Windows XP မှာ Default Shares တွေ ဖြစ်တဲ့ C$ , D$ , E$ , ADMIN$ , ... စတဲ့ ကိုယ်က share မပေးပေမယ့် ပွင့်နေတဲ့ share လေးတွေ ရှိနေပါတယ်... ဒါလေးတွေက အန္တရာယ် ရှိလားဆိုတော့ ရှိတယ်လို့ပဲ ဖြေပါရစေဗျာ... ကိုယ်နဲ့ network အတူတူထဲမှာ ရှိနေတဲ့ အခြားလူ တစ်ယောက်က မိမိကွန်ပျူတာထဲမှာ ရှိတဲ့ data တွေကို အလွယ်တကူ ၀င်ကြည့်လို့ ရနိုင်လို့ပါပဲ... လွယ်တာမှ အရမ်းလွယ်တာပါ... ဥပမာ- ကျတော့်ရဲ့ ကွန်ပျူတာ အမည်က MgHla ဆိုပါတော့... အခြား ကွန်ပျူတာ ၁-လုံးရဲ့ Run ကနေဖြစ်ဖြစ်၊ Windows Explorer ရဲ့ Address bar ကနေဖြစ်ဖြစ် \\MgHla\D$ လို့ ရိုက်ထည့်လိုက် ကျတော့် ကွန်ပျူတာရဲ့ D ထဲမှာ ရှိတဲ့ ဒေတာတွေ အကုန် ဒီလူ ယူလို့ရသွားပြီဗျ... အန္တရာယ် အရမ်းကြီးတယ်နော်... အဲဒါ Windows XP ရဲ့ Default Shares တွေကြောင့် ဖြစ်ရတာပါ... Default Shares ပေးထားလား မပေးထားဘူးလား သိချင်ရင်... My Computer ကို Right Click လုပ်ပါ... ပေါ်လာတဲ့ menu ထဲက Manage ကို ရွေးပါ... System Tools > Share Folders > Shares ကိုရွေးပါ... အဲဒီထဲမှာ နာမည်နောက်ဆုံးမှာ $ အဆုံးသတ်ထားတာတွေဟာ Default Shares တွေပါပဲ...
အဲဒီ Windows XP Default Shares တွေ ပိတ်ချင်ရင် ဒီလို ပိတ်ရင် ရတယ်ဗျ...
၁- Run command (Windows Key + R ) ထဲဝင်ပါ...
၂- Regedit လို့ ရိုက်ထည့်ပါ... Registry ကို ပြင်တာ ဖြစ်တဲ့ အတွက် အန္တရာယ်များပါတယ်... Registry ကို backup လုပ်ထားလိုက်ပါဦး...
၃- HKEY_LOCAL_MACHINE ထဲက SYSTEM > CurrentControlSet > Services> LanManServer >Parameters ကိုသွားပါ...
၎- ညာဘက်မှာ AutoShareWks ဆိုတာလေး ရှိလား ရှာကြည့်ပါ... မရှိရင်တော့ ညာဘက် ၀င်းဒိုး လွတ်တဲ့နေရာမှာ Right click လုပ်ပါ... New > DWORD value ကိုရွေးပါ...
၅- New Value #1 ဆိုတဲ့ စာသားကို နေရာမှာ AutoShareWks ဆိုတာ အစားထိုးလိုက်ပါ...
၆- ပြီးရင် AutoShareWks ကို double click လုပ်ပြီး ပေါ်လာတဲ့ dialog box ထဲက Value data မှာ 0 ဟုတ်ရဲ့လားလို့ စစ်မှာ... 0 ဆို Default Shares တွေကို ပိတ်တာ... 1 ဆို Default Shares တွေကို ဖွင့်တာပါ...
၇- ပြီးရင် ကွန်ပျူတာ restart လုပ်လိုက်ပါ... ဒါဆိုရင် Default Shares ကို ပိတ်ပြီးသား ဖြစ်သွားပါပြီ...

Comments
ဒါမှမဟုတ် lock လုပ်ထားရင်ကော ၀င်လို့ရလားမသိဘူး...
ပြောပြထားတာနဲ့ဒီမေးခွန်းတွေနဲ့ဆိုင်လာတော့မသိဘူး...ဆောရီးနော်
ကွန်ပျူတာ ဖွင့်ထားရင်ကို Network ထဲက အခြားကွန်ပျူတာ တစ်လုံးကနေ ကိုယ့်ကွန်ပျူတာ hard disk ထဲကို ၀င်လို့ ရတတ်တာပါ... တခါတလေ ကျရင်တော့ user name နဲ့ password တောင်းတတ်ပြီး တခါတလေ မတောင်းဘဲ အသုံးပြုလို့ ရတတ်ပါတယ်... ၀င်လို့ရပြီဆို hard disk ထဲမှာ ရှိတဲ့ ဒေတာတွေကို အဲဒီလူက ခိုးကြည့်၊ ခိုးကူး ထားလို့ရပါတယ်ခင်ဗျား...