photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Saturday, August 25, 2007

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း...၃

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း...၂ နေ့လယ်စာ စားချိန်ရောက်တာနဲ့ အဲဒီ အနောက်တောင် တောင်ခြေနားမှာရှိတဲ့ နာမည်ကြီး ထမင်းဆိုင် တစ်ခုမှာ သွားစားပါတယ်... မှို စပယ်ရှယ်လစ် လုပ်ထားတဲ့ ဆိုင် ထင်ပါတယ်... စားရတာ မဆိုးပါဘူး... တော်တော် ခမ်းခမ်းနားနားရှိတဲ့ ထမင်းဆိုင်ကြီးရဲ့ အိမ်သာကတော့ ဟောင် ဟောင် နံဟောင်နေပါတယ်... တော်ပါသေးရဲ့... အနံ့တွေ ထမင်းစားပွဲတွေ အထိ ရောက်မလာပေလို့... ထမင်းစား ပြီးတော့ ပန်းခြံကို သွားပါတယ်...

ပန်းခြံနာမည်က Expo Garden လို့ခေါ်ပါတယ်... ဒါက ပန်းခြံ အဝင်ပေါက်က ကြိုဆိုနေတဲ့ ပန်းတွေနဲ့ တန်ဆာဆင်ထားတဲ့ အမှန်တကယ် အလုပ်လုပ်တဲ့ ပန်းနာရီကြီးပေါ့...

ဟော... ပန်းခင်းလမ်းကို လျှောက်ကြမယ်... ပန်းခင်းလမ်းဆိုလို့ ပန်းတွေ ပေါ်ကတော့ တက်မလျှောက် ရဘူးနော်... သြော် မေ့သွားလို့ ပန်းခြံက တရုတ်မ ဂိုက်ခေါ်ခဲ့သေးတယ်ဗျ... မြန်မာလို ပြောတတ်လို့ ခေါ်တာလား ဟုတ်စ... မပြောတတ်ပါဘူးဗျာ... တရုတ်လိုပဲ ရှင်းပြတာဗျ... ကျတော်မျိုးတို့ ဘယ်နားလည်မှာ လဲဗျာ... ကျတော်တို့ရဲ့ စကားပြန်က ဘာသာပြန် ပေးရတာပေါ့ဗျာ... ဟိုးမှာ တွေ့နေရတဲ့ ပန်းသင်္ဘောက ရှေးက တရုတ်တွေ ကမ္ဘာပတ်ခဲ့တဲ့ သဘောင်္လို့ ပြောတာပဲ...

ဒီလိုလေးတွေနဲ့ အလှဆင်ထားတယ်... ကျတော်တို့က ဟိုးပန်းတိုင်တွေ နောက်မှာ မြင်နေရတဲ့ အဆောက်အဦဆီ ကို ချီတက်နေကြတာ... ပန်းခြံထဲမှာ စွန်လာလွှတ်တဲ့ အဖိုးကြီးတွေလည်း မနည်းဘူးဗျို့...

ဆက်ပါဦးမည်...

1 comment:

Nwai Hninn said...

Thanks for your sharing , Ko Mg Hla.