gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မောင်လှရေ...

မောင်လှရေ...
ဟူး ... အသက်တစ်နှစ် ပိုတိုလိမ့်မယ်လို့ပဲ ပြောပြောကွာ သက်ပြင်းတွေ အကြိမ်ကြိမ် ချမိတယ်... အင်း ကောင်းလိုက်တဲ့ ခေါင်းဆောင်တွေ မုန့်ကျွေးစရာရှိရင် မခေါ်ဘူး... ချီးကျူး စရာရှိရင် မခေါ်ဘူး... မသိသလို နေတယ်... ရုံးတစ်ရုံးလုံး သန့်ရှင်းရေး လုပ်မယ့် မီတင်မှ လာတက်လို့ ခေါ်တယ်... ဒါရိုက်တာတွေ ဆူရင် ဓားစာခံ ခေါ်တာလေ... တစ်ရုံးလုံးမှာ ငါ့အခန်းက အရှုပ်ဆုံးကို... ဟိုလူက ကီးဘုတ်မကောင်းတော့ဘူး အသစ်ဝယ်ပေး ဆိုပြီး ထားသွားတဲ့ ကီးဘုတ်အပျက်တွေ... မောက်စ် အပျက်တွေ... ကေစင်ပုံး မပျက်တပျက်တွေ... နဲ့ရှုပ်ပွ နေတဲ့ ငါ့အခန်း... နှမြောပြီး မလွှင့်ပြစ်ပဲ ထားတာကို အမှိုတွေနဲ့ ရှုပ်ပွနေ တာပဲတဲ့... အဟဲ့ ဒါရိုက်တာက ပြောပါဘူး... စီမံ မန်နေဂျာက ပြောတာ... ၀န်ထမ်းတွေကို မကြည့်ဘဲ ဖြတ်ဖို့ တောက်ဖို့ပဲ ချောင်းနေတဲ့ လူကြီးပေါ့... မဆိုးရှာပါဘူး... သဘောတော့ ကောင်းပါတယ်... ကဲ... ကောင်းမယ်ထင်တယ်... ရောင်းစားလိုက်ရင် အစုတ်တစ်လုံး...) ဆာဗာ အိုင်ဘီအမ် မန်မိုရီ၊ ပါဝါဆပ်ပလိုင်း၊ ပီ-၃ စီပီယူ၊ (မားသားဘုတ်၊ ပစ္စည်းအဟောင်းတွေ ငါနှမြောနေတဲ့ ဟောဒီက ကွန်ပျူတာ ပစ္စည်းအဟောင်းတွေ ယူကြဦးမလားဗျို့...

Comments

Ad