gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို ရောက်ခဲ့တယ်...

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို နေ့ခင်း ၂-နာရီကျော်လောက် ရောက်သွားတော့ နေ့လွှတ် တိရိစ္ဆာန် အကောင်ပုံ ချိုးထားတဲ့ မီးပုံပျံတွေ လွှတ်နေပါပြီ... 

ကြက်ဆိုတဲ့ အမျိုးက မိုးပေါ်ပျံလို့လား ခင်ဗျ...

မိုးပေါ် မပျံချင်လို့တဲ့...

ကြက်တစ်ကောင်ရဲ့ ဘဝ နိဂုံးပေါ့ဗျာ...

ဘာမှန်း ညာမှန်း မသိ မီးထိုးတဲ့ အောက်အထိလည်း ဝင်ရိုက်ခဲ့တယ်...

ချယ်ရီဦးကြီး တက်သွားပြီး မီးကျည်တွေ ကျတော့်ဆီ ပြေးလာနေကြတယ်... ညှော်နံ့ရတယ်... အင်္ကျီတွေ မီးများ ပေါက်သွားသေးလား...

ကားက ပြန်ထွက်လို့ မရလို့ ကားပေါ် အိပ်နေတဲ့အချိန် မီးရှုး မီးပန်း မီးကျည်တွေ ကျလာလို့ အပြင်ထွက်ကြည့်တော့ မီးပုံပျံကြီး ပျက်ကျ တာပါလား... မီးငြိမ်းစရာ မီးသတ်ဆေးဘူးလည်း မရှိဘူး... နောက်ဆုံးတော့ မီးမငြိမ်းဘဲ မီးလှုံကြနေလေရဲ့....

များပြားလှတဲ့ လူအုပ်ထဲမှာ လမ်းလျှောက်စရာမလိုဘဲ တရွေ့ရွေ့နဲ့ မျောပါလို့ မနည်း ရုန်းထွက်ခဲ့ရတယ်...

များပြားလွန်းတဲ့ လောင်းကစားဝိုင်းတွေ...

အရက်၊ ဘီယာပွဲတော်လို့ပါ ပြောနိုင်တဲ့ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်... မြန်မာ စည်ဘီယာ တစ်ခွက် ၇၅၀-ကျပ်ကနေ ၁၀၀၀-ကျပ် ဝန်းကျင်ဈေးရှိတယ်...

တုတ်ထိုး၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်ဆိုင်လေးတွေလည်း ပေါပါတယ်...

My Labels: Taunggyi, Myanmar, Dasaungtine, Tasaungtine

Comments

Ad