gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ရာသီဥတုက ကိုယ့်ဘက်ပါနေတော့ ....

မနေ့ညကတော့ မိုးရွာမှာမို့ မပူ မအေးလေး ဖြစ်နေတော့ ညအိပ်လို့ အဆင်ပြေသည်... ရာသီဥတု ပူရင်လည်း အရမ်းပူ၊ လေတိုက်ရင်လည်း အရမ်းတိုက် ဖြစ်နေသည်... ခုလည်း ညက မိုးရွာထားတဲ့ အရှိန်နဲ့ အေးအေးလေးနဲ့ နေလို့ ထိုင်လို့ကောင်းသည်... ဟိုနေ့ညက တစ်ညလုံးနီးပါ မိုးတွေ သည်းသည်းမည်းမည်း ရွာပါသော်လည်း ဒီလောက် မအေး... အေးသလို ပူသလိုနှင့် စပ်ဖျင်းဖျင်းကြီးနဲ့ ခံစားရသည်... မိုးရွာတာ အေးတာတော့ ကောင်းသည်... မကောင်းတာက လမ်းမပေါ်မှာ ရေတွေကြီးပဲ... ကျတော်တို့ မန္တလေး၏ ရေနှုတ်မြောင်းစနစ်ကို လာပြင်ပေးမယ့် လူ ရှိရင် ကောင်းမည်... ခုတော့ လူကြီးလာတော့မယ့် လမ်းဆို မီးသတ်ကားနဲ့ ရေတွေလိုက် စုတ်ရင်စုတ် မစုတ်ရင် လူတွေနဲ့ လမ်းမပေါ်ကရေတွေ အခြားနေရာတွေကို ပတ်ထုတ်နေရသည်...
အား... အိမ်မှာ အိပ်လိုက်ရရင် ဘယ်လောက် ကောင်းမလဲ...

Comments

Anonymous said…
အမှန်က အမြဲတမ်းလိုလို ရေနှုတ်မြောင်းသန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေး ဆိုတာ အပူတပြင်းဆောင်ရွက်နေတဲ့ ကိစ္စပါ၊ ဒါပေမယ့်ဖြစ်မလာတာတော့ဗျာ Analyze လုပ်တာ လိုနေတာဖြစ်လို့နေမှာပေါ့ ။ (မလုပ်တတ်တာလေ)။ စကားမစပ် ဒါမျိုး အမေရိကန်တွေလုပ်တတ်တယ်။ မန်းတက္ကသိုလ်အနီးနဲ့ ၃၂ လမ်း နားက ကိုလံဘိုမြောင်းကြီးတွေလေ (ကိုလံဘိုစီမံကိန်း) နဲ့လုပ်ဖြစ်တယ်ထင်တယ်။ ဒါမှ ရေမြောင်းကွ ဆိုပြီးပြလို့ရတယ်။ ရေမြောင်းဆိုတာ အင်္ဂလိပ် အက္ခရာ V ပုံစံ ရှိရမယ်လို့တော့ ကြားဖူးတယ်။

Ad