gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဝါတွင်းကြီးမှာ Hotel Mandalay ၌ မချောအိမာန်(မန္တလေး) မင်္ဂလာပွဲတစ်ခု ကျင်းပခြင်း....

မနေ့က Hotel Mandalay မှာ မချောအိမာန်(မန္တလေး)ရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်တဲ့ ကောင်းကင်အနမ်း စာအုပ်အသစ် ထွက်ရှိခြင်း အသိပေးပွဲ အခမ်းအနားကို နေ့လယ် ၂-နာရီမှ စတင်ကျင်းပခဲ့ပါတယ်... အခမ်းအနားမှူးအဖြစ် ဆရာ သင့်နော်က ဆောင်ရွက်ခဲ့ပါတယ်... ဆရာညီပုလေး၊ ဆရာ ဆူးငှက်၊ ဆရာမ ဖြူဖြူဝင်း (မြန်မာစာ)၊ ထုတ်ဝေသူ ကိုသီဟမောင်မောင်တို့က စာအုပ်နဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောပြပေးပါတယ်... စာရေးဆရာမ မချောအိမာန်ကလည်း သူမ ဘယ်က ဘယ်လို စရေးဖြစ်ကြောင်းကိုလည်း ပြောပြပေးပါတယ်... ကျတော်ကတော့ နောက်ဆုံး အခမ်းအနား အစီအစဉ်ကို အကြိုက်ဆုံးပါ... ဒီစာအုပ် မိတ်ဆက်ပွဲလေးဟာလည်း မချောအိမာန်အတွက် မင်္ဂလာပွဲတစ်ခု ဆောင်ရွက်ခြင်း မဟုတ်ပါလား ခင်ဗျား... မချောအိမာန်ရဲ့ ယခုစာအုပ်ကို အမေ လူထုဒေါ်အမာမှ အမှာစာရေးထားပေးပါတယ်...

အပျိုကြီး မချောရဲ့ စာအုပ် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါလိုက်ပါတယ်...

ချောအိမာန် (မန္တလေး) ရဲ့ ကောင်ကင်အနမ်း

တက်ရောက်လာကြတဲ့ စာရေးဆရာများနဲ့ စာနယ်ဇင်းသမားများ

မချောအိမာန်နဲ့ သူမကို ဝိုင်းရိုက်နေကြသူတွေ

AD1971 စာအုပ်ထုတ်ဝေရေး လုပ်ငန်းတည်ထောင်သူ
Graphic Designer ကိုသီဟမောင်မောင်

စာရေးဆရာ ညီပုလေး

ဆရာ ဆူးငှက်


My Labels: Mandalay News, မန္တလေး သတင်း,

Comments

green said…
မချောအောင်မြင်ပါစေ။
Freedom said…
Keep going Ma Ma Chaw.
Wishing you the best...
Your sister, Saw Thuzar

Ad