အခမဲ့ အသုံးပြုနိုင်တဲ့ Operating System အမျိုးစား တစ်ခုဖြစ်တဲ့ Linux မျိုးနွယ်ဝင် Ubuntu အကြောင်း ရှင်းလင်း ပြသ သရုပ်ပြပွဲကို မန္တလေးမြို့ ၃၂-၃၃လမ်း၊ ၇၇-၇၈ လမ်းကြား ရွှေဖြူပလာဇာ ဒုတိယထပ် ကွန်ပျူတာအသင်း ခန်းမမှာ လာမယ့် ၄-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှာ မနက် ၁၀-နာရီကနေ ညနေ ၅-နာရီအထိ ကျင်းပမယ်လို့ သိရပါတယ်... တက်ရောက်မည့် သူများ http://u4mdy.doattend.com/ မှာ register ပြုလုပ်ပြီး e-mail နဲ့ ပြန်လည်ပေးပို့လာတဲ့ ticket ကို print ထုတ်ယူခဲ့ပါက Ubuntu OS install + software များပါတဲ့ DVD များ အခမဲ့ ရရှိမှာ ဖြစ်ပါတယ်... အသေးစိတ် အချက်အလက်များကို https://www.facebook.com/events/282616318443693/ မှာ မေးမြန်းနိုင်ပါတယ်...
ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...
Comments