gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ရခိုင်ပြည်နယ်မှာ ဒုက္ခရောက်နေသူများ အတွက် အလှူခံပါရစေ...

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များကြောင့် အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေသော ပြည်သူများကို ကူညီထောက်ပံ့ရန်အတွက် မန္တလေးမြို့မှ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော မန္တလေး ကွန်ပျူတာ အသုံးပြုသူများ လူမှုကွန်ယက် (Mandalay Computer Society) မှ လူအများ ပါဝင်သော ယာယီ အဖွဲ့အစည်း တစ်ခုမှာ ကျတော် အဖွဲ့ဝင်အနေနဲ့ ပါဝင်ပါတယ်... ဒီအဖွဲ့အစည်းမှာ မန္တလေးတိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ အမှုဆောင်များ၊ မန္တလေးမြို့နေ ကွန်ပျူတာ အသုံးပြုသူများ ပါဝင်ပါတယ်...

ကျတော်တို့ရဲ့ MCS ကနေ တဆင့် ရခိုင်ပြည်နယ် အတွင်း ဒုက္ခရောက်နေသူတွေကို ငွေကြေး ကူညီချင်တယ် ဆိုရင်တော့ ကျတော်ဆီကို ငွေလွှဲနိုင်ပါတယ်...


ပြည်တွင်းက အလှူရှင်များ ဘဏ်ကနေ ငွေလွှဲမယ် ဆိုရင်တော့ ...

ထင်လင်းအေး
၉/မနမ(နိုင်) ၁၁၇၁၁၅
Phone: 09 7322 6762
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD Bank)၊ မန္တလေးဘဏ်ခွဲ
ကို ကျေးဇူးပြုပြီး လွှဲပေးပါ ခင်ဗျာ... AGD Bank နဲ့ ချိတ်ဆက်ထားတဲ့ အခြား ပြည်တွင်း ဘဏ်များကနေပြီးတော့လည်း ငွေလွှဲနိုင်ပါတယ်... AGD Bank ကို လွှဲပေးဖို့ အဆင်မပြေခဲ့ရင်တော့ မန္တလေးမြို့ ၈၃-လမ်း (ဈေးချို အနီး) ရိုးမဘဏ်၊ KBZ Bank (၈၄-လမ်း ဈေးချို ဘဏ်ခွဲ) တို့ကို လွှဲပေးနိုင်ပါတယ်...

ပြည်တွင်းမှ AGD Bank ရဲ့ ATM card အသုံးပြုသူများ ATM မှတဆင့် အလှူငွေ လွှဲပေးချင်သူများ ရှိပါက အလှူငွေ လွှဲနိုင်အောင် စီစဉ်ပေးပါ့မယ်...


ထိုင်းနိုင်ငံရောက် အလှူရှင်များ ငွေလွှဲမယ် ဆိုတော့ ...

AGD Bank နဲ့ ချိတ်ဆက်ထားတဲ့ Karsikorn Bank (KBank) မှ တဆင့် လွှဲပေးနိုင်ပါတယ်... AGD Bank မှ ထုတ်ပြန်ထားတဲ့ ထိုင်းနိုင်ငံမှ ငွေလွှဲခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို http://goo.gl/Vl3rm မှာ ဖတ်ရှုနိုင်ပါတယ်...


မလေးရှား နိုင်ငံရောက် အလှူရှင်များ ငွေလွှဲမယ် ဆိုတော့ ...

AGD Bank နဲ့ ချိတ်ဆက်ထားတဲ့ May Bank ဘဏ်ခွဲများနှင့် MME (Maybank Money Express) များမှ လွှဲပေးနိုင်ပါတယ်... AGD Bank မှ ထုတ်ပြန်ထားတဲ့ ထိုင်းနိုင်ငံမှ ငွေလွှဲခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို http://goo.gl/aFniu မှာ ဖတ်ရှုနိုင်ပါတယ်...



လေးစားစွာဖြင့်



မောင်လှ (ခ) ထင်လင်းအေး
MgHla @ Htin Linn Aye
http://blog.MgHla.net
https://www.facebook.com/MgHla

Comments

Ad