Skip to main content
ဒီနေ့ မြန်မာတိုင်းမ်ကို ၀င်ကြည့်တော့ အောက်က ပြထားသလိုပဲဗျာ... ဘယ်တုန်းက ၂.၅ကျပ် ကနေ ၂၅ကျပ် ဖြစ်သွားလဲမသိ... သြော်.. မီတာခ တက်ထားတာ သတင်းစာ ရှင်းလင်းပွဲ မတိုင်ခင် ကတည်းကကိုး...

မီတာခများနှင့် ဓာတ်ဆီ ဈေးနှုန်း တက်ရန် မရှိသေး
နွယ်နွယ်အေးနှင့် သက်ခိုင်

ဧပြီလ ၉ ရက်နေ့က ကျင်းပသည့် သတင်းစာ ရှုင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားနေစဉ်။ ဓာတ်ပုံ-လွင်မောင်မောင်
ဓာတ်ဆီနှင့် ဒီဇယ်များကို တစ်ဂါလန်လျှင် ကျပ် ၁ç၅၀၀ မှ ကျပ် ၂ç၅၀၀ အထိသို့ လည်းကောင်း၊ လျှပ်စစ် တစ်ယူနစ်လျှင် ၂၅ ကျပ်မှ ၇၅ ကျပ်သို့ လည်းကောင်း တိုးမြှင့် ကောက်ခံ တော့မည် ဆိုသည့် သတင်းများသည် ကောလာဟလသာ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မ·းချုပ် ကျော်ဆန်းက္ဘပြီလ ၉ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပသည့်သတင်းစာ ရှင်းလင်း ပွဲသို့တက်ရောက်လာသည့် သတင်းစာဆရာများအား ပြောကြား သည်။

လွန်ခဲ့သည့်လက ကုန်သွယ်ခွန်နှင့် ၀င်ငွေခွန်များ ပြင်ဆင်သည့် ဥပဒေများထွက်ပေါ်ပြီးနောက် မြန်မာနိုင်ငံရှိ ကုန်သည်အချို့က နိုင်ငံတော်မှ ၀န်ထမ်း တစ်သန်းကိုလစာပေးရန် ယင်းတို့အား အခွန်များတိုးမြှင့်ကောက်ခံမည့်အစား လောင်စာ ဆီ ဈေးနှုန်း များကို ကျပ် ၁ç၅၀၀ မှ ကျပ် ၃ç၀၀၀ သို့လည်းကောင်း၊ လျှပ်စစ်မီတာခများကို ကျပ် ၂၅ မှ ကျပ် ၁၀၀ သို့ လည်းကောင်း တိုးမြှင့် ကောက်ခံသွားရန် အကြံပြုချက်နှင့် ပတ်သက်၍ မေးမြန်းရာ အခွန်အကောက်များနှင့်ပတ်သက်၍ ထုတ်ပြန် ထားသည့် ဥပဒေများအတိုင်းဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် ယင်းသို့ တိုးမြှင့် ကောက်ခံသွားရန် မရှိသေးပါကြောင်း ၀န်ကြီးက ထပ်မံအတည်ပြု ပြောကြားသည်။
source: http://www.myanmar.mmtimes.com/2005/news/257/n003.htm

Comments

NLS said…
ကိုမောင်လှ

ပျောက်လှချည်လားဗျာ။ နေမှကောင်းရဲ့လား။ သမီးလေးနဲ့ အလုပ်ရှုပ်နေ ထင်ပါရဲ့။

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...