Skip to main content

SONY Bloggie Touch Camera : HD Video ရိုက်မလား…? Still Photo ရိုက်မလား…?

My Labels: pocket camcorder, review

အိတ်ကပ်ထဲမှာ ဆောင်ထားနိုင်တဲ့ HD Video ရိုက်နိုင်တဲ့ mobile phone ရွယ်အစား ဝန်းကျင်သာရှိတဲ့ HD video ရော… 12.8-Megapixel ဓာတ်ပုံပါ ရိုက်နိုင်မယ့် SONY Bloggie Touch Camera အသစ်ကို ဆိုနီက ရောင်းချတော့မည်လို့ ကြေငြာလိုက်ပါတယ်… SonyStyle.com မှာတော့ 10/09/2010 ဝန်းကျင်လောက်မှာ ဈေးကွက်ကို တင်ပို့မယ်လို့ ရေးထားပြီး pre-orders ကို လက်ခံနေပါပြီ… 

Bloggie ပထမမျိုးဆက်အနေနဲ့ Bloggie camera PM5, CM5 model များကို SONY မှာ ထုတ်ခဲ့ဖူးပြီး ယခု ထပ်ထုတ်လိုက်တဲ့ မော်ဒယ်ကတော့ ယခင် မော်ဒယ်များထက် screen အရွယ်စား ပိုမို ကြီးလာကာ touch screen ဖြင့် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်…  အလွယ်တကူ recording လုပ်ဖို့ခလုတ်တစ်ခု ပါဝင်ပြီး အခြား လုပ်ဆောင်ချက်များကိုတော့ 3" touch screen မှတဆင့် လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်… 


ဒီ bloggie touch ကင်မရာဟာ 1/2.5 Exmor CMOS sensor အသုံးပြုထားကာ ဗီဒီယို ရိုက်ကူးရာမှာ Full HD video 1080p နဲ့ရိုက်ကူးပေးပြီး MP4 file format နဲ့သိမ်းဆည်းတယ်လို့ သိရပါတယ်… built-in 8GB ပါဝင်တဲ့ ကင်မရာ မော်ဒယ်နဲ့ 1280x720/30p quality HD video ရိုက်ကူးမယ်ဆို ၄-နာရီ အထိ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်… HDMI (mini) output ပါဝင်တဲ့ အတွက်ကြောင့် ရိုက်ကူး ထားသမျှကို HDMI cable အသုံးပြုပြီး HDTV တွေနဲ့ ချိတ်ဆက်ကာ ကာ အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ပါတယ်…

ပုံရိပ်တွေ ဝေဝါးမှုကိုကာကွယ်ပေးနိုင်မယ့် SteadyShot image stabilization လုပ်ဆောင်ချက်နဲ့ Face Detection technology တွေလည်း ထည့်သွင်းထားပါတယ်… အလိုအလျှောက် macro mode ကို ပြောင်းပေးနိုင်တဲ့ auto macro ပါဝင်ပြီး အဝေးက အရာဝတ္တုတွေ ဆွဲရိုက်နိုင်ဖို့အတွက် 4x Zoom ပါဝင်ပါတယ်… 





အရွယ်အစားက 15 x 107 x 52 mm ဖြစ်ပြီး 4.5 ounces အလေးချိန် ရှိတယ်လို့ သိရပါတယ်… ကွန်ပျူတာနဲ့ တိုက်ရိုက်ချိတ်ဆက်ဖို့ အတွက် USB ခေါင်း တပါတည်း ထည့်သွင်းပေးထားတဲ့အတွက် ကင်မရာနဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့ USB ကြိုးသယ်ရတဲ့ ဒုက္ခ၊ ပျောက်မှာ စိုးတဲ့ သောက ကင်းဝေးစေပါတယ်… ဒီ USB arm  ကို ကွန်ပျူတာထဲကို ဓာတ်ပုံလွှဲ ပြောင်းဖို့နဲ့ ဓာတ်ခဲအားသွင်း ဖို့အတွက်ပါ အသုံးပြုပါတယ်…  Camera ထဲမှာ Bloggie Software ver 1.0 တစ်ခါတည်း ထည့်သွင်းထားပြီး Windows XP SP3 (32-bit only), Vista SP1, Windows 7 OS တွေမှာ အဆင်ပြေ ချောမွေ့စွာ အလုပ်လုပ် ပါတယ်…

