အခု Straighten tool အကြောင်းပြောတဲ့နေရာမှာ Steven (Photo: http://stevenalexand.blogspot.com) ရဲ့ ဓာတ်ပုံ အတည့်ကို မစောင်း စောင်းအောင် လုပ်ပြီး Steven မသိအောင် ယူသုံးထားကြောင်းပါ…
Crop Overlay (Crop & Straighten) Tool ကိုရွေးလိုက်ရင် Angle လို့ပေါ်နေတဲ့ Straighten tool ကိုရွေး…
ကျတော် နမူနာပြထားတဲ့ ပုံထဲက ပြထားတဲ့အတိုင်းပါပဲ ကျတော်က အဆောက်အဦကြီး စောင်းနေလို့ အဆောက်အဦနဲ့ ပြန်ချိန်မှာဆိုတော့ ချိန်ရတာလွယ်တဲ့ အဆောက်အဦ ဘေးမှာ mouse pointer သွားပြီး အဲဒီ အဆောက်အဦနဲ့ အပြိုင် drag လုပ်ပြီး မျဉ်း တစ်ကြောင်းဆွဲတယ်… ပုံထဲမှာ အနီရောင်နဲ့ ပြထားတဲ့ မျဉ်းကြောင်းပါ… ပြီးရင် click ကိုလွှတ်လိုက်တယ်… ဟော စောင်းနေတဲ့ ဓာတ်ပုံက တည့်သွားရော…
အပေါ်က ပြောခဲ့တဲ့ အတိုင်း မလုပ်ချင်ရင် Angle ရဲ့ဘေးမှာရှိတဲ့ slide bar ကနေ ပြောင်းလို့ရသလို slide bar ရဲ့ပေးမှာ ဂဏန်းတွေရိုက်ထည့်ပြီး စောင်းတာ တည့်တာတွေ လုပ်လို့ ရကြောင်းပါ…

My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial
Comments