gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

BarCamp Mandalay 2011 ကျင်းပမည်...

BarCamp Mandalay

မန္တလေးမြို့ရဲ့ ပထမဆုံး အကြိမ် ကျင်းပမှာ ဖြစ်တဲ့ BarCamp Mandalay 2011 ကို ယခင် သတ်မှတ်ထားတဲ့ အင်းဝ ဟိုတယ် အစား ၇၈-လမ်း၊ ၂၈-၂၉ လမ်းကြားမှာ ရှိတဲ့ ပုပ္ပား ဟိုတယ် မှာ ဖေဖော်ဝါရီလ ၁၂-ရက်နေ့နဲ့ ၁၃-ရက်နေ့မှာ ကျင်းပ ပြု လုပ်မှာ ဖြစ်ပါတယ်... အဲဒီ ၂-ရက်မှာ ကျင်းပမယ့် အချိန်က မနက် ၉-နာရီမှ ညနေ ၅-နာရီ အထိ ကျင်းပမှာ ဖြစ်ပြီး တစ်နေလုံး အချိန်ပြည့် တက်ရောက် နိုင်သလို အချိန်ပြည့် မတက် ရောက်နိုင်ပါက မိမိ စိတ်ဝင်စားတဲ့ အကြောင်းအရာ ဆွေးနွေးတဲ့ အချိန်များမှသာ သွားရောက် နားထောင် ဆွေးနွေးနိုင်ပါတယ်... မန္တလေး BarCamp အကြောင်း ပိုမို သိရှိလိုပါက http://barcampmandalay.org/about/ မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်... 

My Labels: BarCamp, ဘားကမ့်, Mandalay, Myanmar, Burma

Comments

အတော်ကောင်းမွန်တဲ့ နည်းပညာ ဖလှယ်ပွဲဗျာ။ သွားချင်လိုက်တာ။ အဝေးရောက်နေသူဆိုတော့ ... သတင်းတွေပဲ နားစွင့်နေရတော့မှာပေါ့။

Ad