Adobe Photoshop ဘယ်လို သုံးမလဲ -၁ ကို မေလ (၄)ရက်နေ့က ရေးခဲ့သော်လည်း ဆက်မရေးဖြစ်ခဲ့ပါ... ဖိုတိုရှော့ သုံးတတ်သူများကလည်း လွယ်လွယ်လေးတွေ လာရေးပြနေတယ်... မောင်လှ ပညာပြနေတယ် ဆရာကြီး လုပ်နေသည်ဟု ထင်မှာ စိုးသောကြောင့် ဆက်မရေးဘဲ ရပ်ထားခဲ့သည်... အပျင်းကြီးမှုက အဓိက ဖြစ်ပေသည်... သို့သော်ငြားလည်း Photoshop ကို မည်သည့် အကြောင်းကြောင့် ဖြစ်ဖြစ် သင်တန်းမတက် နိုင်သူများအတွက် ရည်ရွယ်ပြီး ပြန်ရေးပါမည်... အများကြီး မရေးနိုင်ရင်တောင်မှ နည်းနည်းစီ ရေးသွားပေးပါမည်... ကျတော် စာပြန်သင်တဲ့ အချိန်ကျရင်လည်း မှတ်စု သဘောမျိုး ဖြစ်သွားအောင် ပြန်ရေး နေခြင်းလည်း ဖြစ်ပါသည်...
Tool တွေ အကြောင်း မစသေးဘဲ Layer အကြောင်း အရင် သွားရအောင် ခင်ဗျာ... ဘေးမှာပါတဲ့ ပုံက Layer palette ပုံပါ... မတွေ့ခဲ့ရင် Windows menu ထဲက Layers ကနေ ခေါ်ယူလို့ရပါတယ်... Layers ရဲ့ရှေ့မှာ အမှန်ခြစ် ရှိတယ် ဆိုရင်တော့ ခေါ်တင်ထားပြီးသားပါ... အဲဒါဆိုရင်တော့ ဖိုတိုရှော့ window ထဲမှာ တွေ့အောင် ရှာကြည့်ပါ...
Layers palette ရဲ့ အောက်ဆုံးမှာ ပါတဲ့ button လေးတွေအကြောင်း သွားရအောင်...
၁- လို့ညွှန်းထားတာက layer တွေကို ဖျက်ချင်တဲ့ အခါ သုံးပါတယ်...
ဖျက်ချင်တဲ့ လေယာကို select လုပ်ထားပြီး ဒီ button လေးကို နှိပ်လိုက်ရင် သက်ဆိုင်ရာ လေယာတွေ ပျက်သွားပါလိမ့်မယ်...
၂- က layer အသစ်လိုချင်တဲ့ အခါ သုံးပါ...
၃- layer group အသစ် တည်ဆောက်ဖို့အတွက် သုံးပါတယ်... layer တွေ အများကြီး ဖြစ်လာရင် သက်ဆိုင်ရာ လေယာ အစုအဝေးလေးတွေ တည်ဆောက် ချင်တယ်ဆိုရင် သုံးနိုင်ပါတယ်... ဥပမာ- header နဲ့ ပက်သတ်တဲ့ layer တွေဆို layer group တစ်ခုတည်းမှာ ထည့်ထားချင်းအားဖြင့် အလွယ်တကူနဲ့ ရှာနိုင်ပြီး ကြည့်ရတာလည်း ရှင်းပါတယ်...
၎- လေယာနဲ့ ပတ်သက်ပြီး အရောင်ချိန်ညှိတာ အရောင်တွေ ဖြည့်တာအတွက် သုံးနိုင်ပါတယ်...
၅- Layer mask ထည့်တာပါ... လေယာ တစ်ခုတည်းမှာ ရှိတဲ့ မလိုချင်တဲ့ အပိုင်းတွေကို မဖော်ပြစေချင်တဲ့ အခါ သုံးလို့ရပါတယ်... တကယ်ဖျက် လိုက်တာမဟုတ်ဘဲ မမြင်ရအောင် ကွယ်ထားပေးတာပါ... လိုအပ်လို့ ပြန်ဖော်ပြချင်တယ် ဆိုရင်လည်း ပြန်ဖော်ပြနိုင်ပါတယ်...
၆- လေယာတွေကို Layer Style (Effects) ထည့်ချင်တဲ့အခါ သုံးပါတယ်... စာလုံးတွေ ဖောင်းကြွဖြစ်အောင်လုပ်တာ၊ အရိပ်ချတာ စတာတွေ လုပ်လို့ရပါတယ်...
၇- Link Layers ပါ... လေယာတွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့အခါ သုံးနိုင်ပါတယ်... layer တွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက် ထားခြင်း အားဖြင့် နေရာ ရွှေ့တဲ့အခါ၊ အရွယ်အစား ပြောင်းလဲမှုပြုလုပ်တဲ့အခါတိုင်း link လုပ်ထားတဲ့ လေယာများဟာ အတူတကွ အပြောင်းအလဲ ဖြစ်ပါတယ်...
