Skip to main content

ကိုယ့်ရဲ့ ဘလော့မှာ eot ထည့်ချင်သူများအတွက်

ကိုယ့်ရဲ့ ဘလော့ (blogspot.com ဘလော့များသာ) မှာ eot ထည့်ချင်သူများ ခင်ဗျား....
blog template ပြင်တဲ့အထဲက HTML ထဲဝင်ပြီး style type="text/css" ကိုရှာ၊ တွေ့ပြီး ဆိုအဲဒီ စာကြောင်းရဲ့ အောက်မှာ ဖော်ပြပါ စာကြောင်း ၆-ကြောင်းကို ထည့်လိုက်ရင်ရပါပြီ ခင်ဗျား...

@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(
http://maunghla.googlepages.com/ZAWGYIO0.eot);
}
Bold, Italic တို့အတွက် တော့မပါပါ... ရိုးရိုး normal Zawgyi-One အတွက်ပါ... စမ်းကြည့်ပါဦး...
ကျတော်တောင် ကျတော့် blog က eot ကို ဖြုတ်တော့မလို့... ဘာဖြစ်လို့လည်းဆိုတော့ blog လာကြည့်သူ တော်တော်များများမှာ Zawgyi-One သုံးနေကြပြီလေ...

Comments

ကိုကြီးမောင်လှရေ ....

eot မဖြုတ်ပါနဲ့ဦးခင်ျော ... ။
ဘလော့မရေးတဲ့ နိုင်ငံတကာက မြန်မာ စာဖတ်သူသက်သက်တွေအတွက် eot ဟာတစ်ကယ့်ကို လိုအပ်ပါတယ် ။

အကြောင်းကိစ္စ ထွေထွေထူးထူးမရှိရင်တော့ ဒီအတိုင်းလေး ဆက်ထားစေချင်ပါတယ် ...။

( ကျွန်တော့်အမြင်လေးပါ ခင်ျော။ )
Big Brother Thu said…
I want to use sayar's eot .
Thanks for this.
thamudayanwe said…
thanks u for writing about how to make a blog book.
i'm very thanked to u.
Yan said…
ကိုမောင်လှကြီးရေ…
ဒါဆိုရင် EOT အတွက် WEFT ကို Run ပြီး Address URL ထည့်ပေးစရာတောင် မလိုတော့ဘူးပေါ့.
ဒီနည်းက အရမ်းအဆင်ပြေတာပဲဗျ. ကိုမောင်လှကြီးကို ချီးကျူးပါတယ်ဗျာ.

ကိုမောင်လှရဲ့ ဘလော့ဂ်က EOT တော့ မဖြုတ်စေချင်သေးဘူးဗျ. ဘာလို့လဲဆိုတော့ နိုင်ငံတကာက စာဖတ်သူတွေအတွက် အကျိုးများစေလို့ပါ. တစ်ချို့ဆို ရုံးက ကွန်ပြူတာကို အလစ်ခိုးသုံးပြီး ဘလော့ဂ်ဖတ်တာရှိသေးတယ်လေ. (တိုက်ဆိုင်က ခွင့်လွှတ်ပါခင်ဗျာ.)
ဒါကြောင့် သူတို့လေးတွေအတွက် ဒီတိုင်းလေးပဲ ထားပေးလိုက်ပါဦးလို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ…

အစ်ကိုတို့လိုဘလော့ဂါတွေကြောင့် ကျွန်တော်တို့တွေ လူတစ်လုံးသူတစ်လုံး ဖြစ်လာတာဗျ.
မန်းလေးရောက်ရင် ပလာတာကျွေးပြီး ဘီယာတိုက်မယ်.
ဟတ်ဟတ်ဟတ်…

ခင်မင်လေးစားလျက်

ရန်အောင်
MYO HAN HTUN said…
ကိုမောင်လှ .. ရေ ..

eot ကတော့ ထားလိုက်ပါ။ NetCafe တွေပြောင်းသုံးတတ်တဲ့ မြန်မာတွေ အများကြီးပဲ။ သူတို့အတွက်တော့ ထားပေးသင့်ပါတယ်။

လေးစားလျှက်

ကိုတိုး
ပီကေ said…
ကိုမောင်လှ၊ အကို့ရဲ့ အီးအိုတီကို ကျနော်တို့ ယူသုံးထားတာ အဆင်ပြေပါတယ်။ ဒါပေမယ့် အခု blogspot.com ကို ဘန်းထားတော့ ကျနော်တို့ ဒိုးမိန်းပြောင်းပြီး myanmarbloggers.org ကို သုံးခဲ့ကြပါတယ်။ ဒါကြောင့် အီးအိုတီက အလုပ်မဖြစ်တော့ပါ။ အဲဒါ ဘယ်လို လုပ်လို့ ရမလဲ ဆိုတာ သိချင်လို့ အကြံဉာဏ် လှမ်းတောင်းရတာပါ အကို။ ကျေးဇူးတင်ပါတယ်။

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

RustDesk remote desktop software

RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti...