photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Friday, December 14, 2012

iPhone/Android ဖုန်းတွေမှာ Google Maps ကို ဘယ်လို လမ်းပြခိုင်းမလဲ...?

ကျတော်တို့ကိုင်နေတဲ့ iPhone/Android handset တွေမှာ Google Maps App ထည့်ထားတယ်၊ အင်တာနက်လည်း ရတယ်၊ GPS လုပ်ဆောင်ချက်လည်း လုပ်ပေးနိုင်တယ်ဆိုရင် ကျတော်တို့ သွားချင်တဲ့ လမ်းကြောင်းကို Google Maps ကို လမ်းညွှန်ခိုင်းလို့ ရပါတယ်... Google Maps မှ မဟုတ်ပါဘူး... Google Maps နဲ့ အလားတူတဲ့ GPS navigation app တွေမှာ လုပ်လို့ရပါတယ်... မြန်မာပြည်အတွက် အကောင်းဆုံး ကျတော်အကြိုက်ဆုံးကတော့ Google Maps ပါ... ကျတော်တို့ မရောက်ဖူးတဲ့မြို့ရောက်နေတယ် သွားချင်တဲ့နေရာကို Google Maps က လမ်းညွှန်ပေးမှာပါ... လက်ထဲမှာ iPhone ပဲ အဆင်သင့်ရှိနေလို့ သုံးနည်းကို iPhone က Google Maps App နဲ့ပဲ လမ်းညွှန်ပါရစေ... မသုံးဖူးတဲ့သူတွေ အတွက်ရည်ရွယ်ကြောင်း ကြိုတင် မေတ္တာရပ်ခံပါရစေ...

၁. လုပ်ရမယ့် အဆင့်ကတော့ GPS ဖွင့်ပါ... (iPhone မှာ Google Maps ကိုလည်း GPS အသုံးပြုခွင့်ပေးပါတယ်ဆိုတာ on ထားရပါမယ်...
၂. အင်တာနက်ဖွင့်ပါ... အင်တာနက်မရရင် လမ်းညွှန်ခိုင်းလို့ မရသေးပါ... E/3G/WiFi ကြိုက်တာ ဖြစ်လို့ရပါတယ်...
၃.  Google Maps app ကို ဖွင့်ပါ... ကြိုတင် install လုပ်ထားရန် လိုပါတယ်....

၎. Search box ထဲမှာ ကျတော်တို့ သွားလိုတဲ့ နေရာကို ထည့်ပါ... ပြည်တွင်းမှာတော့ နေရာ အကုန်မရှိနိုင်ပါ... မတွေ့ရင် နာမည်ပြောင်းရှာကြည့်ပါလို့ အကြံပြုပါရစေ...

၅.  ကျတော်ရှိနေတဲ့ နေရာကနေ ဝီဇိတာရုံ ဘုန်းကြီးကျောင်းကို သွားမှာမို့ Wizidaryon လို့ရိုက်ပြီးရှာပါတယ်... အောက်ကပ်ရပ်မှာ WiZiDarYone Monaster လို့ပေါ်လာပါတယ်... ကျတော် သွားမယ့် ဘုန်းကြီးကျောင်းဖြစ်လို့ ရွေးလိုက်ပါတယ်...
စိတ်ပါရင်တော့ Google Maps မှာ နေရာတွေ ဘယ်လို မှတ်လို့ရလဲ ထပ်ရေးပါ့မယ်...

၆.  အနီရောက် အမှတ်အသားနဲ့ တည်နေရာကို ပြပေးပါတယ်... အခုရှိတဲ့နေရာနဲ့ ဝိဇိတာရုံဘုန်းကြီးကျောင်းကို ဘယ်လမ်းက သွားလို့ရမလဲ လမ်းညွှန်ခိုင်းချင်တယ်ဆိုရင် အောက်ဆုံး ညာဘက်ထောင့်က ကားပုံလေးပေါ်ကို နှိပ်ပါ...

၇.  taxi/ကိုယ်ပိုင်ကား/သူငယ်ချင်းကား/ချစ်သူကား လိုမျိုးကားနဲ့သွားမှာဆို အိမ်စီးကားပုံလေးကို နှိပ်ပါ... ဆိုင်ကယ်နဲ့သွားမှာဆိုလည်း အိမ်စီးကားပုံလေးကိုပဲ နှိပ်ပါ... အိမ်စီးကားပုံရဲ့ ညာဘက် တစ်ခုကျော်မှာရှိတဲ့ လမ်းလျှောက်သွားမှာဆိုရင်တော့ လူလမ်းလျှောက်နေတဲ့ပုံကို နှိပ်ပါ... အလယ်က ကားကြီးပုံလိုလို/ရထားပုံလိုလိုက bus ကားလိုင်း၊ မီးရထားလိုင်းတွေကို ပြောတာပါ... ပြည်တွင်းမှာတော့ အလုပ်လုပ်မယ်လို့ မထင်ပါ... 
ကျတော်က taxi ကားနဲ့ သွားမှာဖြစ်လို့ ကားပုံအသေးကို နှိပ်လိုက်တော့ Route options အောက်မှာ လမ်းကြောင်း ၃-ခု လာပြတယ်... Google Maps က ကျတော် အခုရှိတဲ့နေရာနဲ့ ဘုန်းကြီးကျောင်း သွားလို့ရတဲ့ အဲဒီလမ်း ၃-ခုပဲ သိရှာတယ်... 
 ၈.  ကျတော် အပေါ်ဆုံးက 6 minutes ကြာမယ့် လမ်းကို နှိပ်လိုက်တော့ ဒီလိုလာပြတယ်... ကျတော်တို့ သွားရမယ့်လမ်းက အပြာရောင်နဲ့ပြထားတဲ့ လမ်းပေါ့... အင်တာနက်ကို ဒီအချိန်မှာ ပိတ်မယ်ဆို ပိတ်လို့ရပါပြီ... GPS တွေ့ ဆက်ဖွင့်ထားပါ... 
လမ်းကြောင်းကို ကြည့်ရအောင်ပါ... ၈၂-လမ်းက နေ မြောက်ဘက်သွားတယ်... (အလိုလေး ဘုရားရေ... တစ်လမ်းမောင်းကို ပြောင်းပြန်ပြန်ထွက်တယ်...) ၂၇-လမ်းရောက်တော့ အရှေ့တက်(ညာချိုး)တယ်... လမ်း ၈၀ ရောက်တော့ မြောက်(ဘယ်)ကွေ့တယ်... ၂၆-လမ်းရောက်တော့ အရှေ့ (ညာ)ကွေ့တယ်... ၆၈-လမ်းရောက်တော့ တောင် (ညာ)ကွေ့တယ်.. ၃၁-လမ်းကျော်တော့ တွေ့ပါပြီ ဘုန်းကြီးကျောင်း... 

ကျတော် မရွေးဖြစ်တဲ့ ကျန်တဲ့လမ်းကြောင်း ၂-ခုကိုလည်း ခဲရောင်နဲ့ပြထားပါတယ်...

My labels: how to use Google Maps, iPhone, iOS, Android, GPS, Navigation

Monday, November 05, 2012

၂၀၁၂ ခုနှစ် နိုဝင်ဘာလထုတ် သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း ထွက်ပြီ

မြန်မာနဲ့ ဒေါင်းဟာ ခွဲခြားမရတော့ဘဲ ပရိယာယ်တူတမျှ ဂုဏ်ရည်တူအထိမ်းအမှတ်မျိုး ဖြစ်လာနေတော့ … ဒုတိယခြေလှမ်း “သဘာဝ” ရဲ့ …. “ဒေါင်း” တွေ မရှိတော့ရင် “တော” လည်းပြုန်းပြီလို့ ပြောရမှာ ဖြစ်တဲ့အကြောင်း နိုဝင်ဘာလထုတ် “သဘာဝ မြန်မာ ဓာတ်ပုံမဂ္ဂဇင်း” ထွက်ပါပြီ…။ 
(အထက်မြန်မာပြည်ဖြန့်ချိရေး)
လူထုကြီးပွားရေးစာအုပ်တိုက်၊ 
၈၄ လမ်း၊ ၃၃ x ၃၄ ကြား၊ မန္တလေးမြို့၊ ဖုန်း ၀၂-၃၉၇၁၇၊ ၆၀၁၃၆ 

(အောက်မြန်မာပြည်ဖြန့်ချိရေး)
အမှတ် (၁၁၀၄)၊ အိုလံပစ်တာဝါ၊ (၁၁)လွှာ၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၉၂၉၃၉၊ ၀၉-၄၉၁၀၂၈၇၅

 


Tuesday, September 25, 2012

သဘာဝ မြန်မာ ဓာတ်ပုံမဂ္ဂဇင်း ထွက်ပြီ




ကျတော်တို့ လုပ်နေတဲ့ သဘာဝ မြန်မာ ဓာတ်ပုံမဂ္ဂဇင်း The Nature Myanmar Photo Magazine ကို စက်တင်ဘာ (၂၅)ရက် အင်္ဂါနေ့တွင် အောက်တိုဘာလထုတ်အဖြစ် တစ်ပြည်လုံးသို့ လစဉ်ပုံမှန် ဖြန့်ချိတော့မည်ဖြစ်သည်။ 

အထက်မြန်မာပြည်ဖြန့်ချိရေး 
လူထုကြီးပွားရေးစာအုပ်တိုက်၊ 
၈၄ လမ်း၊ ၃၃ x ၃၄ ကြား၊ မန္တလေးမြို့။ 
ဖုန်း ၀၂-၃၉၇၁၇၊ ၆၀၁၃၆

 အောက်မြန်မာပြည်ဖြန့်ချိရေး
 အမှတ် (၁၁၀၄)၊ အိုလံပစ်တာဝါ၊ (၁၁)လွှာ၊ 
မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်၊ 
ရန်ကုန်မြို့။ 
ဖုန်း ၀၁-၃၉၂၉၃၉၊ ၀၉-၄၉၁၀၂၈၇၅

Monday, August 20, 2012

ရခိုင်ပြည်နယ်တိုင်းရင်းသား မိသားစုများ၏ ကလေးငယ်များ အတွက် ပညာရေး ထောက်ပံ့မှု တေးဂီတ ဖျော်ဖြေပွဲ

မနေ့က ရန်ကုန် အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်တိုင်းရင်းသား မိသားစုများ၏ ကလေးငယ်များ အတွက် ပညာရေး ထောက်ပံ့မှု တေးဂီတ ဖျော်ဖြေပွဲကို ရောက်ခဲ့ပါတယ်... ဖျော်ဖြေပွဲမှာ ကျတော် click နှိပ်မိတဲ့ ပုံရိပ်တွေကို အားပေးကြပါဦး...

အခုပုံများကို အကျိုးအမြတ် မရည်ရွယ်သော လုပ်ငန်းများတွင် အသုံးပြုလိုပါက လှူဒါန်းပါမည်။ watermark အမှတ်အသား မပါသည်များကို လှူဒါန်းလိုပါသဖြင့် ကျတော့်ကို ဆက်သွယ်ပြီး တောင်းယူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 



















My Labels: Rakhine, Myanmar, Burma, Show

Friday, August 03, 2012

Adobe Illustrator သုံးပြီး Bitmap Image ကို Vector Image အမြန်ဆုံး ပြောင်းခြင်း


အခု ကျတော် ရေးမယ့် tutorial မှာ ကာတွန်းဆရာ ဆရာအောင်မော်ရဲ့ facebook မှာတင်ထားတဲ့ ဒီနေရာက http://goo.gl/qziO8 ကာတွန်းပုံကို သုံးထားပါတယ်... အဲဒီ ကာတွန်းပုံကို ကွန်ပျူတာထဲမှာ OriginalCartoon.jpg နာမည်နဲ့ သိမ်းလိုက်ပါတယ်...


၁. အရင်ဆုံး Adobe Illustrator ထဲဝင်ပါ... (ကျတော် Adobe Illustrator CS6 trial version ကို အသုံးပြုခဲ့ပါတယ်...)


၂. Menu bar ပေါ်က File ထဲက Open နဲ့ OriginalCartoon.jpg ကို ဖွင့်ပါတယ်...


၃. Illustrator ထဲမှာ ပွင့်လာတဲ့ ကာတွန်းပုံပေါ် mouse pointer တင်ပြီး left click ခေါက်ပြီး select လုပ်ပါ...

ပုံဘေး ပတ်ပတ်လည်မှာ အပြာရောင်ဘောင်ရယ်၊ ထောင့်လေးခုမှာ စတုရန်းပုံ သေးသေး ၄-ခုရယ်၊ အနားလေးဘက် အလယ်တည့်တည့်မှာ စတုရန်းပုံ သေးသေး ၄-ခု ပေါ်နေပြီဆို select လုပ်ထားတာပါ...

၎. Menu bar ပေါ်က Object ထဲက Rasterize ကို ရွေးပါ...


၅. ပုံမှာ ပြထားတဲ့ အတိုင်း Rasterize လုပ်မယ့် setting ကိုရွေးပြီး OK ကို click နှိပ်ပါတယ်...


၆. Menu bar အောက်ကပ်ရပ်မှာ ရှိတဲ့ toolbar ထဲက Image Trace ကို click နှိပ်ပါ...




၇. အောက်မှာ ပြထားတဲ့ ပုံအတိုင်း box ပေါ်လာရင် OK ကို နှိပ်ပါ...


၈. ပြထားတဲ့ ပုံအတိုင်း Progress ဆိုပြီး box တစ်ခုပေါ်လာပြီး အလုပ်တွေ လုပ်နေပါလိမ့်မယ်... 

ဘာ error message မှ မပြဘဲ အဲဒီ box ပျောက်သွားပြီဆိုရင် ကျတော်တို့ အချုံ့အချဲ့ခံ quality ပိုကောင်းတဲ့ Vector Image ကိုရပါပြီ...


My Labels: Tutorial, Adobe Illustrator, How to convert bitmap image to vector image

Friday, July 27, 2012

Wednesday, July 25, 2012

Monday, July 23, 2012

Mandalay Cityscape

Mandalay Cityscape by MgHla
Mandalay Cityscape, a photo by MgHla on Flickr.

ကျွန်တော် ချစ်သော မန္တလေး ညရှုခင်း...

Macro Photo

_HLA0722 by MgHla
_HLA0722, a photo by MgHla on Flickr.

တောင်သမာန်၊ ရှမ်းလေးကျွန်း၊ မန္တလေးတောင်တွေကို ဓာတ်ပုံရိုက်ပြီး အပြန် ဗြစ်ရည်စုတ်နေတဲ့ အချိန် ဝါးတူပေါ်တက်ပြီး မော်ဒယ်လာလုပ်နေတဲ့ ဒီအကောင် ပိစီကွေးကို မီးအလင်းပေး Ko Shu, ကိုTeZa Hlaing , Kyaw Zay Win နဲ့ ရိုက်ညွှန်း ကိုSitt Thwe Kyaw တို့ အကူအညီနဲ့ ရိုက်ခဲ့တာပါ...
Olympus E-PL1 ကင်မရာမှာ Nikon lens adapater + Extension tube + Nikon AF NIKKOR 50mm f/1.8D Lens1.8 သုံးခဲ့ပြီး 1/40sec f/11 ISO800 ထားပြီး ရိုက်ကူးခဲ့ပါတယ်...

Wednesday, June 20, 2012

iPhone 3GS iPad baseband ကို downgrade ပြန်လုပ်ပြီး GPS သုံးနိုင်ပြီ...


iPad Baseband (06.50.00) ဖြစ်နေတဲ့ iPhone 3GS မှာ GPS သုံးလို့မရပါဘူး၊ Apple က ထုတ်ပေးတဲ့ iOS ကို တိုက်ရိုက် တင်လို့မရဘဲ custom firmware တင်ပြီးမှသာ သုံးနိုင်ပါတယ်... အခု redsn0w 0.9.14b1 ကပါလာတဲ့ Downgrade from iPad baseband နဲ့လုပ်ပြီးရင်တော့ GPS ပြန်လည် အသုံးပြုလို့ ရမှာ ဖြစ်ပြီး Apple က ထုတ်ပေးတဲ့ iOS ကို တိုက်ရိုက် တင်လို့ရမယ်လို့ ဆိုထားပါတယ်... ကျတော် လုပ်ကြည့်တာတော့ GPS တကယ် ပြန်လည် အသုံးပြု လို့ရပါတယ်... Apple iOS ကိုတော့ ပြန်မတင်ကြည့် ဖြစ်သေးပါဘူး... Apple iOS တိုက်ရိုက် တင်လို့ရပေမယ့်လည်း ဖုန်းပြော ဖို့ အတွက် Jailbreak ပြီး ultrasn0w ထည့်သွင်းပြီးမှသာ ဖုန်းပြောလို့ ရမှာ ဖြစ်ပါတယ်... 

လုပ်ပုံ လုပ်နည်း အဆင့်ဆင့်ကို http://www.iclarified.com/entry/index.php?enid=22653 မှာသွားကြည့်နိုင်ပါတယ်... 

Friday, June 15, 2012

ရခိုင်ပြည်နယ်မှာ ဒုက္ခရောက်နေသူများ အတွက် အလှူခံပါရစေ...

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များကြောင့် အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေသော ပြည်သူများကို ကူညီထောက်ပံ့ရန်အတွက် မန္တလေးမြို့မှ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော မန္တလေး ကွန်ပျူတာ အသုံးပြုသူများ လူမှုကွန်ယက် (Mandalay Computer Society) မှ လူအများ ပါဝင်သော ယာယီ အဖွဲ့အစည်း တစ်ခုမှာ ကျတော် အဖွဲ့ဝင်အနေနဲ့ ပါဝင်ပါတယ်... ဒီအဖွဲ့အစည်းမှာ မန္တလေးတိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ အမှုဆောင်များ၊ မန္တလေးမြို့နေ ကွန်ပျူတာ အသုံးပြုသူများ ပါဝင်ပါတယ်...

ကျတော်တို့ရဲ့ MCS ကနေ တဆင့် ရခိုင်ပြည်နယ် အတွင်း ဒုက္ခရောက်နေသူတွေကို ငွေကြေး ကူညီချင်တယ် ဆိုရင်တော့ ကျတော်ဆီကို ငွေလွှဲနိုင်ပါတယ်...


ပြည်တွင်းက အလှူရှင်များ ဘဏ်ကနေ ငွေလွှဲမယ် ဆိုရင်တော့ ...

ထင်လင်းအေး
၉/မနမ(နိုင်) ၁၁၇၁၁၅
Phone: 09 7322 6762
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD Bank)၊ မန္တလေးဘဏ်ခွဲ
ကို ကျေးဇူးပြုပြီး လွှဲပေးပါ ခင်ဗျာ... AGD Bank နဲ့ ချိတ်ဆက်ထားတဲ့ အခြား ပြည်တွင်း ဘဏ်များကနေပြီးတော့လည်း ငွေလွှဲနိုင်ပါတယ်... AGD Bank ကို လွှဲပေးဖို့ အဆင်မပြေခဲ့ရင်တော့ မန္တလေးမြို့ ၈၃-လမ်း (ဈေးချို အနီး) ရိုးမဘဏ်၊ KBZ Bank (၈၄-လမ်း ဈေးချို ဘဏ်ခွဲ) တို့ကို လွှဲပေးနိုင်ပါတယ်...

ပြည်တွင်းမှ AGD Bank ရဲ့ ATM card အသုံးပြုသူများ ATM မှတဆင့် အလှူငွေ လွှဲပေးချင်သူများ ရှိပါက အလှူငွေ လွှဲနိုင်အောင် စီစဉ်ပေးပါ့မယ်...


ထိုင်းနိုင်ငံရောက် အလှူရှင်များ ငွေလွှဲမယ် ဆိုတော့ ...

AGD Bank နဲ့ ချိတ်ဆက်ထားတဲ့ Karsikorn Bank (KBank) မှ တဆင့် လွှဲပေးနိုင်ပါတယ်... AGD Bank မှ ထုတ်ပြန်ထားတဲ့ ထိုင်းနိုင်ငံမှ ငွေလွှဲခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို http://goo.gl/Vl3rm မှာ ဖတ်ရှုနိုင်ပါတယ်...


မလေးရှား နိုင်ငံရောက် အလှူရှင်များ ငွေလွှဲမယ် ဆိုတော့ ...

AGD Bank နဲ့ ချိတ်ဆက်ထားတဲ့ May Bank ဘဏ်ခွဲများနှင့် MME (Maybank Money Express) များမှ လွှဲပေးနိုင်ပါတယ်... AGD Bank မှ ထုတ်ပြန်ထားတဲ့ ထိုင်းနိုင်ငံမှ ငွေလွှဲခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို http://goo.gl/aFniu မှာ ဖတ်ရှုနိုင်ပါတယ်...



လေးစားစွာဖြင့်



မောင်လှ (ခ) ထင်လင်းအေး
MgHla @ Htin Linn Aye
http://blog.MgHla.net
https://www.facebook.com/MgHla

Wednesday, April 11, 2012

facebook အသုံးပြုသူများ secure browsing အား အသုံးပြုသင့်

သတင်း - CJMyanmar
၅-ဧပြီ-၂၀၁၂


ယခုအချိန်တွင် အင်တာနက် အသုံးပြုတတ်သူ လူတိုင်းနီးပါးသည် wifi ပါ smart phone များ ကိုင်ဆောင်ကာ Internet WiFi အခမဲ့ ဝန်ဆောင်မှုပေးသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် စားရင်း သောက်ရင်း အင်တာနက် အသုံးပြုမှု များပြားလာကြသည်။ သို့သော်လည်း မိမိ အသုံးပြုနေသော WiFi network ထဲရှိ အခြား အသုံးပြုသူတစ်ယောက်က မိမိ၏ facebook ကို smart phone မှ တဆင့် ဖောက်ထွင်း၍ ရနိုင်ကြောင်းကို facebook အသုံးပြုသူ အတော်များများ မသိကြကြောင်းကို mobile phone ပညာရှင် တစ်ယောက်မှ CJMyanmar သို့ ပြောကြားသည်။



ယင်း ပညာရှင်မှပင် Android OS သုံး smart phone တွင် ထည့်သွင်းထားသော  facebook ကို ဖောက်နိုင်သော App (software) ကို လက်တွေ့ စမ်းသပ်ပြရာတွင် http://www.facebook.com ဖြင့် အသုံးပြုနေသော သူများ၏ facebook account များကို မိနစ်ပိုင်း အတွင်း ဖောက်နိုင်ကြောင်း တွေ့ရှိရပါသည်။ https://www.facebook.com ဖြင့် အသုံးပြုသူများ၏ account ကိုမူ ဖောက်ထွင်းရန် ခက်ခဲသေးကြောင်း ယင်းပညာရှင်မှပင် ပြောကြားသည်။



