gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဟေ့ရောင်...

ဟေ့ရောင်...
မင်းကိုယ် မင်း ဆရာကြီးလို့ မထင်နဲ့ကွ...
လူတွေဟာ တစ်ယောက် တစ်မျိုးစီ တော်ကြတယ် တတ်ကြတယ် ဆိုတာ မင်းလက်ခံစမ်းပါ...
ဒီမှာ ဟေ့ရောင် ရပ်ကွက်ထဲက အမြဲတမ်းမူးနေတတ်တဲ့ အမူးသမားကို အထင်မသေးနဲ့ကွ...
လူတွေ မလုပ်ချင်တဲ့၊ အဓိကက လူတွေ မလုပ်ရဲတဲ့ အလောင်း ရေချိုးပေးတာတွေ အလောင်းပြင်တာတွေ လုပ်တတ်တယ်ကွ... မင်းသိရဲ့လား... ဟေ့ရောင်...
လူ တစ်ယောက်ချင်းစီမှာ ထူးချွန်မှု တစ်ခုတော့ ရှိရမယ် ဆိုတာ မင်းလက်ခံရမယ် ဟေ့ရောင်...
မင်း ကွန်ပျူတာ ဘယ်လောက်တော်တော်... မင်းဈေးရောင်းတတ်ရဲ့လား ဟေ့ရောင်...
ဈေးရောင်းတဲ့ မိန်းကလေးက မင်းလောက် ကွန်ပျူတာ မကိုင်တတ်ပေမယ့် .. မင်းထက် ဈေးရောင်းတတ်တယ်ကွ...
ဟေ့ရောင် ... မင်းဆိုတဲ့အကောင်က ကွန်ပျူတာနဲ့ ပတ်သက်ပြီး တောက်တိုမယ်ရ လုပ်စားနေရတဲ့ကောင် ... ဟိုက ဈေးပဲရောင်းနေရတဲ့ ဟေ့ရောင်မကွ... မင်းသိလား...

ဟေ့ရောင်...
ဒီမှာ မင်း ဖိုတိုရှော့လေး သူများထက်ပိုပြီး သုံးတတ်တာကို များ ဒီကမ္ဘာမှာ ငါလောက် တတ်တဲ့သူ... ငါ့ထက် တက်တဲ့လူ မရှိဘူး မထင်နေနဲ့ကွ... မင်းထက် ငယ်တဲ့ကောင်တွေက မင်းထက် ပိုတက်လာကြပြီ... မင်းထက် အသက်ကြီးတဲ့ လူတွေကလည်း မင်းထက် နည်းပညာပိုင်း ဆိုင်ရာမှာ အားနည်းကောင်း အားနည်း နိုင်ပေမယ့် မင်းထက် ၀မ်းစာပြည့်တယ်ကွ... မင်း အရောင် အကြောင်း ဘာသိလဲ... လေးအောက် အကြောင်း ဘာသိလဲ... ကွန်ပိုစေးရှင်းဆိုတာ ဘာလဲ... လူတိုင်းလည်းကြိုက် ပညာရှင်တွေ ကြိုက်တဲ့ ဒီဇိုင်း မင်း ဖန်တီးနိုင်လို့လား ဟေ့ရောင်...

ဟေ့ရောင်... မင်း မာန်မတက်နဲ့...

ဟေ့ရောင်...
တော်ပါသေးရဲ့...မင်းကတော့ ပြောလိမ့်မယ်... ဘာမှလည်း မရေးရသေးဘဲနဲ့ တော်ပါသေးရဲ့လို့ ဆိုထားလို့... မနေ့က ၀င်းဒိုး ဗစ်စတာ မသုံးဖူးတာနဲ့ စမ်းသုံးမယ်ဆိုပြီး အင်စတောလုပ်တယ်ကွာ... ၀င်းဒိုး တက်လာတဲ့အချိန်မှာ မိုးတွေ ရွာလာရော... နက်ဝက်ကြိုးတွေ၊ ဘရော့ဘန်းကြိုးတွေ ၀င်ဖို့ ဖောက်ထားတဲ့ မှန် အပေါက်ကနေ မိုးရေ ၀င်လို့ ပလက်စတစ်အိတ်နဲ့ အပေါက်ကို ပိတ်တာ လုံတယ်ဆိုပြီး စိတ်ချ လက်ချ ဗစ်စတာ စမ်းနေတာ ဘေး.. အခန်းက အကို့အခန်း ရေမ၀င်ဘူးလားတဲ့ ... မ၀င်ပါဘူး ငါ့ညီလို့ ဖြေပြီးတော့ ခြေထောက်လည်း ချလိုက်ရော... ကြမ်းပြင်မှာ ရေတွေ ရေတွေ... အဲဒါနဲ့ ယူပီအက်စ်ကို အပေါ်တင်ပြီး သုံးလိုက်တာ ညနေ ရုံးဆင်းတဲ့ အထိပဲကွ ဟေ့ရောင်ရ...
ဒီနေ့မနက်လာမှ သတိထားမိတာ ကွန်ပျူတာပြင်ရင် သုံးဖို့ င့ါယူပီအက်စ်က ထုတ်ထားတဲ့ နောက်ထပ် ပါဝါကြိုးတစ်ချောင်း ကြမ်းပြင်ပေါ်မှာ တန်းလန်းကြီး... တော်သေးတာက ရေတွေထဲ နစ်မနေလို့... နစ်များ နစ်နေရင်တော့... ငါတော့ မဟေ့ရောင် နိုင်တော့ဘူး ဟေ့ရောင်ရေ...

Comments

ကိုမောင်လှရေ...ကျနော် မရောင်ပါဘူး။ ကိုမောင်လှလိုပဲ အလုပ်တွေလုပ်နေသည်။ ရောင်နေတာက ယူနီဖောင်းဝတ်ထားတဲ့သူတွေ။ စပါးစိုက်ကွင်းမှာလဲသူတို့ ၊ စာသင်ခန်းမှာလည်းသူတို့ ၊ ဟိုဖွင့်ပွဲ၊ ဒီဖွင့်ပွဲမှာလဲသူတို့ ၊ တကယ်တော့ သူတို့ ရှိသင့်တဲ့နေရာက လဒများ ကြီးစိုးရာ နေရာ...
Ko PoeThar Blog said…
နေပြည်တော်က ဆရာလှရေ

မိုးရွာထားတဲ့ရေတွေရှိနေတဲ့ အခန်းထဲမှာ ဓါတ်ကြိုးတစ်ချောင်း ပြန်ကျနေလည်း ဂရုစိုက်စရာ မလိုလောက်တဲ့ အခြေအနေပါဗျာ။ ဟေ့ရောင်တွေ ဆက်လုပ်နိုင်ပါသေးတယ်ဗျ။ ဘာလို့လဲဆိုတော့ မီးမှ မလာဘဲကိုဗျ။

ချစ်ခြင်းအားဖြင့်

ဖိုးသား။

Ad