Skip to main content

ဝါတွင်းကြီးမှာ Hotel Mandalay ၌ မချောအိမာန်(မန္တလေး) မင်္ဂလာပွဲတစ်ခု ကျင်းပခြင်း....

မနေ့က Hotel Mandalay မှာ မချောအိမာန်(မန္တလေး)ရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်တဲ့ ကောင်းကင်အနမ်း စာအုပ်အသစ် ထွက်ရှိခြင်း အသိပေးပွဲ အခမ်းအနားကို နေ့လယ် ၂-နာရီမှ စတင်ကျင်းပခဲ့ပါတယ်... အခမ်းအနားမှူးအဖြစ် ဆရာ သင့်နော်က ဆောင်ရွက်ခဲ့ပါတယ်... ဆရာညီပုလေး၊ ဆရာ ဆူးငှက်၊ ဆရာမ ဖြူဖြူဝင်း (မြန်မာစာ)၊ ထုတ်ဝေသူ ကိုသီဟမောင်မောင်တို့က စာအုပ်နဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောပြပေးပါတယ်... စာရေးဆရာမ မချောအိမာန်ကလည်း သူမ ဘယ်က ဘယ်လို စရေးဖြစ်ကြောင်းကိုလည်း ပြောပြပေးပါတယ်... ကျတော်ကတော့ နောက်ဆုံး အခမ်းအနား အစီအစဉ်ကို အကြိုက်ဆုံးပါ... ဒီစာအုပ် မိတ်ဆက်ပွဲလေးဟာလည်း မချောအိမာန်အတွက် မင်္ဂလာပွဲတစ်ခု ဆောင်ရွက်ခြင်း မဟုတ်ပါလား ခင်ဗျား... မချောအိမာန်ရဲ့ ယခုစာအုပ်ကို အမေ လူထုဒေါ်အမာမှ အမှာစာရေးထားပေးပါတယ်...

အပျိုကြီး မချောရဲ့ စာအုပ် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါလိုက်ပါတယ်...

ချောအိမာန် (မန္တလေး) ရဲ့ ကောင်ကင်အနမ်း

တက်ရောက်လာကြတဲ့ စာရေးဆရာများနဲ့ စာနယ်ဇင်းသမားများ

မချောအိမာန်နဲ့ သူမကို ဝိုင်းရိုက်နေကြသူတွေ

AD1971 စာအုပ်ထုတ်ဝေရေး လုပ်ငန်းတည်ထောင်သူ
Graphic Designer ကိုသီဟမောင်မောင်

စာရေးဆရာ ညီပုလေး

ဆရာ ဆူးငှက်


My Labels: Mandalay News, မန္တလေး သတင်း,

Comments

green said…
မချောအောင်မြင်ပါစေ။
Freedom said…
Keep going Ma Ma Chaw.
Wishing you the best...
Your sister, Saw Thuzar

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...


fb Security Features and Tips အပိုင်း-၂ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Never Share Your Login Information • ကိုယ့်ရဲ့ password ကို ခိုးချင်တဲ့ Scammer တွေဟာ facebook နဲ့ အလားသဏ္ဍာန်တူတဲ့ website အတုတွေ ဖန်တီးပြီး ကိုယ့်ရဲ့ email နဲ့ password ထည့်သွင်းပြီး login လုပ်ခိုင်းတတ်ပါတယ်။ (Scammer အသုံးအနှုန်းကို ဘန်းကျော်မှာ လူသုံးနည်းပြီး hacker လို့ အသုံးများကြတယ်။ scammer နဲ့ hacker ဘာကွာလဲ ကျော့်လည်း မသိဘူး။ လိုက်ရှာလည်း မဖတ်ချင်ဘူး။ ဘာသာဆက်ပြန်မယ်။ ဆက်ရွှီးမယ်။) • ကိုယ့်ရဲ့ username, password တွေ အသုံးပြုပြီး facebook ကို login ဝင်မယ်ဆိုရင် facebook ရဲ့ login screen design နဲ့တူတယ် ဆိုပြီး username နဲ့ password တွေ အလောတကြီး မရိုက်ထည့်လိုက်ပါနဲ့။ • URL bar မှာ facebook.com ဟုတ်ရဲ့လား ပြန်စစ်ပါ။ ဒါက browser ကနေ အသုံးပြုတာကို အဓိကရည်ရွယ်ပ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်... ဒါနဲ့စကားမစပ်... (Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်... ဒါနဲ့စကားမစပ်...  အောက်က ပေးထားတဲ့ link လေးတွေလည်း သွား ကြည့်ပါဦး... http://www.microsoft.com/athome/setup/wirelesstips.aspx Ydnb FC နဲ့ YgnUtd ပွဲအပြီးမှာ ရန်ကုန်ပရိတ်သတ်တွေကို ခဲနဲ့ပေါက်သူတွေကို ဖမ်းမိတဲ့ သတင်း... http://yanikphotoschool.com/tips/using-your-monitor-as-a-light-source-part-1/   http://lifehacker.com/5360150/install