ကျတော့် ဘလော့မှာ ရေးဖူးတဲ့ Lightroom tutorial တွေကို pdf လုပ်ထားတာပါ... ပြီးပြည့်စုံမှု မရှိသေးပေမယ့် အခုမှ စသုံးမယ့်လူတွေ အတွက်တော့ အသုံးတည့်မယ်လို့ ထင်ပါတယ်...
http://www.mghla.net/share/MgHla_Lightroom.pdf
မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...
Comments
------------
မြန်မာတဲ့ မြန်မာ
ကိုယ့်ဘာသာ ကိုယ့်စကားရယ်နဲ့
ကိုယ့်စာပေ တမူခြားတာကြောင့်
ကမ္ဘာမှာ ငါတကားရယ်လို့
ကြွားဝံ့စရာ
အရေးမှာ တကယ်မိပါမှ
ထူးပါဘိ မြန်မာစာ
ဂုဏ်ယူပါစေသား
အို မြန်မာ... ကိုယ့်ဂုဏ်ကိုယ်.... မဖျက်ပါနဲ့
-----------
http://yangoncityfm.ourtoolbar.com