Skip to main content

လမသာတဲ့ မန္တလေး ကန်တော်ကြီးည...

version 1.0


version 2.0

မနေ့က ကျတော်ရယ်၊ ကိုသခင်ကြီးရယ်၊ ဘုဃံဏက်ရယ် သုံးရောက်သား မန္တလေး ကန်တော်ကြီးကို ည ၈-နာရီလောက်ရောက်ခဲ့တယ်... လကလည်းမထွက် အလင်းရောင်ကလည်း ကောင်းကောင်း မရှိ၊ ပြီးတော့ ဒီလိုမျိုး ညဘက်ကို သေချာ မရိုက်ဖူးသေးတော့ ကင်မရာကို ဟိုလိုလုပ် ဒီလိုလုပ်နဲ့ ရိုက်တာ ပုံ ၅၀-လောက် ရိုက်ဖြစ်တယ်... ကျတော့်အတွက် ကောင်းတယ်လို့ ပြောလို့ရတဲ့ပုံဆိုလို့ အခုဒီတစ်ပုံပဲ ရပါတယ်... ပုံ ၄-ပုံကို Photoshop CS3 မှာလည်း Merge to HDR လုပ်၊ ကိုဂျေ ပေးထားတဲ့ ဖိုတိုmatix သုံးပြီလည်း HDR လုပ်၊ လုပ်လို့ရလာတဲ့ HDR ပုံ ၂-ပုံကို Photoshop မှာပြန်ပြီး ပေါင်းထားတာပါ...

My Labels: Photo, Mandalay, ဓာတ်ပုံ, Kandawgyi, Kantawgyi, ကန်တော်ကြီး

Comments

MYO HAN HTUN said…
ဓါတ်ပုံက ကောင်းပါတယ် .. ကန်တော်ကြီးက စိမ်းစိမ်းစိုစို ဖြစ်နေပုံရတယ် .. ညရိုက်တာတောင် အပင်တွေက စိမ်းညို့နေတယ်။

ကိုတိုး
Anonymous said…
Hi Ko My Hla,

I miss my university days in Mandalay...U have a great post.

Love to read it.

www.blogdata.info
Anonymous said…
ကိုမောင်လှ...
ကျနော်က ရန်ကုန်သားဗျ... ရန်ကုန်သား အကြွားထူတာ အခု ပြောင်းရမလို ဖြစ်နေပြီ... ကိုမောင်လှက မန္တလေးအကြောင်းချည်းပဲကြွားနေတာ့ ကျနော်က...ဘယ်လို လက်တုန့် ပြန်ရမလဲ ဆိုတာ စဉ်းစားလိုက်အုံးမယ်...
Myo Kyaw Htun said…
ကိုဂျေ့ ဘလော့ဂ်မှာလဲ တွေ့တယ်။ ရိုက်ထားတာတွေ မိုက်တယ်။
MgHla said…
ဝေဖန်အကြံပေး ပြောကြတာ ကျေးဇူးပဲ ဗျို့...
hnin said…
ခရီးသွားဆောင်းပါးတွေလို ခရီးသွားပို့စ်တွေမှာတော့ ကိုမောင်လှက တကယ်ရေးတတ်တယ်၊ ဖတ်လို့လည်းကောင်းတယ်။ အခုလည်း လွမ်းစရာမျိုးလိုလေးပဲ။ တကယ်တော့ ကိုမောင်လှကျေးဇူးက အများကြီးရယ်။ ဆိုင်ဘာမှာသုံးရတဲ့ သိုးလေးတို့လို လူမျိုးကတော့ ဘလော့မှာ မြန်မာလိုရေးချင်ရင် ဖောင့်မရှိတဲ့အခါ အခက်ကြုံရတယ်လေ။ ကိုမောင်လှလုပ်ပေးထားတဲ့ font box လေးကြောင့်သာ တအားကို အဆင်ပြေတာ။ အမြဲလည်း ဖတ်ဖြစ်တယ်။ အမြဲပဲ အားပေးနေမယ်။
Gu Gu said…
အခုလို ၃ ယောက်သား ပျော်ပျော်ပါးပါး ဓါတ်ပုံသွားရိုက်ကြရတာမျိုးကိုတော့ အားကျတယ်ဗျာ...

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...