Skip to main content

သြော် ... ရှမ်းခေါက်ဆွဲ ...

ရုံးနားက သတ်သတ်လွတ် ရှမ်းခေါက်ဆွဲဆိုင်လေး စဖွင့်တော့ တစ်ပွဲ ၂၀၀-ကျပ်တဲ့ ... ဓာတ်ဆီဈေးတွေ ပြောင်းလဲမှုလုပ်ပြီး သိပ်မကြာပါဘူး ၂၅၀ ဖြစ်သွားရော... ခု အစိုးရ ၀န်ထမ်းတွေ လစာလည်းတိုးပြီးရော ၃၀၀ တဲ့...
၂၅၀ လည်းဖြစ်သွားရော ဘိုင်ကောင် မောင်လှ မနက်စာ မစားပဲ အငတ်ခံနေတာ ကြာပြီဆိုပါတော့ဗျာ... သူတို့တွေသာ တက်.. ကျတော်တို့ ကုမ္ပဏီဝန်ထမ်းလစာ တွေမှ မတက်ဘဲ... မလောက်မငှ ဖြစ်တော့ မနက်စာနဲ့ နေ့လည်စာ ပေါင်းစားရတဲ့ ဘ၀ရောက်သွားတယ် ဆိုပါတော့ဗျာ...
နေ့လည် သုံးနာရီမှာ ပေးတဲ့ ကော်ဖီသောက်ချိန်လေးမှာတော့ ကော်ဖီသောက်နေသေးတယ်ဗျ... ဟိုနေ့က လူက ၂-ယောက် တစ်ယောက်က နက်စ်ဘလက် (ရန်ကုန်အခေါ် ဘလက်အော ဆိုလား အောဘလက် ဆိုလား) တစ်ယောက်က နက်စ်ပလိန်းနဲ့ လန်ဒန်သောက်တာ ၆၅၀ တောင် ရှင်းလိုက်ရတယ်ဗျ... လန်ဒန်က ၁-လိပ်လား ၂-လိပ်လား မသိပါဘူးဗျာ...
ကိုယ့်ဘာသာကိုယ် ကော်ဖီဖျော်ယူသွားပြီး သူတို့ဆိုင်မှာ မုန့်ပဲ စားသာ ကောင်းမယ် ထင်ပါရဲ့ဗျာ...
အေးဗျာ... စိတ်များညစ်ပါတယ်... ခု မနက်စာနဲ့ နေ့လည်စာ ပေါင်းစားရတဲ့ ဘ၀ရောက်နေပြီ... နေ့လည်စာနဲ့ ညစာ ထပ်ပြီး ပေါင်းစားရမယ့် ဘ၀ မရောက်ပါစေနဲ့လို့ ဆုတောင်းပေးကြပါဦးဗျာ...
ကျတော် လစာဘယ်လောက်ရလဲ ဟုတ်စ... အေးဗျာ ကျတော် တစ်လကို မြန်မာကျပ်ငွေ တစ်ပုံးကျော်ကျော် ၀င်ငွေရှိတယ်ခင်ဗျ... အောက်ဆိုဒ်တွေ ဘာတွေတော့ လုံးဝမရှိတဲ့ ရုံးထိုင် ၀န်ထမ်းလေးပါ... ခုကျတော် အရက်မသောက်၊ ဆေးလိပ်မသော်၊ လောင်းကစားမလုပ်၊ အပျော်အပါး မလိုက်စားဘဲ မလောက်မငှ ဖြစ်နေတာပါခင်ဗျ...
ဟိုး အလုပ်စလုပ်တဲ့ ၁၉၉၆ ခုနှစ်တုန်းက တစ်လမှ ၂၀၀၀-ကျပ်ရတဲ့ အကူဘ၀လေးကို ပြန်တမ်းတမိတယ်ဗျာ... အဲဒီတုန်းက တစ်လကို ၃-ခါ လောက် ရွှေခိုင်မှာ အသေကိုင်နိုင်သေးတယ်ဗျ... အခုတော့ တစ်နှစ်ကို သုံးခေါက်လောက် ရွှေခိုင်ရောက်ဖို့ အနိုင်နိုင်ရယ်...
”သြော် ... ရှမ်းခေါက်ဆွဲ ...” မဟုတ်တော့ဘူး ... ”သြော်... ကုန်ဈေးနှုန်း” လို့ ခေါင်းစဉ် ပြန်ပြောင်းရမယ် ထင်ပါ့...

Comments

madyjune said…
ကိုမောင်လှတို့ဆီမှာက တစ်ပွဲကို ၃၀၀ပဲပေးရတယ်။ ရန်ကုန်မှာက တစ်ပွဲကို ၄၅၀ပေးရတယ်။ ဈေးကြီးပေမယ့် ကြိုက်တော့ပေးရတာပေါ့။

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...