gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Seminar On Quality ကို ရောက်ခဲ့တယ်...

အခွင့်အလမ်း ဂျာနယ်ကနေပြီး မန္တလေးရုံးခွဲ ဖွင့်တဲ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ Seminar On Quality ကို ဒီနေ့ မနက် ၉း၃၀ နာရီအချိန်မှာ မန္တလေး Swan Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်... ဟောပြောတဲ့ သူကတော့ ဆရာမကြီး Dr. ဒေါ်နုနုယဉ်ပါ... အခွင့်အလမ်းဂျာနယ် (မန္တလေးရုံးခွဲ)ကို အမှတ် A-6 ၊ ၈၂-လမ်း၊ ၂၃-လမ်း နှင့် ၂၄-လမ်းကြား၊ ရွှေကျီးမြင်ဘုရားအရှေ့ဘက် မုခ်မှာ ရုံးခန်း ဖွင့်လှစ်ထားကြောင်း သိရပါတယ်... ဟောပြောပွဲ တက်ရောက်လာသူတိုင်းကို ဂျာနယ် တစ်စောင်စီ လက်ဆောင်ပေးပြီး ကော်ဖီ၊ မုန့်များနဲ့လည်း ဧည့်ခံပါတယ်... ဒီဟောပြောပွဲကို မန္တလေးမြို့မှာ ရှိတဲ့ စာနယ်ဇင်းဆရာ တော်တော်များများ တက်ရောက်တာကိုလည်း တွေ့ရပါတယ်... ဆရာမကြီးရဲ့ ဟောပြောချက်များကလည်း အလွန်ကောင်းပါတယ်... ဒီပွဲမှာ ဟောပြောသွားတဲ့ အကြောင်းအရာများကို မေလ ၁၅-ရက်နေ့မှာ ထုတ်ဝေမယ့် အခွင့်အလမ်းဂျာနယ်မှာ ပြန်လည် ဖော်ပြပေးမှာ ဖြစ်ကြောင်း သိရပါတယ်...
My Labels: မန္တလေး သတင်း, Mandalay News,

Comments

Ad