Skip to main content

Mandalay News - သို့မဟုတ် အတင်း (သို့) စိတ်ထွက်ပေါက်

ဟိုနေ့က စိနတိုင်းပြည်ကလာတဲ့ မီးစက်မှာ ထည့်မောင်းရတဲ့ ၂-တီ လေးသွားဝယ်ပါတယ်... လွန်ခဲ့တဲ့ လက၀ယ်တာ ၀.၅ လီတာ တစ်ဘူးကို ၁၀၀၀-ကျပ် ... ခု ၁၅၀၀-ကျပ်တဲ့... ဘယ်လို လုပ်ကြမလဲ... လျှပ်စစ်မီးက ပျက်လိုက်တာလဲ မပြောပါနဲ့တော့... ၆-နာရီ လာရမယ့်နေဆို အလွန်ဆုံးလာမှ ၃-နာရီခွဲလောက်ပဲ... ၁၂-နာရီလာရမယ့်ရက်ဆို ပျက်လိုက် လာလိုက်နဲ့ ကျတော် ထင်တယ် အလွန်ဆုံးမှ ၇-နာရီလောက်ပဲ မီးလာတယ်ထင်တယ်...
အင်ဗာတာနဲ့ အလုပ်မဖြစ်တော့လို့ လေအား လျှပ်စစ်ထုတ်စက် (သို့) ဆိုလာစက် ဈေးပေါရင် ၀ယ်တတ်မလား စဉ်းစားနေတယ်... လေအားလျှပ်စစ်ထုတ်စက် ကြော်ငြာတာတော့ တွေ့မိပါရဲ့.. သုံးတာတော့ သိပ်မတွေ့ဘူး... ဆိုလာစက်ကတော့ တွေ့ကို မတွေ့တာ ဘာဖြစ်လို့လဲမသိ... ဈေးကြီးကြလို့လားမသိ...
အဲ .. ရေလည်း လာလာဆိုတော့... မနက် ၉-နာရီ - ၁၀-နာရီ ၀န်းကျင်ဆိုလာတတ်တယ်ဗျ... ကြွက်သေးပေါက်သလောက် ပေါ့ဗျာ... အိမ်ကတော့ ရေလာမှာကို မပူဘူး... မီးမလာမှာကိုဘဲ ပူတယ်... ဘာဖြစ်လို့လဲ ဆိုတော့ အိမ်မှာ အ၀ီစိတွင်းရှိတယ်လေ... ညနေ မီးလာတဲ့ ရက် ရေတင်ပြီဆို အိမ်မှာ ရေလာခပ်ကြတာကို မြင်စေချင်တယ်ဗျာ... တစ်ပြမှာ ရှိတစ်မျှ အိမ်အကုန်နီးပါး လာခပ်ကြတယ်... ရေစက်ကို ၂-နာရီလောက် မောင်းရတယ်... တခါတလေ ရေကို ရောင်းစားချင်စိတ်တောင် ပေါက်သား... ရေအကျိုး ၁၀-ပါးဆိုပြီး ခုချိန်ထိ အလကားပေးနေတယ်ဗျ...

Comments

NLS said…
ကိုမောင်လှရေ

ကုလားပြည်မှာ ဒီဇယ် ၊ ဓါတ်ဆီ မီးစက်၊ ဆိုင်ကယ်၊ ကား စတာတွေနဲ့ တွဲသုံးတဲ့ ဂက်စ် ထည့်ရတဲ့ စက်လေး တစ်မျိုး ရှိတယ်။ အကုန်အကျ အရမ်းသက်သာတယ်။ ဒီက ဆိုင်ကယ်တွေဆို အဲဒါတပ်ထားကြတယ်။ မီးစက်တွေမှာလည်း တပ်ကြတယ်။ ဒီအချိန် အဲဒါသာ မြန်မာပြည်သွင်းလို့ကတော့ မောင်ညီလင်း သူဌေးဖြစ်မယ်နဲ့ တူတယ်နော်။
MgHla said…
ဒီမှာလဲ ဆိုင်ကယ်နဲ့ ကား ဆီစားသက်သာတဲ့ ပစ္စည်းလေး တစ်ခုရှိတယ်ဗျ... ဈေးကြီးလို့လားတော့မသိဘူး ၀ယ်သုံးကြတယ်လို့ မကြားဖူးဘူး...

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...