gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မန္တလေး အတင်း (Mandalay News)

ကျုပ်က မန္တလေးမြို့က အိမ်တိုင်းနီးပါးမှာရှိတဲ့ အိမ်ရှေ့မျက်နှာစာမှာနေရတဲ့ ဂဏန်းလေးတွေ တက်အောင် လည်ရတဲ့ စက်ကလေးပေါ့ဗျာ... ပြီးခဲ့တဲ့ ၂-ကျော် ၃-လ ၀န်းကျင်လောက် ကျုပ် ၂၄-နာရီ အလုပ် လုပ်ရတယ်... ခုတော့လေ ကျုပ် အိပ်လိုက် အလုပ်လုပ်လိုက်နဲ့ပေါ့... ကျုပ်ဒီလို ဖြစ်တာ မိုးတွေရွာ ရေတွေကြီးပြီးတဲ့ အချိန် ကတည်းကပေါ့... ကျုပ်နေတဲ့ အိမ်က သခင်ပြောတာကတော့ ညောင်ရွှေမှာလည်း ရေတွေ ကြီးတယ်တဲ့... ကျုပ်အလုပ်လုပ်ဖို့အတွက် ရေလိုအပ်တဲ့ အင်းထဲကိုကျတော့ မရောက်ဘူး ထင်ပါရဲ့... ကျုပ် ဒီနေ့ည ၇-နာရီက စပြီး နောက်နေ့မနက် ၇-နာရီအထိ အလုပ်လုပ်မယ် ပြီးရင်တော့ အိပ်လိုက်ဦးမယ်ဗျာ... ပြီးရင် နေ့လယ်စာ ထမင်းစားပြီး နေ့လယ် ၁၂-နာရီကနေ ညနေ ၆-နာရီ အထိ အလုပ်လုပ်လိုက်ဦးမယ်... ပြီးရင် နောက်နေ့ မနက် ၇-နာရီအထိ အိပ်မယ်ဗျာ... ခုဘယ်လောက် ကောင်းလိုက်လဲ ကျုပ်မှာ အလုပ်လုပ်လိုက် အိပ်လိုက်လိုက်နဲ့ ... ဒီနှစ် မန္တလေးဆောင်း ထင်သလောက် မအေးသေးဘူးဗျာ...

Comments

Ad