မနေ့ညကတော့ မိုးရွာမှာမို့ မပူ မအေးလေး ဖြစ်နေတော့ ညအိပ်လို့ အဆင်ပြေသည်... ရာသီဥတု ပူရင်လည်း အရမ်းပူ၊ လေတိုက်ရင်လည်း အရမ်းတိုက် ဖြစ်နေသည်... ခုလည်း ညက မိုးရွာထားတဲ့ အရှိန်နဲ့ အေးအေးလေးနဲ့ နေလို့ ထိုင်လို့ကောင်းသည်... ဟိုနေ့ညက တစ်ညလုံးနီးပါ မိုးတွေ သည်းသည်းမည်းမည်း ရွာပါသော်လည်း ဒီလောက် မအေး... အေးသလို ပူသလိုနှင့် စပ်ဖျင်းဖျင်းကြီးနဲ့ ခံစားရသည်... မိုးရွာတာ အေးတာတော့ ကောင်းသည်... မကောင်းတာက လမ်းမပေါ်မှာ ရေတွေကြီးပဲ... ကျတော်တို့ မန္တလေး၏ ရေနှုတ်မြောင်းစနစ်ကို လာပြင်ပေးမယ့် လူ ရှိရင် ကောင်းမည်... ခုတော့ လူကြီးလာတော့မယ့် လမ်းဆို မီးသတ်ကားနဲ့ ရေတွေလိုက် စုတ်ရင်စုတ် မစုတ်ရင် လူတွေနဲ့ လမ်းမပေါ်ကရေတွေ အခြားနေရာတွေကို ပတ်ထုတ်နေရသည်...
အား... အိမ်မှာ အိပ်လိုက်ရရင် ဘယ်လောက် ကောင်းမလဲ...
အား... အိမ်မှာ အိပ်လိုက်ရရင် ဘယ်လောက် ကောင်းမလဲ...
Comments