တကယ်တန်း ဖိုးဇော်နဲ့က ၆-တန်းဖြေပြီး နွေရာသီကျောင်းပိတ်ရက်မှ စတွေ့ချင်းဖြစ်... ဖိုးဇော်က ကျတော်တို့ထက် တစ်တန်း ကြီးသည်...
မောင်မိုး...
မောင်မိုးကို ဘယ်လို မိတ်ဆက်ပေးရမည်နည်း... လူတိုင်း သိကြမယ်ထင်ပါသည်... မောင်မိုးကိုတော့ မဟုတ်... မောင်မိုးရဲ့ အဖိုး ပန်းချီဆရာကြီး ဦးဘကြည်ကိုပါ... ကမ္ဘာကျော် ပန်းချီဆရာကြီးပါ... ကျောင်းတုန်းကတော့ မောင်မိုးကို မိုးရေ ဟုခေါ်ကြသည်... ကျတော်တို့တင် မဟုတ် သူ့အမေလည်း ခေါ်သည်... “ငမိုးရေ” တဲ့... သူ့အမေ စခေါ်တဲ့ င ဆိုတဲ့ စကားလုံးက တိုးတော့ ကျတော်တို့ မကြားပါ... ကျတော်တို့ ဒီကောင့်ကို မိုးရေလို့ ခေါ်တာ အကြောင်းရှိသည်... သူ့အဖေက ဆရာဝန်မို့ ချစ်စနိုးဖြင့် ခေါ်ကြခြင်း ဖြစ်သည်... ကျတော် ဒီကောင်နဲ့ ပိုတွဲဖြစ်သည်... ၉-တန်း နဲ့ ၁ဝ-တန်း ကဆို နေ့လည် ထမင်းစားဆင်းချိန်မှာ ရွှေကျီးမြင်ဘုရားပေါက်မှာ ထိုင်ပြီး အမှတ်(၈)၊ (၄၄)နဲ့ (၁၁) က ကောင်မလေးတွေကို ငမ်းကြသည်... (တည့်တိုးပဲ ရေးလိုက်သည်) ... အဲဒီထဲက လမ်းလျှောက်သွားသည့် ၁၁-ကျောင်းက ကောင်မလေး တစ်ယောက်ကို သတိထားမိသည်... ကျတော်တို့ ၂-ယောက်ရှေ့ယောက်ရင် ပဲတွေ ပေးပေးသွားလို့... အဲဒါနဲ့ ၂-ယောက်သား တိုင်ပင်ပြီး ကျတော်က ရည်းစားစာ ရေးသည်... ကျတော်ရေးထားတဲ့ စာကို ဒီကောင် ထပ်ကူးသည်... နောက်နေ့ ထမင်းစား ဆင်းချိန်ရောက်တော့ အဲဒီကောင်မလေး ဝင်းထိပ်မှာ စက်ဘီး ၁-စီးစီနဲ့ စောင့်နေကြသည်... ဟော... ကံကောင်းချင်တော့ ကောင်မလေးကလည်း စက်ဘီးနဲ့... ရွှေကျီးမြင် ဘုရားပေါက်လည်း ရောက်ရော ဟိုဘက် ဒီဘက် ၂-ယောက် ညှပ်ပြီး ကောင်မလေးရဲ့ လွယ်အိတ်ထဲကို စာ ၂-စောင် မရ ရအောင် ထည့်လိုက်လေသည်... နောက်နေ့က စပြီး အဲဒီကောင်မလေး မိသားစု အလုပ်ရှုပ်သွားရှာသည်... အကို၊ အဒေါ်၊ အမေ တစ်ယောက်ယောက် အမြဲတမ်း ဘေးက ပါလာလေသတည်း... :D ကျတော်တို့လည်း ခေါင်းကွဲမှာ ကြောက်လို့ နောက်နေ့ကစပြီး ထမင်းစာချိန်ဆင်းရင် ကျောင်းမှာပဲ ကျောက်ချ နေလေတော့သည်...
လာပါဦးမည်...
ဖိုးဇော် ... ကဖေး ပီကာဆို နှင့် ကြွက်ကြော် -၁
My Tags: မောင်လှရေ..., MaungHla, MgHla, Poe Zaw, Painter, Artist, Designer, U Ba Kyi

Comments
“ဟိုဘက် ဒီဘက် ၂-ယောက် ညှပ်ပြီး” ဆိုတဲ့ စကားလုံးကို သဘောကျမိတယ်။ ကိုမောင်လှလည်း ပန်းချီအနွယ်တွေနဲ့ပေါင်းမိပြီး အနုပညာစိတ်တွေ တော်တော်ကွန့်မြူးပုံရတယ်ဆိုတာ ကျွန်တော် စာတွေဖတ်ရင်း သဘောပေါက်လာတယ်။
ကိုတိုး