Skip to main content

iPhone 3GS baseband 06.15 old bootroom ရယ်၊ iOS 5 ရယ်၊ sn0wbreeze ရယ်၊ ကျတော်ရယ်…

iPhone 3GS မှာ အသစ်ထွက်လာတဲ့ iOS 5 တင်လို့ရတာ သိတော့ တင်ချင်တာ လက်ကိုယားလို့… iOS 5 ဘယ်လို တင်ရမလဲဆိုတာ အင်တာနက်ထဲ လိုက်ရှာဖတ်တာပေါ့… အင်္ဂလိပ်လို ရေးထားတဲ့ ဆိုဒ်ကတော့ တော်တော်များများ လိုက်ဖတ်ဖြစ်တယ်…  http://www.redmondpie.com/ နဲ့ မြန်မာလိုရေးထားတဲ့ အထဲမှာတော့ http://www.moethagyar.info ကို ဖတ်ပြီး ဘာဖြစ်ဖြစ် တင်မယ်ဆိုပြီး လိုတာတွေ download လုပ်ပြီး တင်ဖြစ်သွားတယ်… တင်တဲ့ အဆင့်တွေတော့ မရေးတော့ပါဘူး… redmondpie.com နဲ့ moethagyar.info ဟာတွေကိုသာ ပေါင်းစပ်ပြီး အသုံးချလိုက်ပါတော့…  redsn0w (သို့) sn0wbreeze ၂-ခု ထဲက ကျတော်တော့ sn0wbreeze သုံးပြီး လုပ်လိုက်ပါတယ်…

iPhone 3GS baseband 06.15 (iPad baseband) ဖုန်းတွေက Apple ကပေးတဲ့ firmware ကို တိုက်ရိုက် ထည့်လို့ မရပါဘူး… custom firmware ထည့်မှကို ရပါတယ်… အဲဒီတော့ sn0wbreeze-v2.8b8 ကိုသုံးပြီး custom firmware လုပ်တာပေါ့…  ပထမလုပ်တုန်းက Activate the iPhone [Hacktivate] ကို မရွေးခဲ့မိလို့ iOS 5 တက်လာပြီး initial configuration  လုပ်တော့ ဒီ sim card နဲ့ သုံးလို့ မရပါဘူးဆိုပြီး လုပ်နေတာနဲ့ နောက်တစ်ခါ Activate the iPhone [Hacktivate] အမှန်ခြစ်ပြီး custom firmware ထပ်လုပ်ပြီး တင်တော့မှ အဆင်ပြေတော့တယ်… iPhone 3GS baseband 06.15 (iPad baseband) ဆိုရင် စလုပ်တဲ့ configuration မှာ Location Service ကို disable လုပ်ပေးစရာ လိုပါတယ်… ဖုန်းပြောလို့ရအောင် Cydia ထဲက ultrasn0w 1.2.4 ထည့်မှ ဖုန်းပြောလို့ ရပါတယ်…

ကျတော့် ဖုန်းက iPhone 3GS baseband 06.15 (iPad baseband) old bootroom ဆိုတော့ ပါဝါ အဖွင့်အပိတ် လုပ်လို့ရတယ်… sn0wbreeze-v2.8b8  သုံးပြီး jail break လုပ်ရင် iPhone 3GS old bootroom တစ်မျိုးပဲ untethered jail break ပါဝါ အဖွင့်အပိတ် ရပြီး ကျန်တဲ့ iPhone တွေကတော့ tethered jail break ပဲရပါတယ်… 

ကျတော့်ဖုန်းမှာတော့ iOS 5 က အရင်သုံးနေတဲ့ iOS 4.3.3 ထက် ပိုမြန်လာပြီး battery ပိုခံလာတာကို တွေ့ရပါတယ်… iOS 5 က အသစ်ပါလာတဲ့ iCloud backup , AssistiveTouch, Notification Center, Lock Screen မှာ camera button ခေါ်လို့ရတဲ့ function တွေကို သဘောကျမိတယ်… အားနည်းချက်လို့ ပြောလို့ရတာက redsn0w/sn0wbreeze နဲ့ JB လုပ်ထားရင်တော့ iOS 5 မှာ iBook ကို သုံးလို့မရပါဘူး… www.redmondpie.com/how-to-fix-ios-5-ibooks-on-jailbroken-iphone-ipad-ipod-touch/ နည်းနဲ့ fix လုပ်ပြီး သုံးလို့ ရပေမယ့်လည်း iTunes Sync မရပါဘူး… ကျတော့်ဖုန်းက ipad baseband ဖြစ်နေလို့ ထင်ပါတယ် iMessage လည်း သုံးလို့ မရပါဘူး…
 
My Label: iPhone 3GS, iOS...

Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

WinKalaw NativeMyanmar Keyboard Layout BETA version

WinKalaw နှင့် အခြား Win Font များကို စာရိုက်ရာတွင် Alt နှင့် နံပါတ်များကို တွဲနှိပ်နေရ၍ စိတ်ညစ်နေရသူများ၊ Laptop ကို အသုံးပြုတဲ့အခါမှာ ပါဌ်ဆင့်တွေကို ရိုက်တဲ့အခါမှာ မရိုက်တတ်ဖြစ်နေသူ များအတွက် WinKalaw NativeMyanmar Keyboard Layout BETA version ပါ။ WinKalaw NativeMyanmar Keyboard Layout BETA version နဲ့ စာရိုက်ရာမှာ အဆင်ပြေနိုင်ပါပြီ။ WinKalaw NativeMyanmar Keyboard Layout BETA version ကို ဒီနေရာမှာ ဒေါင်းလုတ်ဒ် ရယူနိုင်ပါသည်။ WinKalaw NativeMyanmar Keyboard Layout သည် Zawgyi လက်ကွက်ကို အခြေခံထားသည်။ (ယခင် စထွက်ဖူးသော Win Myanmar လက်ကွက်များ အတိုင်းဖြစ်သည်။) Win Myanmar (-Win---Innwa ၊ WinKalaw ၊ Win စသော မြန်မာစလုံးများ)၊ Metrix-1 (Metrix မြန်မာစာလုံးများ) ၊ W01Art House (အနုပညာအိမ် မြန်မာစလုံးများ) ရိုက်ရာတွင် အသုံးပြုနိုင်သည်။ အင်္ဂလိပ်စာလုံးများနှင့် အခြား မြန်မာယူနီကုဒ်များစာလုံးများတွင် အသုံးပြုပါက အင်္ဂလိပ်စာလုံးများသာ ထွက်မည် ဖြစ်သည်။ ပါဠိ ပါဌ်ဆင့် အထပ်များကို သက်ဆိုင်ရာ စကာလုံးတည်ရှိရာ key ကို Ctrl+Alt သို့ Ctrl+Alt+Shift များ တွဲနှိပ်ပြီး ရိုက်နိုင်သည်။ ဥပမာ - ဓမ္မ ရို...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...