Skip to main content

ညွှန်းပါရစေ... (Myanmar Bloggers)

ပထမဆုံး ညွှန်းလိုတာက... http://saturngod.blogspot.com/ ပါ...
ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်တက် နေတဲ့သူပါ... Saturngod ကို သူ့ blog မဖတ်ခင် Planet Forum မှာ စမြင်ဖူးတာပါ... ကျတော်က သူ့ရေးရဲ့ အမ်အမ်ဂျီလိုက် ယူဇာပါ... နည်းပညာ အကြောင်းတွေ အများဆုံးရေးသား ထားတဲ့ လူငယ် လူတော် တစ်ယောက်ဖြစ်တဲ့ saturngod ရဲ့ blog ကို သွားရောက် ဖတ်ရှုကြည့်ပါဦးလို့ ညွှန်းပါရစေ...


http://zincolatt.blogspot.com/
ဒီနေ့မှ ဝင်ဖတ်ကြည့်မိတဲ့ ကိုဇင်ကိုလတ်ရဲ့ blog ပါ... ကိုဇင်ကိုလတ်က သူ့ရဲ့ blog ကို Danger Zone လို့ နာမည် ပေးထားပါတယ်... ဟိုအကြောင်း ဒီအကြောင်း ဘဝဇာတ်ကြောင်းတွေနဲ့ ရုပ်ရှင် အကြောင်းတွေ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာလေးများကို ရေးသားထားတာ တွေ့ရပါတယ်...

http://sannoo.blogspot.com/
မန္တလေးသား နောက်ထပ် တစ်ယောက်ပါ... ကျတော်ရဲ့ ဆရာလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖတ်လည်း ဖြစ်တဲ့ ကိုဆန်းဦးပါ... ခုလတ်တလောကတော့ သူဆွဲထားတဲ့ သင်္ကြန်မဏ္ဍပ်နောက်ခံ ပုံတွေ တင်ထားပါတယ်... လူပျိုကြီး ကိုဆန်းဦးက ငါမငယ်တော့ဘူး ... (အသက်) ဘုရားတရား လုပ်ဦးမှ ဆိုပြီး နောက်ထပ် blog တစ်ခု လုပ်ထားတာ ရှိပါသေးတယ်... http://www.our-nirvana.blogspot.com/ ပါ... ကိုဆန်းဦးဆိုတာကို မိတ်ဆက်ပေးချင်တာက internet ထဲမှာ ပျံ့နှံ့ဖူးတဲ့ Flash နဲ့ မြန်မာလိုရေးထားတဲ့ Wheel Of Fortune ကို ရေးသားသူဖြစ်ပါတယ်... ယင်း program အပြင် Myanmar TypingXP, မဟာဘုတ်ဗေဒင်နှင့် အခြား Program များကိုလည်း ရေးသားဖူးပါတယ်...

သိနေပြီးသား ဖြစ်နေရင်၊ ဖတ်နေကြ blog တွေ ဖြစ်ရင်တော့ ခွင့်လွှတ်ကြပါဗျာ...

Comments

Unknown said…
ကိုမောင်လှရေ . . အခုလိုကျွန်တော့်ဘလော့ခ်လေးကို ညွှန်းပေးထားတာကျေးဇူးပါပဲ။ ကိုမောင်လှဘလော့ခ်ကို ကျွန်တော့်ဆီမှာလင့်ခ်ပေးချင်ပါတယ်။ ခွင့်ပြုမယ်မဟုတ်လား။

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...