Skip to main content

ရေဘေးဒုက္ခသည် မောင်လှ...

ကျတော်တို့ မန္တလေးမှာ ရာသီဥတုက ပူသလား မမေးနဲ့ဗျို့... လာစရာရှိရင်တောင် မလာကြနဲ့ဦး... နေ့လည်းပူ၊ ညလည်းပူ.... ညဘက်ဆို အိပ်မရအောင်တောင် ပူလွန်းလို့ မနေ့ညက အိမ်မပျော်တာနဲ့ ၀ါသနာမပါတဲ့ ဘောပွဲ ထကြည့်နေမိတယ်... ပထမပိုင်းပြီးအောင်ပဲ ကြည့်မယ်ဆိုပြီး ကြည့်တာ စိတ်ဝင်စားသွားတာနဲ့ ပွဲအဆုံးထိ ကြည့်လိုက်မိတယ်... ဘယ်အသင်းနဲ့ အဘယ်အသင်း ကန်တာလဲဆိုတော့ဗျာ အဖြူသင်းနဲ့ အနီလိုလို လိမ္မော်ရောင်လိုလို ၀တ်ထားတဲ့ အသင်း နှစ်သင်းကန်တာဗျ.... အနီသင်းနိုင်သွားတယ်လေဗျာ... အ၀ါကဒ်တွေဆို အလကားပေးသလား အောက်မေ့ရတယ်...
မီးကလည်း ပျက်တယ်ဗျ... ၄-ရက်ပေါင်းမှ ၂၄-နာရီ မီးလာတဲ့ စနစ်ဖြစ်တာ တစ်လခွဲလောက်ရှိပြီ... ကျတော်တို့ ရပ်ကွက် ထရန်စဖော်မာ ပေါက်တာနဲ့ အတူတူပဲ... မနေ့ညက မီးလာရက်ဗျ... မီးကြိုးပေါ် အုန်းလက်ပြုတ်ကျပြီး ရှော့ဖြစ်လို့တဲ့လေ တစ်ညလုံး မလာဘူး... ဘာနဲ့ ဘောပွဲကြည့်လဲလို့ မေးတာလာ စိနတိုင်းပြည်ကလာတဲ့ ခဏခဏ ပြင်ရတဲ့ မီးစက်လေးထဲကို ဓာတ်ဆီထည့်ပြီး နှိုးကြည့်တာခင်ဗျ... မီးစက် ဘယ်လောက် ပျက်သလဲဆိုတော့ အိမ်က အကိုတောင် မီးစက်ပြင်တတ်သွားပြီ....
နေပါဦးမောင်လှရ ခေါင်းစဉ်တင်ထားတာက “ ရေဘေးဒုက္ခသည် မောင်လှ ” ဆို ခုဘာတွေ ရေးနေတာလဲကွ.... စိတ်အေးအေးထားကြပါဗျာ.... ပြောပါ့မယ်... ဟုတ်ပါဘူး ရေးပါ့မယ်... ဒီလိုဗျ ဟိုးအရင်တုန်းကတော့ ကျတော်တို့ မန္တလေး တစ်မြို့လုံး ကျုံးရေကို အားထားရတာဗျ... နောက်ပိုင်း ကျုံးရေက မသန့်ရှင်းတော့လို့ ဆိုပြီး္ဘရာဝတီ မြစ်ကမ်းဘေးတွေမှာ အ၀ီစိတွင်းတွေတူးပြီး ရေးပေးနေတာဗျ... မီတာရေလို့ ခေါ်တယ်ဗျ.... အဲဒီရေက တစ်နေ့ကို ၁-နာရီလောက်ပဲလာတာ... ကြွက်သေးပေါက်သလောက်တောင် မလာဘူးဗျ... အိမ်က မီတာရေရှိအောင် မီတာရေယူ ထားတယ် ဆိုပါတော့ဗျာ.... အိမ်မှာ ဘာနဲ့ ပုံမှန် သုံးတာလဲဆိုတော့ ကိုယ်ပိုင် အ၀ီစိတွင်းတူးထားတာ ရှိတယ်ဗျ... ခု မီးမလာတော့ ရေတင်လို့မရဘူးဗျာ.... ရေမရှိတော့ ရေချိုးလို့ မရဘူးဗျာ.... ရေးချိုးလို့မရတော့ လူက အိပ်ရေးကလည်းပျက်ထားတော့ ညီစီစီနဲ့ ချဉ်နံ့တွေ ထွက်လို့ပေါ့ဗျာ.... တော်ပါသေးရဲ့ ရုံးက အခန်းထဲမှာ ၁-ယောက်တည်း နေရလို့ လူအများကြီးသာဆို မောင်လှ ရေမွှေး မွှေးမှ မွှေး ဖြစ်နေဦးမယ်.... ကျတော် အခန်းထဲ လာမယ်ဆိုရင် ကြိုပြောကြပါဦး... air fresher လေး ဖြန်းထားရအောင်လို့...
အခုတော့ မိုးတွေရွာနေလေရဲ့...

Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...