Skip to main content

လတ်တလော မန္တလေး အကြောင်းများ...

  • မနေ့ နံနက်ခင်းစောစောက ၈၆-လမ်း၊ ၃၅-လမ်း ဝန်းကျင်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်...
  • အလားတူ ၆-ရက်နေ့ ညနေ ၅း၁၅-နာရီ ဝန်းကျင်မှာလည်း သူနာပြု တက္ကသိုလ်ဘက်မှာလည်း မီးလောင် ကျွမ်းမှု ဖြစ်ခဲ့ပါတယ်...
  • မန္တလေးမြို့ရဲ့ လူသွားလူလာများတဲ့ လမ်းမကြီးတွေ ပေးမှာ လမ်းဖြတ်ကြော်ငြာ တပ်ဆင်မှုများ အရမ်း များပြားနေပါတယ်... တချို့ မီးပွိုင့် နားမှာ ရှိတဲ့ လမ်းဖြတ် ကြော်ငြာများဟာ မီးပွိုင့်ကို မမြင်ရအောင် ကွယ်ထားသလို ဖြစ်နေပါတယ်... ဥပမာ - ၇၈-လမ်းနှင့် ၃၅-လမ်းထောင့်ရှိ သင်တန်းကျောင်း ကြော်ငြာ လမ်းဖြတ် ၂-ခု... ယခင်က လမ်းဖြတ် ကြော်ငြာများမှာ စီးပွားဖြစ် ကြော်ငြာများ မရှိသလောက် နည်းပါးခဲ့ပြီး ယခုအခါ စီးပွားဖြစ် လမ်းဖြတ် ကြော်ငြာ များပြားလာမှုကြောင့် မန္တလေးမြို့ရဲ့ လမ်းမကြီးများရဲ့ အလှကို ဖျက်ဆီး သလို ဖြစ်နေပြီး ရုပ်ဆိုးနေကြောင်းပါ... ယင်း လမ်းဖြတ် ကြော်ငြာများတင်မက အချို့ မီးပွိုင့် ဝန်းကျင်မှာ ယာယီ vinyl ကြော်ငြာများလည်း အထူးများ ပြားလျှက် ရှိကြောင်းပါ... ယာယီ vinyl ကြော်ငြာဆိုတာက vinyl စက်ကြီးများနဲ့ ထုတ်ထားတဲ့ ကြော်ငြာများ တပ်ဆင်မည့် ဘောင်များကို သံထည် ကွန်ကရစ်ဖြစ် အသေချာ ဖောင်ဒေရှင်းချပြီး လုပ်ဆောင် ထားခြင်း မဟုတ်ဘဲ သစ်သားများဖြင့်သာ ယာယီ ဘောင်ခွေ ထောင်ထားခြင်း ဖြစ်ပါသည်...
  • နောက်ဆုံး အနေနဲ့ မန္တလေး မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်ကို စတင် ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သတင်းပေးပါရစေ...
  • Update News!!! (Toady 11:20 AM) ခုအပြင်သွားပြီး ပြန်လာတာပါ... ပျောက်နေတာ ကြာပြီဖြစ်တဲ့ မန္တလေးအခေါ် ဆပ်ပလိုင်းချက် (surprised check) စစ်ဆေးနေတာကို အခု ပြန်လည် တွေ့ရှိနေရပါပြီ... မန်းသူ၊ မန်းသားတို့ရေ ဆိုင်ကယ်စီးကြမယ်ဆို ဦးထုပ်ဆောင်းပြီး လိုအပ်တာ အပြည့်အစုံ တပါတည်းယူဖို့ မမေ့ကြနဲ့ဗျာ...

    My Tags:Mandalay News, Myanmar News, မြန်မာ သတင်း

Comments

Chan Mya Soe said…
မန်းလေးနဲ့မီးကလည်း မလွယ်ပါလား ... လန့်မြဲလန့်နေရတာပဲ .. ဟူး

နောက်ဆုံးသတင်းကတော့ တော်တော်ထိတယ်ဗျာ :(
Maung Maung Oo said…
တခါတလေတော့လည်း သူ့အရပ်နဲ့ သူ့ဇာတ် အတော်လောက်ပါဘဲဗျာ။ ဒီလို ချက်ကင် လေးတွေများမရှိယင် ကျနော်တို့ မန်းသားတွေကလည်း အခက်သား။
Phoe Htaung said…
What is Candle Minister doing?
MYO HAN HTUN said…
ကိုမောင်လှရေ ..

ကျွန်တော်ကတော့ နေ့စဉ်လိုလို ကိုမောင်လှ Blog ကို ၀င်ဖတ်ပါတယ် .. အထူးသဖြင့် မန္တလေး အကြောင်းတွေကို အမြဲရေး
ပြီး တင်ပေးနေတဲ့အတွက် ကိုမောင်လှရေ .. ကျေးဇူးအထူးတင် မိပါတယ် ဗျာ ..

အစဉ်လေးစားလျှက်

ကိုတိုး

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...