Skip to main content

ဘာရယ်တော့ မဟုတ်ပါဘူး...

နေရင်းထိုင်ရင်း မော်လမြိုင်မှာ ကျောင်းသွားတက်ခဲ့ရတဲ့ ကာလလေးကို သတိရမိတယ်... မန္တလေးသား ဘယ်လို ဖြစ်ပြီး မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းသွားတက်တယ်လို့ ထင်ပါသလဲ... ရှင်းရှင်းလေးပါ... အမှတ် ဟိုမမှီ ဒီမမှီရတဲ့ ကျတော်မောင်လှ မော်လမြိုင် တက္ကသိုလ်မှာသာ ရှိတဲ့ Marine Bio လို့ လူသိများတဲ့ Marine Science မေဂျာရလို့ သွားတက်ခြင်းပါ... အဏ္ဏဝါသိပ္ပံလို့လည်း ခေါ်တဲ့ ဒီမေဂျာတက်တဲ့ ကျောင်းသားတွေကို အဆောင် တစ်ခုတည်းမှာပဲ ထားပါတယ်...“မြိတ်” ဆောင်လို့ ခေါ်ကြောင်းပါ... ယောက်ျားလေး အဆောင်တွေရဲ့ အစွန်ဆုံးမှာ ရှိပါတယ်... ကျောင်းစတတ်တဲ့ညမှာ ကျတော်တို့ မေဂျာက သူငယ်ချင်းတွေ အဏ္ဏဝါသိပ္ပံသားတွေ ထွက်ခဲ့ သီချင်းသွားဆိုမယ် ဆိုလို့ လိုက်သွားတာ မေဂျာက ပထမနှစ် ကျောင်းသူတွေ နေတဲ့ အဆောင်ကို ရောက်သွားပါလေရော... လူ-၃၀ လောက်ရှိတဲ့ လူအုပ်ကြီး မိန်းကလေး အဆောင်ရှေ့မှာ သီချင်းဆိုကြလေရဲ့... တကယ်ဆိုတဲ့သူက ၅-ယောက်လောက်ပါ... ကျန်တဲ့သူတွေက အဖော် အဖြစ်လိုက်လာ ကြတာပါ... သြော် .. လွမ်းမိပါသေးတယ်... မော်လမြိုင်တက္ကသိုလ်ကြီးရယ်... 96 ကျောင်းပိတ်လို့ ပထမနှစ်ကို မန္တလေးမှာပဲ ဖြေပြီး အောင်ခဲ့ရတဲ့ အဏ္ဏဝါသိပ္ပံ ကျောင်းသားလေး ကျတော်ဟာ နောက်ဆုံးတော့ ရရာမေဂျာယူပြီး မန္တလေး အဝေးသင်တက္ကသိုလ်ကို ပြန်ပြောင်းတက်ခဲ့ပြီး တတိယနှစ်မှာ တစ်ခါကျပြီး ဘွဲ့လေး တစ်ခုပိုင်ဆိုင်ခဲ့ကြောင်းပါ...

သြော်... ပြောရင်းဆိုရင်း ထားဝယ်သူလေးကို လွမ်းလိုက်တာ...

My Labels: မောင်လှရေ, MgHla,

Comments

mr sann oo said…
ထားဝယ်သူဇတ်လမ်း detail လုပ်ဦးလေ
ko sann ooay
MYO HAN HTUN said…
ဗျို့ .. လူကြီး .. မိန်းမနဲ့ နောင်ဂျိန် ချနေရလိမ့်အုံးမယ်။

ဆက်ပါအုံး ဗျ .. အပိုင်း ၁ .. ၂ ... ၅ .. အဖြစ် စသည်ဖြင့်ပေါ့ .. အောက်ကသူ ဇာတ်လမ်း .. အဲယောင်လို့ .. ထားဝယ်သူ ဇာတ်လမ်းလေးကို .. :P

ကိုတိုး
Yan said…
တိုင်ပြောမယ်.....
ဒါပေမယ့် စိတ်တော့ဝင်စားသားကလား. လုပ်ပါဦး ရှဲပါဦး တာကောရေ... မျှော်နေမယ်. မုချ.. ဟဟ

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...