Skip to main content

မန္တလေးမှာ မိုးတွေရွာနေတယ်... ရေတွေကြီးနေတယ်... Mandalay News

မန္တလေးမှာ ၇-၁၀-၁၀ နေ့ညနေစောင်းကတည်းက မိုးတွေရွာနေတာ အခုအချိန် အထိ ရွာနေတုန်းပါ... ရွာလိုက် တိတ်လိုက်ပေါ့... ရေတော်ပါတဲ့ မိုးပါ... မိုးရွာတဲ့ ရေတွေရော နားတောင်းကျချောင်း၊  ပန်းရံတော်ချောင်းတို့ကနေ လျှံတက်လာတဲ့ ရေတွေကြောင့်ပါ မနေ့က မနက်ပိုင်းမှာ မြို့သစ်ဘက် အချို့ နေရာတွေမှာ ခါးလောက်ထိ (၃-ပေခန့်) ကို ရေတွေ တက်နေတယ်လို့ သိရပြီး ညနေ ၄-နာရီနောက်ပိုင်း ထပ်သည်းတဲ့ မိုးကြောင့် အချို့ နေရာတွေမှာ ရင်ညွှန့်လောက်ထိ (၄-ပေလောက်အထိ) ရေတွေ တက်နေတယ်လို့ သိရပါတယ်... စေတနာရှင် တွေဆီကနေ အလှူငွေ ကောက်ခံပြီး ရေဝင်နေတဲ့ မြို့သစ်ဘက်တွေမှာ မနေ့ကစပြီး  ထမင်းထုပ် ဝေနေတယ်လို့ သိရပါတယ်... အခု မနက် ၉း၁၅ နာရီမှာ Google Earth ကနေမြင်တွေ့ရတဲ့ တိမ်တိုက်ကြီးကိုလည်း ရှုစားပြီး မုန်တိုင်းကြီး အဆင့်သို့ မရောက်ဘဲ ပျက်ပြယ်သွားပြီး ရေဘေးက ကင်းဝေးကြပါစေလို့ ဝိုင်းဝန်း ဆုတောင်းပေးကြပါဦး ခင်ဗျာ...



My Labels: Mandalay, Myanmar, Burma, Weather

Comments

khin oo may said…
ဆုတောင်းပါ၏
Tasay said…
Who told you that google earth images are updating day to day or like real time? It's too confusing for me by reading your post because you wrote like you looked at the weather condition over Mandalay by using google earth.
MgHla said…
Tasay...
ွGoogle Earth က ပြည်တွင်းက လွှင့်နေတဲ့ FM radio တွေထက်တော့ ပိုမှန်ပါတယ်... Google Earth မကြည့်ဖူးရင် သေချာ ထိုင်ကြည့်ကြည့်ပါ... weather ပြောင်းလဲမှုကို ပြမပြ ကိုယ်တိုင် ဆုံးဖြတ်ပါ... ကျတော်ရေးတာ မယုံရင်လည်းနေပါ... ကျတော် ကောလဟလ ဖြန့်နေတာ မဟုတ်ပါ...
MgHla said…
Tasay...
မနေ့က ကျတော် facebook မှာ တင်ထားတဲ့ပုံ(http://sphotos.ak.fbcdn.net/hphotos-ak-snc4/hs782.snc4/66259_448084269783_691314783_5049496_1169814_n.jpg)နဲ့ အခုပုံကို ယှဉ်ကြည့်ပါ... Google Earth က weather.com နဲ့ချိတ်ဆက်ပြီး ရာသီဥတု အခြေအနေကို ပြနေတာပါ...
Anonymous said…
မှတ်မိသေးတယ်.... လွန်ခဲ့တဲ့ ၂၀ နှစ်လောက်က တခါဖြစ်ဖူးတယ်။ ဆယ်တော်လေးနဲ့ ဆယ်တော်ကြီးက ရေတွေ လွှတ်ချလို့ အခုတခါ ဖြစ်ပြန်ပြီ။ အားလုံး အဆင်ပြေ ကြပါစေ။ ကိုမောင်လှရေ.... လိုအပ်သူတွေ ထောက်ပံ့ရေးအတွက် ဘယ်သူတွေ အလှူခံနေတုန်း post ရေးပြီး သတင်း ပေးပါအုံး..... post အသစ်စောင့်နေမယ်။
Tasay said…
Google earth is not showing real time data or Google can't update the whole world pics day to day. But I knew that they update the weather photos more often than other photos. But there are some delay in the updating process before updating the latest pics. What I mean is you should have referred to the data from the weather channels or the data from the weather radars. Yes, I know this is your blog and you can write whatever you want to.. It's not a problem for me by reading your post because I know that Google can't update the data real-time. But for dumbs people, they might think that Google earth is showing the realtime pics. I have been asked that question about a week ago from a guy live inside Myanmar. He asked me if I know anything like google earth that can show realtime pics. I was like WTF! and asked him back who told you that google earth is realtime. And he said he thought it is realtime and there might have other services like google earth which can show the realtime photos.

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...