Skip to main content

SMS to Myanmar GSM

Written by MgHla & Zeng
Saturday, 12 November 2005

Xchat to SMS


မြန်မာနိုင်ငံက gsm ဖုန်းတွေဆီကို sms ပို့ချင်တယ်ဆိုရင် www.yangoncity.com.mm ကနေ ပို့လို့ရပါတယ်။ ဒါပေမယ့် ၄င်း website မှာ member ၀င်ထားသူများသာလျှင် ပို့လို့ရပါတယ်။ လတ်တလော ၄င်း website မှာ register လုပ်လို့မရဘူးဆိုရင်တော့
http://utility.mcc.com.mm မှာ register လုပ်နိုင်ပါတယ်။ ယခုအချိန်အထိတော့ အသင်းဝင် ထားရင် တစ်နေ့ကို sms ငါးစောင် အခမဲ့ ပို့လို့ ရပါတယ်။
account ရှိပြီးသားဆိုရင်တော့
http://www.yangoncity.com.mm ကိုဝင်ပြီး XChat to SMS ဆိုတဲ့ ပုံကို နှိပ်ပါ။ ဒါဆိုရင် XChat New windows ပေါ်လာပြီး login လုပ်ခိုင်းလိမ့်မယ်။ username & password type ပြီး login လုပ်ပြီးတဲ့အခါ nickname တစ်ခုနဲ့ chatroom ထဲကို ၀င်ခိုင်းလိမ့်မယ်။ chatroom ထဲရောက်ပြီဆိုရင်တော့ အောက်နားက စာရိုက်တဲ့နေရာနားမှာ mobile SMS (beta version) ဆိုတဲ့ link ကိုနှိပ်လိုက်ရင် ဖုန်းနံပါတ်ရိုက်တဲ့ဖို့ box လေးပေါ်လာလိမ့်မယ်။ ဖုန်းနံပါတ်ရိုက်ထည့်ပြီး login လုပ်လိုက်ရင် ရပြီ။ ပြောချင်တဲ့စာကိုသာ ရိုက်ထည့်ပြီးပြောပေတော့။ ကိုယ့်ဆီကိုပြန်ဝင်လာတဲ့ message တွေကိုကြည့်မယ်ဆိုရင်တော့ chat room ဘေး userlist ထဲက ကိုယ့် nickname ဘေးမှာ View SMS ဆိုတာကို နှိပ်လိုက်ရင် ကိုယ်ပို့ထားတာတွေရယ်၊ကိုယ့်ဆီ ပြန်ဝင်လာတဲ့ဟာတွေရယ် တွေ့ရလိမ့်မယ်။ တစ်ရက်ကို ငါးစောင်ပြည့်သွားရင် ထပ်ပို့လို့မရတော့တာမို့ ချွေချွေတာတာလေး အသုံးပြုပေါ့ခင်ဗျာ။ ပြည်တွင်းကော၊ ပြည်ပကပါ အဆိုပါ website ကို ၀င်ပြီး SMS ပို့နိုင်ပါတယ်။
via http://www.NativeMyanmar.com

This post requires to view
ZawGyi-One Myanmar Unicode Font.

Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

RustDesk remote desktop software

RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti...