gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဟက်ကတ် လို အသားအရည် ချောမွေ့ချင်လား (Photo Retouching Tutorial)

ဟက်ကတ် လို အသားအရည် ချောမွေ့ချင်လား (Photo Retouching Tutorial)
အပေါ်ပုံနဲ့ အောက်က ဓာတ်ပုံ ၂-ခုကို သေချာ နှိုင်းယှဉ်ကြည့်ပါ… အဘောက် အသား အရေထက် ဟက်ကတ်ရဲ့ အသား အရည်က ပိုမို ချောမွေ့နေတာကို တွေ့ရပါလိမ့် မယ်… ဒီလို အသားအရည် ချောမွေ့နူးညံ့အောင် ပြင်တဲ့နည်းကို အဆင့်လိုက် တင်ပြပေးပါ့မယ်….

၁. ပြင်ချင်တဲ့ ဓာတ်ပုံဖိုင်ကို Photoshop နဲ့ ဖွင့်လိုက်ပါ… ဓာတ်ပုံ Layer ကို duplicate layer လုပ်လိုက်ပါဦး… Duplicate layer ဘယ်လို လုပ်ရသလဲ ဆိုတော့ မူရင်း layer ပေါ Right Click လုပ်ရင် Pop-up Menu ကျလာပါလိမ့်မယ်… အဲဒီထဲက Duplicate Layer ဆိုတာကို ရွေးလိုက်ရင် ရပါပြီ…

မူရင်း ဓာတ်ပုံ layer အမည်ကို Org လို့ပေးပြီး … ပွားထားတဲ့ layer ကို edit လို့အမည် ပေးလိုက်ပါ…

၂. Edit လို့ အမည်ပေးထားတဲ့ Layer ကို Properties box ထဲကနေ select လုပ်ထားပေးပါ…

၃. Filter -> Blur -> Gaussian Blur ကိုရွေးပါ… Gaussian Blur dialog ပေါ်လာပါလိမ့်မယ်… အဲဒီထဲက Radius ထဲမှာ 6 pixels လို့ ရိုက်ထည့်ပေးပါ… ပြီးရင် OK နှိပ်ပါ… Edit Layer မှာရှိတဲ့ ပုံဟာ မှုံဝါးဝါး ဖြစ်သွားပါလိမ့်မယ်…

၎. Edit Layer ကို select ပေးထားပြီး Layer Properties box အောက်ဆုံးမှာ ရှိတဲ့ Add Layer Mask ဆိုတာလေးကို နှိပ်လိုက်ပါ…

ပုံမှာ ပြထားတဲ့အတိုင်း edit layer ရဲ့ Thumbnail ပြထားတဲ့ ညာဘက်ကပ်လျှက်မှာ အဖြူရောင် ထောင့်မှန်စတုဂံကွက် တစ်ကွက် ဖြစ်လာပါလိမ့်မယ်…

၅. အဖြူရောင် ထောင့်မှန် စတုဂံကွက်ဟာ အနက်ရောင် ဖြစ်သွားအောင် Foreground အရောင် ကို အမဲရောင်ရွေးပြီး Paint Bucket Tool နဲ့ edit layer ပေါ် ဖြည့်လိုက်ပါ… ၀ါးတားတား ဖြစ်နေတဲ့ ဓာတ်ပုံပျောက်သွားပါလိမ့်မယ်…

၆. Tool Box က Brush Tool ကို ရွေးပေးပါဦး… Option bar (Menu bar အောက်ကပ်ရပ်မှာ ရှိတဲ့ bar) ထဲက Brush: လို့ရေးထားတဲ့ စုတ်တံ အရွယ်အစား ပြောင်းတဲ့ box ပေါ် ကလစ်လုပ်လိုက်ပါ…

- Master diameter ကို 30 ထားပေးပါ… (ကိုယ် အဆင်ပြေမယ့် အရွယ်အစား ထားလိုက်ပါ…)

- Hardness ကို 0 ပဲထားပေးပါ…

- Foreground colour ကို အဖြူရောင် ပြောင်းပေးပါ…

၇. Layer properties box ထဲက Edit layer -> Layer Mask box ပေါ် ကလစ်နှိပ်ပေးပါ…

၈. စုတ်တံလေးနဲ့ မျက်နှာပြင်ပေါ်က အသားအရေပေါ်လိုက်ခြယ်လိုက်ပါ… စုတ်တံနဲ့ ခြယ်သပြီးတဲ့ နေရာမှာ ရှိတဲ့ အသားအရေဟာ ချောမွေး နူးညံ့လာတာကို တွေ့ရပါလိမ့်မယ်… မျက်လုံး၊ မျက်ခုံမွှေး၊ ဆံပင်၊ ပါးစပ်လို နေရာမျိုးတော့ စုတ်တံနဲ့ မခြယ်သမိပါစေနဲ့…

Gaussian Blur လုပ်တဲ့အခါ ရွေးတဲ့ ပမာဏအနည်းအများပေါ် မူတည်ပြီး ချောမွေ့မှုတွေပါ ကွာခြားပါလိမ့်မယ်…

ဒီနည်းကို ပြောပြပေးတဲ့ ကိုသခင်ကြီး(http://tkg-photographicdiary.blogspot.com/)ကို ကျေးဇူးအထူးပဲ တင်ပါတယ်...

Comments

NLS said…
ကောင်းမွန် ထိရောက်လှ အကျိုးများလှကြောင်းပါ ဆရာမောင်လှခင်ဗျား။
လေယာမက်ခ် နဲ့ ပတ်သတ်ပြီး စိတ်ထဲမရှင်းတာလေး တစ်ခုကို သိလိုက်ရလို့ အလွန့်ကို ကျေးဇူးတင်ပါတယ်။
MgHla said…
ကျတော့်ကို ကျေးဇူးတင်ရမှာ မဟုတ်ပါ... ကိုသခင်ကြီး လို့ခေါ်တဲ့ ကိုJL ကို ကျေးဇူးတင်လိုက်ပါ....
မေ said…
ကိုမောင်လှရဲ့ Beauty Parlor မှာ အလှလာပြင်မယ်
madyjune said…
Thanks for the tip.

Ad