ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မေမြို့တက်ပြီး အဲဒီနေ့မှာ ရတနာပုံ Teleport မှာ ကျင်းပတဲ့ ပွဲကို သွားခဲ့တယ်... ဘာမေးမေး မသိတာများနေတဲ့ ကွန်ပျူတာ ပစ္စည်းရောင်းတဲ့ ဆိုင်တွေပဲ တွေ့နေလို့ မျက်စိရှေ့ မြင်တာကြည့်၊ ကပ်ထားတဲ့ စာရွက်မှာ ရေးထားတာတွေ ဖတ်ပြီး ပြန်ခဲ့ရတယ်... ဘာတွေပေါလည်း ဆိုတော့ တစ်ခါသုံး GSM ဖုန်းကဒ်ဝယ်ပြီး ၃၈၀၀၀-ကျပ်တန် ZTE handset ဝယ်တဲ့သူတွေ ပေါတယ်ဗျာ...
တနင်္လာနေ့မှာတော့ မေမြို့ အမျိုးသား ကန်တော်ကြီးဥယျာဉ်ကို ရောက်ခဲ့တယ်... ပန်းတွေကိုပဲ ဓာတ်ပုံရိုက်ခဲ့တယ်... သစ်ခွခြံထဲမှာ ဓာတ်ပုံရိုက်တာ လက်တွေလည်း အံသေ၊ မန်မိုရီကဒ်လည်း ကုန်ပေါ့ဗျာ... အောက်ကပုံတွေကို Nikon D40 နဲ့အတူပါလာတဲ့ 18-55mm lens နဲ့ရိုက်ထားတာပါ...

My Labels: Maymyo (Currently known as Pyin Oo Lwin), Photos, Flower, Macro, Myanmar Burma Orchid
Comments
ငိုချင်ရက်လက်တို့၊ မြန်မာပြည်ကို လွမ်းလို့စိတ်ညစ်ရတဲ့အထဲ.