Layers palette အကြောင်း မပြီးသေးပါဘူး... ဆက်ပါဦးမယ်...
My Labels: Photoshop, Tutorial,

ဤpostပါ အချက်အလက်များကို စီးပွားရေးဆန်တဲ့ လုပ်ငန်းများမှာ ပြန်လည် အသုံးပြုမည်ဆိုပါက ကြိုတင် ခွင့်တောင်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
8 comments:
မထင်ပါဘူး ကိုမောင်လှရေ..
ဒီလို အွန်လိုင်းက သင်ပေးတဲ့ ဆရာနဲ့ပဲ ဖိုတိုရှော့ကို
ကျွန်မ မတတ်တခေါက် တတ်ခဲ့ပါတယ်။ ခုလို ပြည့်ပြည့်စုံစုံ
ရှင်းပြတဲ့အတွက် ပိုလို ကျေးဇူးတင်ပါတယ်။ နောက်များလည်း
ဆက်ရေးပါအုံး.. ကျေးဇူးး)
အဲဒီထဲက ၄၊ ၅၊ ၆ ဆိုရင် သုံးတောင် မသုံးလို့ ဘာရယ်မှန်း မသိပါဘူး။ ရေးသာရေးပါ .. ။ အခုလိုသိရလို့ ကျေးဇူးတောင် တင်မိသေးတယ်။
ကိုတိုး
မ99စနေ နဲ့ ကိုတိုး တို့ ၂-ယောက် အခုလို အားပေးကြလို့ ကျေးဇူးတင်ပါတယ်ဗျာ...
ကိုမောင်လှရေ... သိုးလေးကလေ photoshop နဲ့ မတောက်တခေါက်လေး လုပ်စားနေတာလေ။ ခုလို ပြည့်ပြည့်စုံစုံ သိရတာ အရမ်းကျေးဇူးပါ။ နောက်တစ်ခါ photoshop Illustrator တင်ပေးရင် အရမ်းကောင်းမယ်နော်။
ကိုမောင်လှရေ ..
Photoshop ကို Photo re-touch နဲ့ Adobe Illustrator ဘက်မှာ Web Design ကို လုပ်ပြီးတိုင်း Photoshop ဘက်မှာ Image လေးတွေ Crop လုပ်တာလောက်ပဲ သုံးတဲ့ ကျွန်တော့်အတွက် ဒီ Photoshop အကြောင်းလေးတွေရေးထားတဲ့ Post ဖတ်သွားတော့လည်း အကျိုးရှိတာပဲ။ ကိုယ်တောင် အချိန်ရရင် ကိုယ်သုံးတတ်တဲ့ Software လေးတွေနဲ့ အများအသုံးတဲ့မယ့် အကြောင်းအရာလေးတွေ ရေးပြီး တင်ချင်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ပိုဒ့်တစ်ခုအတွက် စဉ်းစားချိန်နဲ့ ရေးရတဲ့ အချိန်တွေ ဘယ်လောက် ကုန်သွားသလဲ ဆိုတာ လူတိုင်းနားလည်တတ်မှာပါ။
ဘာပဲဖြစ်ဖြစ် အခုလို ရေးပြီးတင်ပေးတဲ့အတွက် မသိတဲ့သူများ၊ လေ့လာနေတဲ့သူများ နှင့် ပိုဒ့်ဖတ်သွားတဲ့ လူတွေအတွက်တော့ အကျိုးတစ်ခုပြုပေးလိုက်သလိုပါပဲ။
(မှတ်ချက်။ ။ အပေါ်မှာ ရေးထားတဲ့ ကျွန်တော့် Comment ကို မပြည့်စုံဘူးထင်လို့ ထပ်ဖြည့်ရခြင်းပါ)
ဆက်လက်ရေးသားသွားနိုင်ပါစေ
ကိုတိုး
ကိုတိုးရေ...
အခုလို အားပေးစကား ထပ်ပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်...
ကျတော်သိသလောက် တတ်သလောက် ထပ်ရေးပါဦးမယ်...
လေ့လာသွားပါတယ်ခင်ဗျားး
dmအကြောင်းအကျိုးညီညွှတ်မယ်ဆိုလျှင် ကျွန်တော်တို့ရဲ့ Social Network ဖြစ်တဲ့ ထာဝရသူငယ်ချင်းများဆိုက်ရဲ့ အွန်လိုင်းပညာဒါနအစီအစဉ်မှာ မျိုးဆက်သစ်တွေကို Photoshot နည်းပညာများ မျှဝေပေးဖို့ လေးစားစွာ ဖိတ်ကြားပါတယ်ခင်ဗျာ။
ကိုအာကာ
ဆိုက်တာဝန်ခံ
ထာဝရသူငယ်ချင်းများဆိုက်
http://forverfriends.ning.com/group/photoshot
Post a Comment