Skip to main content

Ludu Sein Win

ကြော်ငြာလုပ်ငန်း၊ ဒီဇိုင်းလုပ်ငန်း ဆိုတာ ပန်းချီပညာ၊ ကာတွန်းပညာတို့လို ပညာရပ် တစ်ခုပါ။ သီးခြားလေ့လာ ဆည်းပူးဖို့ လိုအပ်ပါတယ်။ ၀တ္ထု၊ ကဗျာ အရေောစးးကောင်းတိုင်း ကြော်ငြာစာသား အရေးကောင်း မဖြစ်ပါဘူး။ ပန်းချီ၊ ကာတွန်း ရေောစးးတတ်တာနဲ့လည်း ဒီဇိုင်းသမား မဖြစ်ပါဘူး။ အသေအချာ လေ့လာဆည်းပူးမှ ကျွမ်းကျင်တတ်မြောက်တဲ့ ဒီဇိုင်းသမား ဖြစ်နိုင်ပါတယ်။

အောင်မြင်တဲ့ ကြော်ငြာတစ်ခု၊ ဒီဇိုင်းတစ်ခု ဖန်တီးဖို့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေကလည်း အရေးကြီးပါတယ်။ စီးပွားရေးသမားဘက်က နေရာတကာ ၀င်ပြီး သြဇာပေးနေရင် ဘယ်တော့မှ ကြော်ငြာ ဒီဇိုင်းကောင်း ဖြစ်မလာနိုင်ပါဘူး။

...

ကြော်ငြာကောင်း၊ ဒီဇိုင်းကောင်း ဖြစ်မလာရင် နစ်နာရမှာက စီးပွားရေး လုပ်ငန်းရှင်သာ ဖြစ်တယ်ဆိုတာကို သဘောပေါက်ထားဖို့လိုပါတယ်။ မိမိကိုယ်တိုင် မလုပ်တတ်လို့၊ လုပ်တတ်တဲ့သူကို အပ်ပြီဆိုရင် သူ့ကို စိတ်တိုင်းကျ လုပ်ခွင့်ပေးရမယ်ဆိုတာကို စီးပွားရေး လုပ်ငန်းရှင်တိုင်း ခံယူထားသင့်ကြပါတယ်။ စိတ်မချရင်လည်း အစကတည်းက မအပ်နဲ့ပေါ့။

ကြော်ငြာသမား၊ ဒီဇိုင်းသမားဘက်ကလည်း ကိုယ့်အလုပ်ကို ပြောင်ပြောင်မြောက် မြောက်ဖြစ်အောင် လေးလေးစားစား လုပ်ရပါမယ်။ ကိုယ်က အကောင်းဆုံးဖြစ်အောင် လုပ်ထားတဲ့ အလုပ်တစ်ခုကို လုပ်ငန်းရှင်က သဘောမပေါက်လို့ ဟိုဟာ ပြင်ပါ၊ ဒီဟာဖြည့်ပါနဲ့ ပြောလာခဲ့ရင် ယဉ်ယဉ်ကျေးကျေးနဲ့ (ဒါမေမယ့် ပြတ်ပြတ်သားသားနဲ့) ကိုယ့်အယူအဆကို ရှင်းပြသင့်ပါတယ်။

ရှင်းပြလို့လည်း နားမပေါက်ဘဲ သူလိုချင်တာကို ဇွတ်ပြောနေရင်တော့ ယဉ်ယဉ်ကျေးကျေးနဲ့ တခြားမှာ သွားအပ်ပါတော့လို့ ပြောလိုက်ဖို့သာ ရှိပါတော့တယ်။ ပိုက်ဆံမျက်နှာကို ကြည့်ပြီး ခိုင်းတဲ့ အတိုင်း လိုက်လုပ်ပေးနေ လို့ကတော့ ငွေရှင်ကြေးရှင်တွေက ပညာရှင်ကို ဘယ်တော့မှ တလေးတစား သဘောထားမှာ မဟုတ်ပါဘူး။

"ကိုယ့်ကိုယ်ကို တန်ဖိုးထားမှ သူတစ်ပါးက ကိုယ့်ကို တန်ဖိုးထားမယ်" ဆိုတဲ့ ဆိုရိုးစကားလေးကို ပညာရှင်တိုင်း မမေ့မလျော့ နှလုံးသွင်းနေကြဖို့ အရေောစးးကြီးလှပါတယ်။

ဆရာ လူထုစိန်ဝင်း ၏ စီးပွားရေးလုပ်ငန်းများနှင့် ကြော်ငြာအတတ်ပညာ စာအုပ် စာမျက်နှာ ၆၁ ၊ ၆၂ မှ ပြန်လည် ကူးယူ ဖော်ပြသည်...

Comments

NLS said…
ကောင်းလိုက်တဲ့ ဆရာစိန်ဝင်း စကားလေးပါလား အကိုရာ..
ဒါပေမယ့် သူ့စာကို အဲဒီလူတွေ ဖတ်မှ ဖတ်ကြပါရဲ့လားဗျာ။ ကျွန်တော်ကတော့ ဖတ်ပြီး မှန်လိုက်လေ ဆရာရယ်လို့သာ ပြောနေမိတော့တယ်။

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...