photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Sunday, June 11, 2006

သတင်းအရေးအသားတွေလဲလျော့ဦးမှ

အင်တာနက် မသုံးဖြစ်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းအရင်း ခေါက်ခေါက်ကြီးက မင်းနာမည်တွေ ကြီးနေတယ်တဲ့... ကိုးကားပြီးရေးတာမှန်ပေမယ့် အရေးအသားတွေက တွယ်သလို ဖြစ်နေတယ်တဲ့... သတိထားဦးတဲ့... လို့ဆိုလာတဲ့အတွက် နာမည်ကြီးမှုကို မနှစ်သက်တဲ့ ကျတော် သတင်း၊ အတင်း၊ ကောလဟာလ အရေးအသားများကို လျော့ချပြီး ကိုယ်ပိုင်ဒိုင်ယာရီ အနေနဲ့ ဆက်သွားဖို့ လက်တလော ဆုံးဖြတ်ထားကြောင်းပါ...
ကျတော် သတင်းထောက် မဟုတ်ပါ...
ကျတော် ဂျာနယ်လစ် မဟုတ်ပါ...
ကျတော် နိုင်ငံရေးသမား မဟုတ်ပါ...
ကျတော် အဖွဲ့အစည်း တစ်ခုခုရဲ့ ၀ါဒဖြန့်ချီရေးသမား မဟုတ်ပါ...
ကျတော် အစိုးရ ၀န်ထမ်း မဟုတ်ပါ...
ကျတော် ပိုက်ဆံရလို့ ရေးနေခြင်းမဟုတ်ပါ...
ကျတော်ဟာ စိတ်ကူးပေါက်ရာ လျှောက်ရေးတတ်သူ တစ်ယောက်ပါ...
ကျတော်ဟာ မိသားစုကို လုပ်ကြွေးနေရတဲ့ သာမာန်ပြည်သူ တစ်ယောက်ပါ...
နိုင်ငံရေးသမားကြီးတွေတောင်မှ ဖိအားပေးရင် ဘာခံနိုင်လို့လဲ... ကျတော်လဲ ဖိအားပေးမှု မခံရခင်... အရေးအသားများကို လျော့ပါတော့မယ်...
Personal Diray လေးအဖြစ်သို့ ပြန်အသွင်ပြောင်းပါတော့မယ်... အစကတည်းက ဒါလေးက ကျတော့်ရဲ့ ဒိုင်ယာရီလေးပါ...
ကျတော့် မိသားစု ထမင်းကောင်းကောင်းစားရဖို့၊ ညကောင်းကောင်း အိပ်ရဖို့ ကျတော် နေရပါမည်... ဒါကို နားလည်ပေးစေချင်ပါသည်...

No comments: