gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဟေး.... ပျော်လိုက်တာ... ဒါပေမယ့်... ဝမ်းလည်းနည်းတယ်...

ဟေး.... ပျော်လိုက်တာ...
ရုံးက အရင်က 5-ရက်ခွဲပဲ ပိတ်မယ်လို့ ကြေငြာထားသည်... ခု
၁၂-ရက်ကနေ ၂၁-ရက်နေ့အထိ ၁၀-ရက် ပိတ်မယ်တဲ့... ပျော်လိုက်တာ...

ဟာ... ဝမ်းနည်းလိုက်တာ...
ကျတော်တို့လို လခစား ဝန်ထမ်းတွေ အတွက်တော့ မဟုတ်ပါဘူး... နေ့စား အလုပ်သမား ဝန်ထမ်းတွေ အတွက်ပါ... ဒါက နေးတစ်မှာ ရေးခဲ့ဖူးတာလေးပါ...
Tue Mar 27, 2007 5:13 pm
အစိုးရ ရုံးပိတ်ရက်တွေ လိုက်မပိတ်လို့ မကျေနပ်မိဘူး... ခုမှ ပြန်စဉ်းစားကြည့်တော့ ကျတော်တို့လို လခစားတွေအတွက် မကောင်းပေမယ့်... ဈေးချိုတို့ ဘာတို့မှာရှိတဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ နေ့စား အလုပ်သမားတွေဘက်ကို ပြန်ကြည့်ရင်တော့ ဟုတ်နေတယ်... သူတို့ တစ်ရက်ပိတ်လိုက်ရင် စားစရာ သောက်စရာ မရှိတဲ့ ဘ၀ကို ရောက်သွားနိုင်တယ်... သင်္ကြန်မှာလည်း ဈေးချို (၁၀)ရက် မပိတ်ဘူး... ၁၀-ရက် ပိတ်ရမယ်ဆို ၂၁-ရက်နေ့အထိ ပိတ်မယ်... ၂၃-ရက်နေ့ကလည်း ဥပုသ်နေ့... ၁၂၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁ စုစုပေါင်း ၅-ရက်... အဲဒီ ၅-ရက်စာကို သူတို့ ဘယ်လို စားသောက်ကြမလဲ... သူတို့ တစ်နေ့လုပ်မှ တစ်နေ့စားရတာ အလျင်မီတာမဟုတ်ဘူး ခင်ဗျ... စုဆောင်းထားတာလေးတွေ ရှိမယ်လို့ မပြောနဲ့ဦး... မနက်နက်ဖြန်၊ သဘက်ခါ မရသေးတဲ့ လုပ်ခတွေကို အပေါင်ဆိုင်တွေမှာ ချေးငှား ပေါင်နှံပြီး ကြိုထုတ်ထားရတယ်... နေ့ပြန်တိုးနဲ့ ချီးယူထားရတယ်... နေ့ပြန်တိုးဆိုတာ ဒီနေ့ မနက် ၁၀၀-ကျပ်ချီးမယ်... ညနေ အလုပ်က ပြန်လာလို့ လုပ်ခ ရလာရင် ၁၁၀-ကျပ် ပြန်ဆပ်ရတယ်...
ကဲ... ကျတော်တော့ အစိုးရ ရုံးပိတ်ရက်တွေ လိုက်မပိတ်လို့ နေ့စား အလုပ်သမားတွေ ကိုယ်စား ကျေးဇူးတင်တယ်ဗျာ...
ဒါပေမယ့်... ရုံးကတော့ ပိတ်ရက်မှာ အလုပ်လုပ်ရတဲ့ သူတွေအတွက် လုပ်ခ ၂-ဆ ပေးမယ်၊ နေ့လယ်စာ ကျွေးမယ်တဲ့...
နေ့စား အလုပ်သမားတွေ အဆင်ပြေကြပါစေ... ကျတော်ကသာ သူတို့အတွက် တွေးပူပေးနေတာ... သူတို့လည်း ပျော်နေကြမလား မသိဘူး...

Comments

Steve Evergreen said…
I know you've got loads of empaty and sensitivity. Really appreciated. Thanks
Steve Evergreen said…
typing error, I mean empathy
Chrisitna said…
aarrr,,yeah, Poor daily-paid workers,, I feel sad for them, Hope they are doing well!! or hope someone who can help them will appear soon!

Ad