Skip to main content

နှစ်သက်မိတဲ့ iPhone Dictionary apps တွေ...

  • Cambridge Advanced talking dictionary လေးကို ကြိုက်မိတယ်... ဒေါင်းလုပ်လုပ်တာ ၂၀၉-မက်လောက် ရှိပါတယ်... အသံထွက်က US အသံထွက်ရော UK အသံထွက်ပါ ပါတယ်...
  • saturngod @ ထိန်လင်းရွှေ ရေးထားတဲ့ Ornagai Dictionary ကိုလည်း ကြိုက်မိတယ်... သိပ်စုံတဲ့ light version ကို သုံးနေတယ်... ဖုန်းဝယ်တဲ့ဆိုင်က jb လုပ်ပြီး ထည့်ပေးလိုက်တုန်းက Ornagai full version (cracked) ပါတယ်... 
  • ကိုယ်ဘာသာကို iOS 4.2.1 တင်လိုက်တာ ပြန်မတက်တော့လို့ iSonic က ညီငယ် ရှမ်းလေး ပြန်တင်ထားပေးတာနဲ့ သုံးနေတာဆိုတော့ Ornagai full version (cracked) မရှိတော့ဘူး... ရှမ်းလေးတို့ရဲ့ iSonic က ၇၃-လမ်း၊ ၃၆×၃၇-လမ်းကြားမှာ ရှိတယ်... iDevice တွေနဲ့ ပတ်သက်တဲ့ software ပိုင်း hardware ပိုင်းတွေကို ဖြေရှင်းပေးပါတယ်...
  • နောက်ညွှန်းချင်တာကလည်း မြန်မာလူမျိုးတွေ ထုတ်ထားတဲ့ iDEFINED ပါ... ဒီ iDEFINED ကို Technomation Studio ရဲ့ CEO ထူးမြင့်နောင် ဆီက လက်ဆောင် ရထားတာပါ... iDEFINED မှာ English-Myanmar, Oxford Advanced Learners, Longman, Merriam-Webster ဒစ်ရှင်နယ်ရီတွေ ပါပါတယ်... အသံထွက်လည်း နားထောင်လို့ ရပါတယ်... iDEFINED မှာ ရှာတဲ့ စာလုံးရိုက် နေချိန်မှာ သက်ဆိုင်ရာ စကားလုံးတွေ မကျလာဘဲ Search နှိပ်မှ ပေါ်တဲ့ အတွက် စာလုံးပေါင်း သေချာ မသိတဲ့ စကားလုံးတွေ ရှာရင် အခက်အခဲ ဖြစ်စေပါတယ်... iDEFINED ကို jail break လုပ်ထားတဲ့ iPhone များမှာသာ ထည့်သွင်းနိုင်ပါတယ်... iDEFINED ကို iPhone မှာသာမက အခြား ဖုန်းအမျိုးအစားတွေ အတွက်ပါ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်...

ကျတော် iPhone ကိုင်နေတယ် ဆိုလို့ အထင်မကြီးပါနဲ့ အသစ် ကိုင်နိုင်လို့ iPhone 3Gs 32GB အဟောင်းလေး ဝယ်ကိုင်တာပါ... သနားလို့ iPhone 4 လက်ဆောင် ပေးချင်က ပေးနိုင်ကြောင်းပါ...

My Labels: iPhone Apps, Dictionary, word finder

Comments

naing said…
ဦးမောင်လှ .... iPhone4 ဆိုပြီး လက်ဆောင်လာပေးတိုင်းလည်း ၀မ်းသာအားရ ကျေးဇူးတွေ စွတ်တင်မနေနဲ့နော် ... တရုတ်ကလာတဲ့ iPhone4 တွေ အများကြီးပဲ ...
mgphyulay said…
ဘရားသား idefine ဘယ်မှာရနိုင်မလဲဗျ။ for iphone .. သူတို့ website ကလည်း အလုပ်မလုပ်ဘူး...

ရနိုင်မဲ့ လင့် လေးများ မစပါလား.. ဖြစ်နိုင်မယ်ဆိုရင်ပေါ့..
MgHla said…
iDEFINED က ကျတော်သိသလောက် Jail Break ဖုန်းတွေ အတွက်ပဲ ရောင်းပြီး ရန်ကုန်၊ မန္တလေးက ဖုန်းဆိုင် အချို့မှာပဲ ထည့်သွင်းနိုင်ပါတယ်...
Sai Nyi Phyo said…
This comment has been removed by the author.

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...


fb Security Features and Tips အပိုင်း-၂ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Never Share Your Login Information • ကိုယ့်ရဲ့ password ကို ခိုးချင်တဲ့ Scammer တွေဟာ facebook နဲ့ အလားသဏ္ဍာန်တူတဲ့ website အတုတွေ ဖန်တီးပြီး ကိုယ့်ရဲ့ email နဲ့ password ထည့်သွင်းပြီး login လုပ်ခိုင်းတတ်ပါတယ်။ (Scammer အသုံးအနှုန်းကို ဘန်းကျော်မှာ လူသုံးနည်းပြီး hacker လို့ အသုံးများကြတယ်။ scammer နဲ့ hacker ဘာကွာလဲ ကျော့်လည်း မသိဘူး။ လိုက်ရှာလည်း မဖတ်ချင်ဘူး။ ဘာသာဆက်ပြန်မယ်။ ဆက်ရွှီးမယ်။) • ကိုယ့်ရဲ့ username, password တွေ အသုံးပြုပြီး facebook ကို login ဝင်မယ်ဆိုရင် facebook ရဲ့ login screen design နဲ့တူတယ် ဆိုပြီး username နဲ့ password တွေ အလောတကြီး မရိုက်ထည့်လိုက်ပါနဲ့။ • URL bar မှာ facebook.com ဟုတ်ရဲ့လား ပြန်စစ်ပါ။ ဒါက browser ကနေ အသုံးပြုတာကို အဓိကရည်ရွယ်ပ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်... ဒါနဲ့စကားမစပ်... (Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်... ဒါနဲ့စကားမစပ်...  အောက်က ပေးထားတဲ့ link လေးတွေလည်း သွား ကြည့်ပါဦး... http://www.microsoft.com/athome/setup/wirelesstips.aspx Ydnb FC နဲ့ YgnUtd ပွဲအပြီးမှာ ရန်ကုန်ပရိတ်သတ်တွေကို ခဲနဲ့ပေါက်သူတွေကို ဖမ်းမိတဲ့ သတင်း... http://yanikphotoschool.com/tips/using-your-monitor-as-a-light-source-part-1/   http://lifehacker.com/5360150/install