓာတ်ပုံသွားရိုက်ရင် ဘယ်ဂျာနယ်ကလည်းလို့ မေးကြတယ်...ဂျာနယ်က မဟုတ်ရင် ဓာတ်ပုံ မရိုက်စေချင်တဲ့ ပုံစံပဲ... ကျတော်လည်း လျှောက်ပြောရတာပေါ့... Google ရဲ့ Blogger ကပါပေါ့... ကျတော် ပြောတာ မဟုတ်လို့လား... ကျတော်တို့ Google က service ဖြစ်တဲ့ blogger.com ကို သုံးနေကြတာလေ... ဘာပြောပြော Google ဆိုတော့ လူရှိန်တာပေါ့ဗျာ... ကျတော့် ဆရာကတော့ ကျတော်ကို ဂျာနယ် တစ်ခုရဲ့ သတင်းထောက်ကဒ် လုပ်ပေးမယ် ပြောတာပဲ... လိုရမယ်ရ... ယူထားလိုက်ဦးမယ်ဗျာ... ဆရာရေ... ပေးပြီးသား ကတိ မဖျက်ရဘူးနော်...

My Labels: The Voice, မောင်လှရေ..., ဒါနဲ့စကားမစပ်

Comments

များများရိုက် များများတင်ပြီး အဲလို စကားမစပ်တွေ ခဏခဏ ပြောနိုင်ပါစေ။
စကားမစပ်တွေက တခါခါ တော်တော်အသုံးဝင်တယ်နော်.

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...