ယင်းကဲ့သို့ WiFi network တစ်ခုတည်း အတွင်းမှ အခြားသူများ မိမိ၏ facebook account ခိုးယူ သုံးစွဲခြင်းမှ ကွင်းဝေးစေရန် facebook တွင် အောက်ပါ အချက်များ ပြင်ဆင်ထားသင့်သည်။

၁. facebook.com အပြာရောင် ဘားတန်း ညာဘက်ဆုံးရှိ အောက်ကို ပြနေသော မြှားကို နှိပ်ပြီး Account Settings ကိုရွေးပါ။

၂.  Security ကို click လုပ်ပါ။

၃. Secure browsing ပေါ် click လုပ်ပါ။

၎. Browse Facebook on a secure connection (https) when possible အရှေ့တွင် ရှိသော လေးထောင့် အကွက်ထဲတွင် အမှန်ခြစ် ရှိအောင် လုပ်ပါ။ အမှန်ခြစ် ရှိပြီးသား ဖြစ်ပါက click ထပ်နှိပ်ရန် မလိုပါ။

၅. Save Changes ကို နှိပ်ပါ။



ယင်းသို့ setting များပြင်ပြီးပါက https://www.facebook.com ပေါ်နေသော address bar ထဲတွင် cursor ချပြီး https://www.facebook.com ဖြစ်သွားလား သေချာအောင် စစ်ဆေးပါ။ https://www.facebook.com မဖြစ်သေး http://www.facebook.com ဖြစ်နေပါက အပေါ် အဆင့် (၅) အတိုင်း ပြန်လည် လုပ်ဆောင်ပေးရန် လိုပါသည်။

http://cjmyanmar.com/ မှာ ရေးဖြစ်တာလေးကို ပြန်တင်တာပါ။

Monday, March 05, 2012

ဒေါ်အောင်ဆန်းစုကြည် မန္တလေး စည်ရုံးရေး ခရီးစဉ် ၃-မတ်-၂၀၁၂

၃-မတ်-၂၀၁၂ (စနေနေ့)မှာ ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို စည်းရုံးရေး ခရီးစဉ်လာပြီး လူထုဟောပြောပွဲ လုပ်မယ်ဆိုတာနဲ့ ရုံးဖွင့်ရက် ဖြစ်တဲ့ အတွက် ခွင့်ကြိုယူထားပြီး ၃-မတ် နေ့ မနက် ၆-နာရီ ခွဲဝန်းကျင် လောက်ကတည်းက ကားကြုံခေါ်တဲ့ အကို တစ်ယောက်ရဲ့ ကားနဲ့ လေယာဉ်ကွင်းကို သွာဖြစ်ပါတယ်... အမြန်လမ်းမ တလျှောက် လေယာဉ်ကွင်ဆီ သွားနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ အပြင် စက်ဘီးတွေကိုပါ အဆက်မပြတ် တွေ့ရပြီး လေယာဉ်ကွင်းရောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဖို့ရောက်နေတဲ့ ကားတွေ ဆိုင်ကယ်တွေ အများကြီး တွေ့ရပါတယ်... ကျတော် ဓာတ်ပုံကိုတော့ လေယာဉ်ကွင်းကနေ ကျွဲဆည်ကန် ကားကြီး ဝင်းနားအထိလောက်ပဲ ရိုက်ဖြစ်ပါတယ်... အဲဒီ နောက်ပိုင်း ဗီဒီယို ရိုက်ရတာ စိတ်ပါလာလို့ ဗီဒီယိုပဲ ရိုက်ဖြစ်ပါတော့တယ်... ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံထဲက အချို့ကို အားပေးကြပါဦး...















ကျန်တဲ့ ပုံအချို့ကို https://www.facebook.com/media/set/?set=a.10150653863274784.413656.691314783&type=1 မှာ သွားကြည့်နိုင်ပါတယ်...

My Labels: Daw Aung San Suu Kyi, Nobel Prize Winner, Myanmar, Burma, Mandalay, Ava, Innwa