SonyStyle US website မှာတော့ SONY Bloggie Touch Camera 8GB ကို  USD199.99 ဈေးဖွင့်ထားပြီး SONY Bloggie Touch Camera 4GB  ကိုတော့ USD179.99 ဈေးဖွင့်ထားပါတယ်.. မြန်မာပြည်ကိုရောက်ရင်တော့ 8GB ကို အနိမ့်ဆုံး USD250 ဝန်းကျင် ဈေးရှိနိုင်ပါတယ်… အပျော်တမ်း ဗီဒီယိုရိုက်ဖို့ ဖြစ်ဖြစ်၊ မိသားစု သုံးဖို့ ဖြစ်ဖြစ်၊ ကိုယ်မြင်သမျှကို ပြန်share ချင်တဲ့သူတွေ အတွက် အသုံးတည့်မယ့် ကင်မရာတစ်လုံး ဖြစ်ကြောင်း လတ်တို့ လိုက်ပါရစေ…

ဒါပေမယ့်… အခုအသစ်ထွက်လာတဲ့ Apple iPod Touch 4Gen ဟာ  1280x720/30p HD video ရိုက်ကူးနိုင်တဲ့ လုပ်ဆောင်ချက်ပါဝင်လာပါတယ်… ဒါပေမယ့် ဓာတ်ပုံ ရိုက်ကူးရာမှာ still photos (960 x 720) သာရိုက်ကူးနိုင်ပါတယ်… ဓာတ်ပုံ ရိုက်ကူးတာကို ဦးစားမပေးဘူး၊ HD video ရိုက်မယ်၊ သီချင်း နားထောင်မယ်၊ ဗီဒီယိုကြည့်မယ်၊ ဂိမ်းကစား ချင်တယ် ဆိုရင်တော့ အဝယ်သင့်ဆုံးက Apple iPod Touch 4Gen ပါ… Apple iPod Touch 4Gen 8GB လည်း USD230 ဝန်းကျင် တန်ဖိုးရှိပါတယ်... ကဲ

ဒေါ်လာ ၂၃၀-ကျော်နဲ့ ညီမျှတဲ့ ငွေရှိရင် ခင်ဗျားဆို ဘာဝယ်မလဲ...

Comments

ငစနေ said…
iPod Touch has wireless connectivity and can share the recorded movies directly online. Sony needs to beat it to be successful

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

WinKalaw NativeMyanmar Keyboard Layout BETA version

WinKalaw နှင့် အခြား Win Font များကို စာရိုက်ရာတွင် Alt နှင့် နံပါတ်များကို တွဲနှိပ်နေရ၍ စိတ်ညစ်နေရသူများ၊ Laptop ကို အသုံးပြုတဲ့အခါမှာ ပါဌ်ဆင့်တွေကို ရိုက်တဲ့အခါမှာ မရိုက်တတ်ဖြစ်နေသူ များအတွက် WinKalaw NativeMyanmar Keyboard Layout BETA version ပါ။ WinKalaw NativeMyanmar Keyboard Layout BETA version နဲ့ စာရိုက်ရာမှာ အဆင်ပြေနိုင်ပါပြီ။ WinKalaw NativeMyanmar Keyboard Layout BETA version ကို ဒီနေရာမှာ ဒေါင်းလုတ်ဒ် ရယူနိုင်ပါသည်။ WinKalaw NativeMyanmar Keyboard Layout သည် Zawgyi လက်ကွက်ကို အခြေခံထားသည်။ (ယခင် စထွက်ဖူးသော Win Myanmar လက်ကွက်များ အတိုင်းဖြစ်သည်။) Win Myanmar (-Win---Innwa ၊ WinKalaw ၊ Win စသော မြန်မာစလုံးများ)၊ Metrix-1 (Metrix မြန်မာစာလုံးများ) ၊ W01Art House (အနုပညာအိမ် မြန်မာစလုံးများ) ရိုက်ရာတွင် အသုံးပြုနိုင်သည်။ အင်္ဂလိပ်စာလုံးများနှင့် အခြား မြန်မာယူနီကုဒ်များစာလုံးများတွင် အသုံးပြုပါက အင်္ဂလိပ်စာလုံးများသာ ထွက်မည် ဖြစ်သည်။ ပါဠိ ပါဌ်ဆင့် အထပ်များကို သက်ဆိုင်ရာ စကာလုံးတည်ရှိရာ key ကို Ctrl+Alt သို့ Ctrl+Alt+Shift များ တွဲနှိပ်ပြီး ရိုက်နိုင်သည်။ ဥပမာ - ဓမ္မ ရို...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...