photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Friday, June 09, 2006

လူရွှင်တော်ကြီး မြို့တော် ဦးပေါစံ

သြော်.. ကျတော် မဖြစ်ပါစေနဲ့ လို့ ဆိုတောင်းမိတာ ဆုတောင်း မပြည့်ပါလား... ကျတော် ရုံးသွား ရုံးပြန် သွားရတဲ့ လမ်းက လူရွှင်တော်ကြီး ဘဘ မြို့တော် ဦးပေါစံ တို့ အိမ်ရှေ့ကနေဖြစ်သွားရပါတယ်... ခါတိုင်းဆို မနက်တိုင်း အိမ်ရှေ့မှာ ထိုင်ထိုင်နေတာ မြင်မိပါတယ်... ခုမှ သတိထားမိတာ မမြင်မိတာ တော်တော် ကြာသွားပါပြီလား...
မနေ့ ရုံးက ပြန်တော့ ဘဘတို့ အိမ်ရှေ့က ဖြတ်တော့ နာရေး ကိစ္စရှိတဲ့ပုံစံပေါက်နေတယ်... ဒီနေ့ မနက် ရုံးလာတော့ ယာယီမဏ္ဍပ်တောင် ဆောက်ထားတယ်... ကျတော် ဆုတောင်းမိတယ် ဘဘ ဦးပေါစံ မဖြစ်ပါစေနဲ့လို့... ခုတော့ဗျာ ဆုတောင်း မပြည့်ပါဘူး... မနေ့က ဘဘ ဦးပေါစံ ကွယ်လွန်သွားပြီတဲ့လေ...

NativeMyanmar Forum မှာ StevenAlexander ရေးထားတာပါ....
မန္တလေးမြို့၊လမ်း ၈၀၊၁၅ လမ်းနှင့် ၁၆ လမ်းကြားနေ
လူရွှင်တော်ကြီးမြို့တော်ဦးပေါစံ( အနုပညာဦးစီးဌာန(အကြံပေး) )
( အသက် ၈၁ နှစ် )
သည် မန္တလေးမြို့၌ ၈-၀၆-၂၀၀၆ ညနေ ၅း၃၀ တွင် ကွယ်လွန်၍ ၁၀-၀၆-၂၀၀၆ မွန်လွဲ
၂ နာရီတွင် အထက်ပါနေအိမ်မှ ကြာနီကန်သုသာန်သို့ ပို့ဆောင်သဂြိုလ်မည်
ဖြစ်ပါသည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ဒေါ နှင့်သားသမီး ၅ ယောက် ၊ မြေး ၄ ယောက် ၊
မြစ် ၁ ယောက်တို့ကျန်ရစ်သည်။

No comments: