Skip to main content

Hindu Fire Walking Ceremony (Mandalay News)

ကျတော့် အမျိုးသမီးရဲ့ အကိုကြီးက ၇၇-လမ်းနဲ့ ၂၇-လမ်းထောင့်မှာ မီနင်းပွဲတော်ရှိတယ် ဆိုတာနဲ့ ကိုသခင်ကြီး ကို ဝင်ခေါ်ပြီး အရောက်သွားဖြစ်တယ်... ညနေ ၅း၁၅-နာရီလောက် ဟိုရောက်တော့ လူတွေ အများကြီး ရောက်နေပြီ... ဆိုင်ကယ်ကို လမ်းဘေးမှာ ထိုးရပ်ရင်း လူအုပ်ထဲ ဘယ်နားက ဝင်တိုးရင် ကောင်းမလဲ စဉ်းစားမိတယ်... ကိုဂျေ့နောက်လိုက်ဝင်ပြီး ရပ်နေတော့ ယောက်ဖက ဖုန်းဆက်ပြီး အဲဒီဘက်က အဝင်ဘက် ဓာတ်ပုံရိုက်လို့ ကောင်းမှာ မဟုတ်ဘူး၊ သူ့ဘက်လာခဲ့ပါဆိုလို့ ဝင်သွားလိုက်တာ မီးပုံဘေး ကပ်ရက်ကို ရောက်သွားတယ်... ဟော... သတင်းထောက် ကိုဇော်ဌေးလည်း ကာထားတဲ့ တန်းပေါ် တက်ထိုင်ပြီး ဓာတ်ပုံရိုက်ဖို့ စောင့်နေတယ်...
ဓာတ်ပုံထဲမှာကြည့်ရင်တော့ ပြာဖုံးနေတဲ့ မီးခဲတွေလို့ ထင်ရပေမယ့်... တကယ်ပူတဲ့ မီးဗျာ... မီးနင်းမယ့်လူတွေ မရောက်ခင် မျက်နှာကို လက်နဲ့ ကွယ်ထားရတယ်... ခဏနေတော့ ကျတော့်ရှေ့ကို လူငယ်အဖွဲ့ရောက်လာတယ် မီးပုံထဲ ပြုတ်ကျမှာစိုးလို့ လက်တွေနဲ့ ကာထားလေရဲ့... မီးနင်းမယ့်လူတွေလည်း လာရော ဓာတ်ပုံတွေ တစ်ပုံပြီး တစ်ပုံ ဆက်တိုက် ရိုက်ဖြစ်တယ်... အမြန် တစ်ခါမှ မရိုက်ဖူးလို့ ရိုက်ရတာ ဒုက္ခရောက်တယ်... နေဝင်တော့မှာမို့ အမြန်လည်း ရိုက်လို့ရအောင် ISO 1600 တင်ပြီး ရိုက်ဖြစ်တယ်... နောက်က လူတွေကလည်း တိုးလိုက်တာဗျာ... မီးပုံထဲ လဲကမှာစိုးလို့ သူတို့ကို ပြန်မှီပြီး ဓာတ်ပုံရိုက်ပစ်လိုက်တယ်ဗျာ... နောက်က အရမ်းတိုးလွန်းတော့ ဟန်ချက်ပျက်လွန်းလို့ နောက်ကို မှီလိုက်တော့မှပဲ အဆင်ပြေသွားတော့တယ်...
မီးက ပူလွန်းလို့ မနေနိုင်တော့တာရော၊ ကျတော် ခြေမြန်တော် ဆိုင်ကယ်လေး သူခိုးမသွားမှာစိုးလို့ မီးနင်းပုံတွေရိုက်တာ အားရတော့ လူအုပ်ထဲက မနည်းပြန်ပြီး တိုးထွက်ဖြစ်တယ်... ပြန်ထွက်တဲ့လမ်းမှာ တွေ့တဲ့ မီးနင်းမယ့် လူတွေရဲ့ပုံတွေကိုလည်း အဆင်ပြေစွာနဲ့ ရိုက်ဖြစ်တယ်...


My labels: Mandalay News, Hindu Fire Walking Ceremony, မန်းလေး, မန္တလေး ဟိန္ဒူ မီးနင်း ပွဲတော်, မီးပေါ်မှာ လမ်းလျှောက်ခြင်း, photo, ဓာတ်ပုံ

Comments

Chan Mya Soe said…
ပုံတွေမိုက်တယ် ကိုတုံ :) ဒါနဲ့ အဲဒါ ဘယ်နားမှာ လုပ်တာလဲ ?

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...