Skip to main content

“ဗုံလေးလုံးသံစဉ် ဂန္ထဝင်အကပဒေသာ”မှတ်တမ်း ဒီဗီဒီ ထွက်ပြီ...

"အမျိုးဂုဏ်ဇာတိဂုဏ်နှင့်ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး" ဟူသော ရည်ရွယ်ချက်ကို ဖော်ထုတ်လိုက်ရတာ ၂ နှစ်ခွဲ ကြာသတဲ့ ....။

မြန်မာအကဗေဒကို ဖော်ထုတ် မှတ်တမ်း တင်ရိုက်ကူးထားသည့် "ဗုံလေးလုံးသံစဉ် ဂန္ထဝင်အက ပဒေသာ"မှတ်တမ်း ဗီစီဒီကို မေလ ၂၃ ရက်နေ့က စတင်ဖြန့်ချိနိုင်ခဲ့ပါပြီ။ ၁၉၅၃ ခုနှစ် မန်းလေး ပန်တျာကျောင်းတွင် စတင်တီထွင်ပြီး သင်ရိုးအဖြစ် သင်ကြားခဲ့ အကပညာရှင် ဒေါ်သြဘာသောင်း၏ ကဗျာလွတ်က ကွက်များကို အခြေခံကာ ကကြိုး ကကွက်များ၊ မြန်မာ ရှေးရိုး တပင်တိုင် အကများကို မြန်မာ သီချင်းကြီးတေးသွား သံစဉ်များနှင့် အတူ ဖော်ထုတ် မှတ်တမ်းတင် ရိုက်ကူးမှုတွင် သမိုင်းကြောင်း ရှင်းပြခြင်း၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာ စာတန်းထိုး များ ၊ဖွင့်ဆိုရှင်းလင်းချက်များ ပါဝင်သည်။ "အခုခွေက ၂ နှစ်ကျော်ကြာမြင့် သွားခဲ့ပြီး ထုတ်လုပ် ဖြန့်ချိခွင့် မရနိုင်လောက်အောင် ကန့်ကွက်မှုတွေရှိတဲ့ အခြေအနေကြားကနေ နားလည် သဘောပေါက်တဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တချို့ရဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့မှုကြောင့် ခက်ခက်ခဲခဲနဲ့ ထွက်လာတယ်လို့ ဆိုရမှာပါ။ စီးပွားရေးမပါပဲ အခုလိုဖော်ထုတ် မှတ်တမ်းတင်ရိုက်ကူးမှုကို လုပ်ပိုင်ခွင့်နဲ့ကန့်ကွက်ကြတယ်ဆိုတာ ဝမ်းနည်းစရာ ကောင်းပါတယ်။ မြန်မာရိုးရာ ယဉ်ကျေးမှု အနုပညာကို ဈေးကွက်မရှိဘဲ ခက်ခက်ခဲခဲ ဖော်ထုတ်ရတဲ့ကြားက အနှောက်အယှက် အတားအဆီးတွေ ရှိနေအုံးမယ်ဆိုရင် ကိုယ့်ယဉ်ကျေးမှုအတွက် စိတ်မကောင်းစရာပါပဲ။ ခေတ်ပေါ်ဆိုတာတွေ ခုရိုက်ခုဖြန့်နေကြချိန်မှာ ကိုယ့်ယဉ်ကျေးမှု အနုပညာဖော်ထုတ်တဲ့ ပညာရှင်ကြီးတွေရဲ့အခွေက ခက်ခဲစွာ ဆောင်ရွက်ရတယ်ဆိုတာ လုံးဝမဖြစ်သင့်တော့ဘူး"ဟု ဗုံလေးလုံးသံစဉ် စီစဉ်သူက ဆိုသည်။

၁၉၆၇ ခုလောက်က ဆရာမကြီးတီထွင်ခဲ့တဲ့ ကဗျာလွတ် ၅ ဆင့် ကကွက် ၁၂၅ ကွက်ကို ကျွန်မရဲ့ကဟန်တွေနဲ့ ပန်းချီပုံကြမ်း ၁၆၁၇ ပုံ၊ ဓာတ်ပုံမှတ်တမ်း ၄၇၁၃ ပုံနဲ့အပြင် အဲဒီအချိန်က မော်ကွန်း ရုပ်ရှင်အနေနဲ့လည်း မှတ်တမ်းတင်ဖူးတယ်။ နောက်ပြီး ကဗျာလွတ်ကကွက် ၁၂၅ ကွက်နဲ့မြန်မာ့ရှေးရိုး တပင်တိုင်အက၊ ခေတ်ဆန်း တပင်တိုင်အကတွေကို မြန်မာ့ရုပ်မြင်သံကြားကနေ ၁၉၈၄ ခုမှာ မှတ်တမ်းရိုက်ကူးခဲ့သေးတယ်။ အခု ဗုံလေးလုံးသံစဉ်က လေ့လာလိုသူတွေအတွက် ဆရာမကြီးရဲ့ မူမှန်စနစ်ကို သိရှိမှတ်သားစေလိုတာကြောင့် လုပ်ဖြစ်ခဲ့ကြတာ။ဘာလိုပဲဖြစ်ဖြစ် အချိန်အများကြီး ကုန်ဆုံးသွားခဲ့ပြီးမှ ထွက်ရှိလာပြီဆိုတော့လည်း လုပ်ရကျိုးနပ်ပါတယ်" ဟုလည်း အကပညာရှင် ဒေါ်ခင်ဝင်းနွယ်က ပြောသည်။

ဒါရိုက်တာ - ဆူးငှက်၊ အကပညာရှင် - ခင်ဝင်းနွယ် (မန္တလေး) တို့ရဲ့
ဗုံလေးလုံးသံစဉ် ဂန္ထဝင်အကပဒေသာ မှတ်တမ်းခွေ ၂၃ရက်နေ့ တနင်္လာနေ့တွင် မြန်မာတစ်ပြည်လုံးသို့ ဖြန့်ချိတော့မည်...
[via: ရဲဘော်သူရိန် @ facebook]

ဒီနေ့ မနက်ပိုင်း Oriental Houseမှာ ကျင်းပခဲ့တဲ့  "ဗုံလေးလုံးသံစဉ် ဂန္ထဝင်အကပဒေသာ"မှတ်တမ်း ဒီဗီဒီ  မိတ်ဆက်ပွဲမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြ ပေးလိုက်ပါတယ်....

254433_10150206578519784_691314783_6854468_8131222_n.jpg
ဒေါ်ခင်စောဦး (Oriental House)

254433_10150206578524784_691314783_6854469_1868923_n.jpg
လှဂုဏ်ရည် ကျော်ဝင်း

254433_10150206578529784_691314783_6854470_586675_n.jpg
ဦးရွှန်းမြိုင် (မြို့မ)

254433_10150206578534784_691314783_6854471_3092539_n.jpg
ဆရာဆူးငှက်

253818_10150206581254784_691314783_6854503_4938563_n.jpg
ဆရာသင့်နော်


My Labels: News, Burma, Mandalay, Myanmar, Four Drum Melody: General Dance Programme




Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...