Skip to main content

အဖိတ်နေ့ည၊ ကျုံးဘေး၊ မောင်လှနဲ့ အင်တာနက်မှာ ဒိုင်ယာရီမရှိတော့တဲ့ ကိုJL

အဖိတ်နေ့ညက ကိုJLရယ် ၊ ကျတော်ရယ် ၂-ယောက်သား ဓာတ်ပုံရိုက်ထွက်ဖြစ်တယ်... ဝေးဝေး လန်လန်သွားပြီးတော့ကို ရိုက်ကြတာ... ကျုံးဘေးပေါ့ဗျာ... ညနေ ၇-နာရီလောက်ကနေ စရိုက်တာ ည ၉-နာင်္ရီကျော်ထိပဲ ထင်ပါရဲ့ဗျာ... ပြီးတော့ ဘီယာသွားသောက်ကြတယ်လေ... ည ၁၀-နာရီလောက် ထင်ပါရဲ့... ဘီယာမသောက်တဲ့ လူမုန်းများတဲ့ နာမည်ကိုမှ အသံထွက်တူတဲ့ nick ယူထားတဲ့ baganNAT ရောက်လာတယ်... ည ၁၁း၃၀-နာရီမှ ဆိုင်ကနေ ပြန်လာဖြစ်တယ်... ကိုဂျေ့က ကျတော်နဲ့ လိုက်လာတာဆိုတော့ ပုဂံနတ်ကို ပြန်လိုက်ပို့ခိုင်းလိုက်တယ်... ကံကောင်းချင်တာပေါ့ဗျာ... မနက်ရောက်တော့ မိန်းမရဲ့ အကိုကြီးဆုံးက မင်း ဆိုင်ကယ်လာကြည့်ဦး ဆိုလို့ ကြည့်တော့မှ ဆိုင်ကယ် နောက်ဖောက် ကျိုးနေလေရဲ့ဗျာ... ရုံးဆင်းတော့ ဆိုင်ကယ်က ဒုတ်ကနဲ့မြည်တော့ ဘီးပေါက်တာလာ ဆိုပြီး ကြည့်ဖြစ်တော့ မဟုတ်တာနဲ့ ဒီအတိုင်းပဲ ဆက်စီး ဖြစ်တယ်... ဖောက်ကို သတိ မထားမိဘူး.. ကံကောင်းလို့ မသေတာ ကျတော်နဲ့ ကိုဂျေ ၂-ယောက်ပေါ့ဗျာ...

ဒီပုံက လမ်းမပေါ်မှာ စက္ကူလေးခင်းပြီး ကင်မရာကို တင်ရိုက်ထားလို့ ထွက်လာတဲ့ ပုံလေး... စည်းကမ်းရှိ လိုက်ကြတဲ့ ကွမ်းစားသူတွေ ဟိုမှာ ကွမ်းထုတ်ထားတဲ့ ပလတ်စတစ်အိတ်...

ဒါက မန္တလေး ဆီဒိုးနား ဟော်တယ်...

My labels: Photo, Mandalay, Night Sense, ဓာတ်ပုံ, Sedona Hotel

Comments

Anonymous said…
ko maung Hla, would you please call us to 062- 30424 or 30386 we need your help please if you can. because we want to buy a computer & connect internet.we will talk to everything on the phone. thanks
Yan said…
စက္ကူလေးခင်းပြီး တင်ရိုက်ထားတဲ့ ပုံလေးကို စိတ်ဝင်စားတယ်ဗျာ. ဘာလို့ အဲလို လိုင်းလေးတွေ ပေါ်လာတာလဲ. မီးရောင်လေးတွေ ဆက်သွားတာကို ပြောတာ. အဲလိုမျိုး ကျွန်တော် အရမ်းရိုက်တတ်ချင်တာ. အဆင်ပြေရင် ကော်မန့်မှာ နည်းနည်းလောက် Process လေး ရှင်းပြပေးပါလား. ကျေးဇူး တာကောရေ...
MgHla said…
ကိုရန်အောင်ရေ...
ကားမီးတွေကို အတန်းလိုက်ပေါ်ချင်ရင် shutter speed ကို နှေးထားပေးရပါတယ်... အဲဒီ ပုံမှာဆိုရင် shutter speed ကို 16 seconds ထားပြီး ရိုက်ထားပါတယ်... tripod သုံးစရာလိုပါတယ်... ဒါမှမဟုတ် တည်ငြိမ်တဲ့ အရာဝတ္တုတစ်ခုခုပေါ် တင်ပြီး ရိုက်စရာ လိုပါတယ်... ကိုရန်အောင် ခင်ဗျား...
MgHla said…
Anonymous ရေ...
ဘယ်မြို့မှာ နေမှန်းမသိလို့ အကောင်းဆုံး အကြံပေးချင်တာကတော့...
ကွန်ပျူတာ အတွက်ဆိုရင် ကိုယ်တတ်နိုင် ငွေပမာဏနဲ့ ချင့်ချိန်ပြီးဝယ်ပါ... နောက်ပိုင်းမှာ လဲရတာခက်မယ့် CPU ကို အကောင်းဆုံးသုံးပါ... ဆိုင်မှာ ရတဲ့ အမြင့်ဆုံး CPU နဲ့ သူ့အောက် ဒုတိယ/ တတိယ နေရာမှာ ရှိတဲ့ CPU ဈေး အရမ်းကွာတယ်ဆိုရင် ဒု/တ နေရာမှရှိတဲ့ CPU သုံးပါ... Main Memory (RAM) ကိုလည်း များများထည့်ပါ... နောက်ထပ် ၃-နှစ်လောက်နေမှ ထပ်တိုးချင်တယ်ဆိုရင် ပစ္စည်း ရှားပါးမှု ကြုံရနိုင်ပါတယ်...
အင်တာနက် ချိတ်ဆက်ဖို့ အတွက်ကတော့ ...
တယ်လီဖုန်း ကုဒ်နဲ့ မြို့တွေ လိုက်ကြည့်တော့ ၂-မြို့ ၃-မြို့လောက် တွေ့နေရလို့ ဘယ်မြို့ကမှန်းမသိလို့ရလို့ အတွက် ငွေကြေးတတ်နိုင်တယ်ဆိုရင် ဖုန်းလိုင်းနဲ့ သုံးရတဲ့ ADSL သုံးခွင့်ရှိတဲ့ မြို့ဆိုရင် ADSL သုံးပါ... ADSL မရှိရင် မြန်မာနိုင်ငံ တစ်ဝှမ်းသုံးနိုင်တဲ့ iPStar သုံးပါ... လို့ အကြံပေးပါရစေ ခင်ဗျာ...
Anonymous said…
hi mg hla,
how dow you do the pic that is with ray of light. you said put your cam on the paper and snap.

how could that light are in that form.. i m very interested in that pic.

pls tell me how to do that.

thanks , ko seng pha
pipi said…
ပုံလေးတွေ လှတယ်

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

RustDesk remote desktop software

RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti...