ဇော်ဂ္လီ င်္ိမန်မာ ယူနီကုတ်ဖောင့်ရဋ္ဋိမဋ္ဋ အောက်ဖော်င်္ိပပြ post ရဋ္ဋိ စာမ္လားကို အဆင်ငေ်္ိပငေ်္ိပ ဖတ်ရ႙ြိုင်ပလြိမ့်မယ်
ဂျီတော့လ်ခ်နဲ့ မြန်မာလိုရေးနိုင်ပါပြီ။ ဒီတစ်ခါတော့ တကယ်ပြောတာပါ။ အမှန်ကတော့ ဧရီယယ်ဖောင့်ကို ဟက်လုပ်လိုက်တာပါ။ မိုက်ကရိုဆော့ဖ်က သူ့ ဧရီယယ်ဖောင့်ထဲမှာ တစ်ကမ္ဘာလုံးက ဘာသာစကားတွေ ထည့်ထားပြီး မြန်မာစာကိုမှသာ မထည့်ပေးသေးတော့ ကျွန်တော်တို့မှာ ဒီလို နည်းလမ်းတွေနဲ့ ဖောက်ထွင်းသုံးနေရပါတယ်။ ဒီဖောင့်ဟက်ကို ထည့်သုံးမယ်ဆိုရင် သတိပေးချင်ပါတယ်။ ဧရီယယ်ဖောင့်ဆိုတာ system ဖောင့်တစ်ခုပါ။ သိပ်အရေးပါပါတယ်။ ၀င်းဒိုးစ်၊ ၀က်ဘ်စာမျက်နှာတွေ အတော်များများမှာ သုံးထားပါတယ်။ အခု ဧရီယယ်+ဇော်ဂျီဖောင့်ကို ထည့်လိုက်ရင် (၁) စာကြောင်းတွေ အနည်းငယ် ကြဲသွားပါမယ်။ (၂) စာလုံးအကွာအဝေး ကတော့ သိပ်မသိသာပါဘူး။ (၃) တစ်ခြားမတွေ့ရသေးတဲ့ ပြဿနာ ပေါင်းစုံနဲ့ တွေ့ကြုံနိုင်တယ် ဆိုတာကို ကြိုတင် သတိပေးပါတယ်။ ဒါကိုမှ လုပ်ချင်သေးသပဆိုရင်တော့ အောက်ပါအဆင့်များအတိုင်းလုပ်သွားပါ။ ၁။ လက်ရှိ ဧရိယယ်ဖောင့် (Arial.ttf) ကို C:\Windows\Fonts folder ထဲက ကူးယူပြီး အရံသိမ်းထားပါ။ ၂။ (မလုပ်ဖြစ်မှာစိုးလို့) - လက်ရှိ ဧရိယယ်ဖောင့် (Arial.ttf) ကို C:\Windows\Fonts folder ထဲက ကူးယူပြီး တစ်နေရာမှာ အရံသိမ်းထားပါ။ ၃။ ဧရီယယ်ဖောင့်ကို သုံးနေတဲ့ ၀က်ဘ် browser တွေ၊ တစ်ခြား ပရိုဂရမ်တွေ၊ ဂျီတော့လ်ခ် စတာတွေကို ပိတ်လိုက်ပါ။ သင့်ရဲ့ Desktop ကပါသုံးနေတယ်ဆိုရင် အဲဒါတွေကိုလည်း ပြောင်းဖို့လိုမယ်။ ၄။ C:\Windows\Fonts folder ထဲက (Arial.ttf) ကို ကူးယူပြီးဆိုရင် (Arial.ttf) ကို delete လုပ်ပါ။ delete လုပ်လို့ မရရင် ဖွင့်ထားတဲ့ ပရိုဂရမ်တစ်ခုခုက ဧရီယယ်ကို သုံးနေပါသေးတယ်။ စက်ကိုပိတ်ဖွင့်လုပ်ပါ။ ၅။ ဒီနေရာကနေ ဧရီယယ်+ဇော်ဂျီကို ရယူပါ။ ကီးဘုတ်ဖိုင်တွေလည်း မရသေးဘူးဆိုရင် ယူပါ။ ဖောင့် - (http://www.planet.com.mm/fonts/arizawgyi.zip) ကီးဘုတ် - (http://www.planet.com.mm/fonts/zawgyi_keyborad_layout.zip) ၆။ ရရှိလာတဲ့ ဇစ်ဖိုင်ကို ဖြေချပြီး ထွက်လာတဲ့ ဧရီယယ်+ဇော်ဂျီဖောင့်ဖိုင် (ttf extension) ကို C:\Windows\Fonts folder ထဲ ကူးထည့်ပါ။ အားလုံးအဆင်ပြေတယ်ဆိုရင် သင့်ရဲ့ ၀င်းဒိုးစ်ရဲ့ ဧရီယယ်ဖောင့်ဟာ ပြောင်းသွားပါပြီ။ မြန်မာကီးဘုတ်ကိုလည်း သွင်းလို့ရတယ်ဆိုရင် ဂျီတော့လ်ခ်ကိုသာ ဖွင့်ပြီး အင်္ဂလိပ်လိုရော မြန်မာလိုပါ ရေးပါတော့။ တစ်ဖက်သားကလဲ ဒီဖောင့်ကို ရှိထားရပါမယ်။ မရှိရင်တော့ လေးထောင့်ကွက်။ ကီးဘုတ်တွေ မသွင်းတတ်ဘူး၊ မပြောင်းတတ်ဘူးဆိုရင် နောက်လုပ်နိုင်တာတစ်ခုက ဖိုရမ် စာရေးတဲ့ ဖောင်စာမျက်နှာကို ဖွင့်ထားပြီး အဲဒီထဲမှာ မြန်မာလို ရိုက်ထည့်၊ အဲဒီစာတွေကို ကော်ပီကူးပြီး ဂျီတော့လ်ခ်ထဲ ကူးထည့်လို့ ရပါတယ်။ ပိုတော့ အလုပ်ရှုပ်သလိုရှိတယ်။ ဒါပေမဲ့ ချစ်ရသူ/လိုက်ရသူက စောင့်နေရင်တော့ ဘာတတ်နိုင်မှာလဲ။ လုပ်ပေးရမှာပေါ့။
ကျေးဇူး
Planet Admin
source:http://www.planet.com.mm/forums/topic.cfm?forum_id=78&Topic_Id=21643
Comments