Skip to main content

eot ဘယ်လိုလုပ်... အပိုင်း - ၂

  • အဲဒီ ဖိုင် ၄-ဖိုင်ကို အင်တာနက်ပေါ်တင်ရအောင်...
  • ကိုယ်ပိုင် hosting ရှိရင် ကိုယ်ပိုင်ပေါ်တင်ပေါ့ဗျာ... ကျတော့်လို ကိုယ်ပိုင်မရှိတဲ့သူတွေကတော့ free hosting ပေါ်တင်တယ်ပေါ့ဗျာ... ခု ကျတော် ripway.com ပေါ်တင်လိုက်တယ်ဗျာ...
  • ကျတော်တို့ copy ကူးခဲ့တဲ့ code တွေရဲ့ src: url(ZAWGYIO3.eot) ဆိုတဲ့နေရာတွေမှာ src: url(http://h1.ripway.com/MgHla/eot/ZAWGYIO3.eot) တွေဖြစ်အောင် လိုက်ပြင်ပါ... ၄-နေရာ ပြင်စရာ လိုတယ်ခင်ဗျ...ပြင်ပြီးပြီဆိုရင်
@font-face {........
.........
.......}
  • အကုန် copy ပြန်ကူးပြီး web page ရဲ့ html code ထဲက STYLE TYPE="text/css" ဆိုတဲ့အောက် ကပ်လျှက်မှာ paste လုပ်လိုက်ပါ...
  • ရလား မရလားကို ဖောင့်မရှိတဲ့ ကွန်ပျူတာမှာ Internet Explorer နဲ့ ပြန်ကြည့်ပါ... ကျန်တဲ့ browser များနဲ့ ကြည့်ရင် မြင်ရမည်မဟုတ်ပါ...

WEFT (eot) က IE (Internet Explorer) နဲ့ပဲ အလုပ်လုပ်တယ်ဆိုတာ မှတ်ထားပေးပါဦး...

အပိုင်း-၁ သို့...

ဒီ blog တွေကိုမှီငြမ်းခဲ့ပါတယ်...

http://mgzeng.blog.com/450405/
http://dathana.blogspot.com/2006/04/weft-eot-font-tutorial.html

Comments

BaganNat said…
Nice Shoot Sir...
MgAlbert said…
ကျေး ဇူးဘဲ ကိုမောင်လှ ရေ။ ကျွန်တော် microsoft ကနေ ဒေါင်းလုပ် လုပ်ပြီး သွားပြီ။ စမ်းသပ် တော့မယ်။ ကျေးဇူးဘဲ။ နောက်လည်း အဲလို tutorial တွေ လုပ်နည်း တွေ များများ တင်နိင် ပါစေ ဗျာ။
Anonymous said…
thanks a lot byar
Anonymous said…
ကိုမောင်လှရေ.. အရမ်းကျေးဇူးတင်ပါတယ် ။ ဒီပို့စ်ဒ်ကညွန်ပြချက်တွေကိုလိုက်ပြီးလုပ်တာ သိပ်လွယ်တာပဲ ။ နောက်လည်းဒါမျိုးလေးတွေ တင်ပေးပါဦး ။

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

RustDesk remote desktop software

RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti...